သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, April 14, 2013

လက်ထပ်ရန် (၅)ရက်သာလိုတော့တဲ့ သတို့ သားလောင်း ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံရအပြီး ပြန်အလာ သေဆုံးသွားခဲ့

Photo: လက်ထပ်ရန် (၅)ရက်သာလိုတော့တဲ့ သတို 
့သားလောင်း ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံရအပြီး ပြန်အလာ သေဆုံးသွားခဲ့

မန္တလေး ၊ ဧပြီ-၂


    သီရိမန္တလာရဲကင်းမှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတစ်ဦးက   ဆိုင်ကယ်တက္ကစီ 
ပြေးဆွဲသူတစ်ဦးကို လုယက်မှုနဲ့သံသယ ရှိသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးခဲံ့အပြီး 
အဲဒီတက္ကစီသမား   သေဆုံးသွားခဲ့ပါတယ်။ 
    
     သေဆုံးသွားတာကတော့ ရဲကင်းထဲမှာ မဟုတ်ပေမယ့် စစ်ဆေးခံရပြီး ပြန်အလာ 
မသက်သာတဲ့အတွက် ဆေးရုံကို ကုသဖို့အသွား လမ်းမှာ  သေဆုံးသွားခဲ့ပါတယ်။ 

  သီရိမန္တလာ ရဲကင်းဟာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့ နယ်၊ 
သီရိမန္တလာ ကားဝင်းမှာ တည်ရှိပြီး အမှတ်(၅)ရဲစခန်းပိုင် နယ်မြေဖြစ်ပါတယ်။ 
       
     ဖမ်းဆီးစစ်ဆေးခံ၇တဲ့ ဆိုင်ကယ်တက္ကစီသမားဟာ (၃၁-၃-၂၀၁၃) နေ့ ည 
သန်းခေါင်ယံ အချိန်မှာ အကျီ င်္အစိမ်းရောင်နဲ့ ခရီးသွားတစ်ဦးကို 
ပို့ဆောင်ပေးခဲ့ပါတယ်။ ခရီးသွားက ပိုက်ဆံလုယက်တယ်ဆိုပြီး ရဲကင်းမှာ 
လာတိုင်တဲ့အတွက် တက္ကစီသမားကို ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။ 


         ဖမ်းဆီးတဲ့အခါမှာ ထိုးကြိတ်မှုတွေကြောင့်  အဲဒီဆိုင်ကယ် 
တက္ကစီသမားဟာပါးစပ်နှာခေါင်းများမှ  သွေးများထွက်နေပြီး လက်ထိပ်ခတ်ကာ 
ခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။

           
           သေဆုံးသွားသူ ကိုပြည့်စုံအောင်ဟာ အသက် (၂၃)နှစ် အရွယ်ရှိပြီး 
ငါးရက်အကြာမှာ လက်ထပ်တော့မယ့် သတို့သားလောင်းလည်း ဖြစ်ပါတယ်။

        သေဆုံးသူရဲ့ မိသားစုဝင်တွေကတော့ အမှုပြန်ဖွင့်ပြီး 
အမှန်တရားပေါ်ပေါက်စေချင်တယ်လို့ ပြောပါတယ်။ 

 သေဆုံးသူရဲ ဇနီးလောင်း(အသက် ၁၇ နှစ်)ဟာ  ”လုပ်တဲ့သူကို 
ထောင်ပြန်ချချင်တယ်၊ အမှုဖွင့်မယ်”လို့ ပြောပါတယ်။

           သေဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းကို 
မေးမြန်းပေမယ့် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စစ်ဆေးနေတယ်လို့ ဖြေကြားခဲ့ပါတယ်။

(ပုံမှာ - သေဆုံးသူကိုပြည့်စုံအောင် ရဲ့ ဇနီး ဖြစ်ပါတယ်။) 
သီရိမန္တလာရဲကင်းမှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတစ်ဦးက ဆိုင်ကယ်တက္ကစီ ပြေးဆွဲသူတစ်ဦးကို လုယက်မှုနဲ့သံသယ ရှိသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးခဲံ့အပြီး အဲဒီတက္ကစီသမား သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတာကတော့ ရဲကင်းထဲမှာ မဟုတ်ပေမယ့် စစ်ဆေးခံရပြီး ပြန်အလာ မသက်သာတဲ့အတွက် ဆေးရုံကို ကုသဖို့အသွား လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။


သီရိမန္တလာ ရဲကင်းဟာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့ နယ်၊ သီရိမန္တလာ ကားဝင်းမှာ တည်ရှိပြီး အမှတ်(၅)ရဲစခန်းပိုင် နယ်မြေဖြစ်ပါတယ်။

ဖမ်းဆီးစစ်ဆေးခံ၇တဲ့ ဆိုင်ကယ်တက္ကစီသမားဟာ (၃၁-၃-၂၀၁၃) နေ့ ည သန်းခေါင်ယံ အချိန်မှာ အကျီ င်္အစိမ်းရောင်နဲ့ ခရီးသွားတစ်ဦးကို ပို့ဆောင်ပေးခဲ့ပါတယ်။ ခရီးသွားက ပိုက်ဆံလုယက်တယ်ဆိုပြီး ရဲကင်းမှာ လာတိုင်တဲ့အတွက် တက္ကစီသမားကို ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။


ဖမ်းဆီးတဲ့အခါမှာ ထိုးကြိတ်မှုတွေကြောင့် အဲဒီဆိုင်ကယ် တက္ကစီသမားဟာပါးစပ်နှာခေါင်းများမှ သွေးများထွက်နေပြီး လက်ထိပ်ခတ်ကာ ခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။


သေဆုံးသွားသူ ကိုပြည့်စုံအောင်ဟာ အသက် (၂၃)နှစ် အရွယ်ရှိပြီး ငါးရက်အကြာမှာ လက်ထပ်တော့မယ့် သတို့သားလောင်းလည်း ဖြစ်ပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တွေကတော့ အမှုပြန်ဖွင့်ပြီး အမှန်တရားပေါ်ပေါက်စေချင်တယ်လို့ ပြောပါတယ်။

သေဆုံးသူရဲ ဇနီးလောင်း(အသက် ၁၇ နှစ်)ဟာ ”လုပ်တဲ့သူကို ထောင်ပြန်ချချင်တယ်၊ အမှုဖွင့်မယ်”လို့ ပြောပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းကို မေးမြန်းပေမယ့် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စစ်ဆေးနေတယ်လို့ ဖြေကြားခဲ့ပါတယ်။အမှတ် (၅) ရဲစခန်းမှ စစ်ဆေးခံရအပြီး ပြန်အလာ သေဆုံးသွားတဲ့ ကိုပြည့်စုံအောင်ရဲ့ ဈာပနကို ဒီနေ့ မွန်းလွဲ တစ်နာရီခွဲမှာ မန္တလေးပြည်သူ့ဆေးရုံကြီး ကနေ ကြာနီကန် သုသာန်သို့ ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

(ပုံမှာ သေဆုံးသွားသူ ကိုပြည့်စုံအောင်ရဲ့ ဇနီးလောင်းဖြစ်ပါတယ်။)





Photo: ရဲစခန်းမှ စစ်ဆေးခံရအပြီး ပြန်အလာ 
သေဆုံးသွားသူ၏ ဈာပန

မန္တလေး၊ ဧပြီ-၂

       အမှတ် (၅) ရဲစခန်းမှ စစ်ဆေးခံရအပြီး ပြန်အလာ သေဆုံးသွားတဲ့ 
ကိုပြည့်စုံအောင်ရဲ့ ဈာပနကို ဒီနေ့ မွန်းလွဲ တစ်နာရီခွဲမှာ 
မန္တလေးပြည်သူ့ဆေးရုံကြီး ကနေ ကြာနီကန် သုသာန်သို့ ပို့ဆောင်နေပြီ 
ဖြစ်ပါတယ်။ 
     
    (ပုံမှာ-သေဆုံးသူ၏ မိခင် ဖြစ်ပါတယ်။ ) 

from-မန္တလေးခေတ်
D မိုးသားမှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D