သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, April 19, 2013

ဆူးလေ ခုံးကျော် တံတားနှင့် လမ်းဖြတ် ကူးသူများ


ဆူးလေ ခုံးကျော် တံတားနှင့် လမ်းဖြတ် ကူးသူများ
ရန်ကုန် မြို့တော်တွင် အများ ပြည်သူများ သွားလာမှု ပိုမိုတိုးတက် ကောင်းမွန်ရေး ဆောင်ရွက်ရန် အတွက် နိုင်ငံတော်က ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အား ဖွဲ့စည်း ပေးခဲ့ပြီး ဖြစ်သည်။ လုပ်ငန်း ပထမ အဆင့် အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး အတွက် အသိပညာ ပေးခြင်း၊ အရေး ယူခြင်းများ ဆောင်ရွက် သွားကြ ရန် ဇန်နဝါရီ ၂၁ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသော ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မှာကြားခဲ့သည်။

ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ အနေဖြင့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အဆင်ပြေ ချောမွေ့စေရေး အတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ဤတွင် လမ်းဖြတ် ကူးသူများ အဆင်ပြေ ချောမွေ့စေရေး ကိစ္စတစ်ခုကို တင်ပြလိုသည်။ အနော်ရထာလမ်းနှင့် ဆူးလေ ဘုရားလမ်းဆုံ မီးပွိုင့် နေရာသည် မြို့တော်၏ အချက်အချာ နေရာတစ်ခု ဖြစ်ပြီး အရှေ့အနောက်၊ တောင်မြောက်မှ လမ်းဖြတ် ကူးသူ အများဆုံး နေရာဖြစ်သည်။ ထို့ကြောင့် လမ်းဖြတ် ကူးသူများ ဘေး အန္တရာယ် ကင်းရှင်း စေရေး အတွက် အနော်ရထာ လမ်း၏ မြောက်ဘက် အခြမ်းတွင် ဆူးလေ ဘုရားလမ်း ကိုဖြတ်၍ လူကူးခုံးကျော် တံတား တစ်ခုအား နိုင်ငံတော်မှ အကုန် အကျခံ၍ တည်ဆောက် ပေးခဲ့သည်။ သို့သော်လည်း သတ်မှတ် နေရာမှ လမ်းဖြတ်ကူးခြင်း မရှိ၍ ဖမ်းဆီး အရေးယူ ရာတွင် ထိုနေရာသည် ပြစ်မှု ကျူးလွန်သူ အများဆုံး ဖြစ်နေကြောင်း တွေ့ရှိရသည်။ လူကူးခုံးကျော် တံတားကြီး ရှိလျက်နှင့် အဘယ့်ကြောင့် အသုံးမပြုကြသည်ကို စာရေးသူလေ့လာမိသည်။ အနော်ရထာလမ်းမကြီး တောင်ဘက် အခြမ်း စင်္ကြံပေါ်မှ အရှေ့အနောက် သွားသူများကို လေ့လာကြည့်ရာ ဆူးလေ လမ်းမကြီးကို ဖြတ်ရန် အတွက် သူတို့သည် ပထမ အနော်ရထာ လမ်းမကြီးကို မီးပွိုင့် နေရာမှ ဖြတ်၍ လမ်းမြောက်ဘက် အခြမ်းသို့ ကူးရပေသည်။ ပြီးလျှင် ခုံးကျော် တံတားပေါ် တက်၍ ဆူးလေဘုရား လမ်းမကြီးကို ဖြတ်ကူး ရပေသည်။  ခုံးကျော် တံတားအောက်ကို ရောက်လျှင် တစ်ဖန် အနော်ရထာ လမ်းမကြီးကို မြောက်ဘက် အခြမ်းမှ တောင်ဘက် အခြမ်းသို့ ပြန်ကူး ရပေသည်။ ထို့ကြောင့် မူလအတိုင်း ဆူးလေ ဘုရားလမ်း ယာဉ်ကြော မီးပွိုင့် နီနေချိန်တွင် ကတ္တရာ လမ်းပေါ်မှ ဖြတ်သန်း သွားလာသည်နှင့် နှိုင်းစာလျှင် ပို၍ အချိန်ကုန် လူပမ်း ဖြစ်နေ သည်ကို တွေ့ရသည်။ ထို့အပြင် မွန်းလွဲ ၂ နာရီ နောက်ပိုင်းတွင် အနော်ရထာ လမ်းမကြီး၏ တောင်ဘက် အခြမ်းသည် အရိပ်ရသဖြင့် စင်္ကြံ အသုံးပြု လမ်းလျှောက်သူ အားလုံး နီးပါးသည် နေရိပ်ခိုပြီး တောင်ဘက် ခြမ်း စင်္ကြံကိုသာ အသုံးပြု ကြသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် အနော်ရထာလမ်း တောင်ဘက်ခြမ်း စင်္ကြံမှ လမ်းလျှောက်သ အားလုံး ဆူးလေဘုရား လမ်းကို ဖြတ်လိုပါက အနော်ရထာ လမ်းမကြီး မြောက်ဘက် အခြမ်းကို ကူး၊ ခုံးကျော် တံတားပေါ် တက်/ဆင်းပြီး အနော်ရထာ လမ်းကို ပြန်ကူးပြီးမှ လိုရာ ဆက်သွား ရသည်ကို စာဖတ်သူ တွေးကြည့်နိုင်သည်။ အကယ်၍ ထိုလမ်းဖြတ်ကူး သူများတွင် မသန်စွမ်း သူများ(ချိုင်းထောက် အသုံးပြုသူများ) ပါဝင်နေပါက မည်မျှ အဆင် မပြေမည်ကို တွေးဆ ကြည့်နိုင်ပါသည်။ ၎င်းအပြင် ခုံးတံတား အဆင်းတွင် ရှိသည့် အနော်ရထာ လမ်းမှ ဆူးလေ လမ်းမဘက်သို့ ညာချိုး ဝင်ရသည့် Free Way တွင်လည်း မည်သည့် ယာဉ်ကမှ လမ်းကူး သူများကို ဦးစားပေး၍ ရပ်တန့် ပေးသည်ကို မတွေ့ ရှိရပေ။ ထို့ကြောင့် အနော်ရထာ လမ်းရှိ ထိုမီးပွိုင့်တွင် မလိုအပ်ဘဲ အနော်ရထာ လမ်းမကြီးအား တောင်၊ မြောက် နှစ်ကြိမ် ကူးနေရသည်ကို လျှော့ချရန် အတွက် ဆူးလေ ဘုရားလမ်း ယာဉ်ကြော မီးနီပြနေ ချိန်တွင် လမ်းဖြတ်ကူးခွင့် ပြုသင့်ပါသည်။ အဆိုပါ မီးပွိုင့်တွင် တာဝန်ကျသည့် ဝန်ထမ်းအနေဖြင့် ဆူးလေ ဘုရားလမ်း အား ကတ္တရာ လမ်းပေါ်မှ လမ်းဖြတ် ကူးသူများကို တားဆီး နေရသည့် တာဝန်အစား လမ်းဖြတ် ကူးသူများ စနစ်တကျ ဖြစ်စေရေး အတွက် ကူညီဆောင်ရွက် ပေးပါက ပို၍ သင့်လျော်မည်ဟု ထင်မြင်မိပါသည်။ သို့ပါ၍ အနော်ရထာ လမ်းနှင့် ဆူးလေဘုရား လမ်း မီးပွိုင့်တွင် လူကူးခုံးကျော် တံတား မရှိသည့် တောင်ဘက် အခြမ်း၌ လမ်းဖြတ်ကူး သူများ ပိုမို အဆင်ပြေစေ ရေးအတွက်  လူကူးခုံးကျော် တံတား အသစ်တစ်စင်း ဆောက်လုပ်ခြင်း မပြုလုပ် နိုင်မီ ကာလအတွင်း ဆူးလေဘုရား လမ်းအား ကတ္တရာ လမ်းပေါ်မှ ဖြတ်ကူးခွင့် ပြုသင့်၊ မပြုသင့်ကို ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့နှင့်   တာဝန်ရှိ သူများမှ ပြန်လည် စဉ်းစား သင့်ပါကြောင်း အကြံပြု တင်ပြ အပ်ပါသည်။        
Sign Up to see what your friends like.

D မိုးသား

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D