သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, April 17, 2013

မုဒိမ်းကျင့် လူသတ် မီးကွင်းပစ် မီးရှို့ နေတဲ့လူတွေကို ရှင်တို့ လဲ မတတ်နိုင်ပါဘူးလို့  ဒေါ်စုပြောလိုက်ပြီ

 
=====================================
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ကို ရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ကြီးသတင်းစာတစောင်ဖြစ်တဲ့ (The Hindu) နေ့ စဉ်ထုတ်သတင်းစာက တွေ့ ဆုံမေးမြန်းခန်း အင်တာဗျူးပြုလုပ်ခဲ့တယ် ။ အဲဒီတွေ့ ဆုံမေးမြန်းခန်းမှာ သတင်းစာက ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  ဖြစ်စဉ်တွေနဲ့  ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးတွေနဲ့  မွတ်ဆလင်ကုလား လူမျိုးတွေရဲ့  ပဋိပက္ခဖြစ်ပျက်နေတာကို မေးမြန်းခဲ့ပါတယ်- သတင်းစာက သုံးနုံးတဲ့  မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးကို ဒေါ်အောင်ဆန်းစုကြည်က နာမည်ထုတ်ပြီး အင်တာဗျူး ဖြေကြားတာ မရှိတာကို တွေ့ ရပါတယ် ။

သတင်းစာက ဒီဖြစ်ရပ်တွေနဲ့  ပတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်ကို စိုးရိမ်ကြောင့်ကြမှုတွေ မရှိဘူးလား ၊ ဒေါ်စုက ဘာကြောင့်များ မပြောမဆိုတာလဲ ဆိုပြီး မေးခွန်းတွေထုတ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ကြောင့်ကြတယ်ဆိုတဲ့ အကြောင်း ပြောပြပါတယ်- ပြီးတော့ ဒေါ်စုအနေနဲ့ ၎င်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ၊ ၄င်း ထာဝစဉ် တရားဥပဒေစိုးမိုးရေးဆိုတာကို ရှိစေရန် လိုတယ်ဆိုတဲ့အကြောင်း လေးလေးနက်နက်ပြောနေတာဖြစ်တယ် ။ ဘာဖြစ်လို့ လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကနေပြီး ခိုးဝင်စိမ့်ဝင်လာတဲ့  လူတွေ ရှိနေတာကြောင့် တနေ့ နေ့ မှာ ဒီပြသနာဟာ ဒီအကြောင်းအရာပေါ် အခြေခံပြီး ဖြစ်လာလိမ့်မယ် ။ ဒါပေမဲ့ ဘယ်သူကမှ တကယ်တမ်းကျရင် လေးလေးနက်နက် အဲဒီလို မတွေးတောခဲ့ကြဘူး ။ ဘာဖြစ်လို့ လဲဆိုတော့ ပြသနာက မဖြစ်လာသေးဘူးလေ ။ ဒါ့ကြောင့်ကျမအနေနဲ့  တရားဥပဒေစိုးမိုးရေးနဲ့  ငြိမ်ဝပ်ပိပြားရေးလိုတယ်ဆိုတာကို လေးလေးနက်နက်ပြောနေခဲ့ တာဖြစ်တယ် ။ တကယ်လို့ တရားဥပဒေစိုးမိုးရေးသာ ရှိနေခဲ့မယ်ဆိုရင် အနည်းဆုံးဥပဒေရဲ့ ထိမ်းချုပ်မှုအောက်မှာ ထိမ်းထိမ်းသိမ်းသိမ်းတော့ ရှိနေမှာဖြစ်တယ် ။ ဒါပေမဲ ဥပဒေနဲ့  ထိမ်းချုပ်မှု ရှိနေသည့်တိုင်အောင် ကျမတို့ ဟာ ဒီလူမျိုးစုနှစ်ခုရဲ့  စိတ်သဘောထားချင်း တူညီမှုတွေကို ကြိုးစားလို့ ရမှာမဟုတ်ဘူးလေ။ ရှင်တို့ လဲ မတတ်နိုင်ပါဘူး ။ သူတို့ တွေဟာ မီးကွင်းတွေပစ်ပြီး မီးရို့ ကြတယ် ။ မိန်းခလေးတွေကို မုဒိမ်းကျင့်ကြတယ် ။ ပြီးတော့ လူတွေကို သတ်ဖြတ်နေကြတယ် ။

ရှင်တို့ အနေနဲ့  သူတို့ တွေကို အတူတကွထိုင်စေခိုင်းပြီး စကားပြောကြမယ်။ သဘောထားချင်း ကိုက်ညီအောင် လုပ်ပေးကြမယ် ဆိုတာက ဒီလို ပြသနာတွေ ကွဲပြားခြားနားနေတဲ့  လူမျိုးစုနှစ်စုကို ဘယ်လို လုပ်လို့ ရပါ့မလဲ ။ အဲဒါဟာ တကယ်တော့ လက်တွေ့ ကျတာမဟုတ်ပါဘူး ။ ကျမသေသေချာချာ ပြောနေတာက အဲဒီနေရာဒေသတွေမှာ ပေါက်ကွဲမှုတွေ မရှိရအောင် လုပ်ကြရမှာဖြစ်တယ် ။ ဒီတော့ ကျမလေးလေးနက်နက် ပြောနေတာက တရားဥပဒေစိုးမိုးရေး ရှိနေဖို့ လိုတာပါဘဲ ။ သူတို့ နှစ်ဖက်စလုံးဟာ ကျမကို တဖက်ဖက်က ၀င်ရောက်ပါဝင်စေချင်တယ် ။ လူမျိုးစုနှစ်စုစလုံးဟာ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရလို့ ဘဲ ဖြစ်တယ် ။ ဒါ့အပြင် ရခိုင်လူမျိုးတွေကို ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရက ကမ်းကုန်အောင် အလွန်အမင်း လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ ပြုလုပ်ခဲ့ တာတွေ ရှိနေတယ် ။

ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာက ဒီပြသနာကို ဘယ်လိုအဖြေရှာ ဖြေရှင်းပါ့နိုင်မလဲလို့  ထပ်မေးတော့ ဒေါ်စုက ခုလို ဖြေခဲ့ ပါတယ် ။

ပထမဦးစွာအနေနဲ့  နေရာဒေသတွေမှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိဖို့ လိုအပ်နေပါတယ် ။ ကျမအနေနဲ့  နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုဆိုတဲ့  စကားကို မုန်းတီးသူဖြစ်တယ် ။ ဘာကြောင့်လဲဆိုတော့ -၁၉၈၈-ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အခါက အဲဒီနာမည်နဲ့  အစိုးရလုပ်ခဲ့ တာလေ။ သူတို့ က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ နဲ့  အစိုးရလို့  ခေါ်ခဲ့ တယ် ။ ခုတော့လဲ ကျမတို့ အနေနဲ့  တရားဥပဒေစိုးမိုးရေးအတွက် ပိုမိုပြီး လိုလိုလားလား ပြောရမယ်ဆိုရင် ဒီဟာကိုဘဲ ပြောရမှာဖြစ်ပါတယ် လို့  ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားပါတယ် ။

ဒီတော့ခါ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  ဖြစ်စဉ်တွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  ခုလို ဖြေကြားပြောဆိုလိုက်တာဟာ ဗုဒ္ဒဘာသာဝင် လူမျိုးများအနေနဲ့  အထူးလေးစား ထောက်ခံရမဲ့  အကြောင်းအရာလို့  ပြောရတော့မှာ မဟုတ်ပါလား ။ ဘာဖြစ်လို့ လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ဘယ်သူကမုဒိမ်းကျင့်ပြီး ဒီပဋိပက္ခကို စတင်ဖန်တီးခဲ့ တာလဲ ၊ လည်လှီး သတ်ဖြတ်တာတွေကို ဘယ်သူက ပြုလုပ်ခဲ့ တာလဲ ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံရဲ့  နာမည်ကြီး သတင်းစာတစောင်ကို ဖြေကြားလိုက်တာဖြစ်ပါတယ် ။

အောင်သာနီ

Ref: Rakhine Straight Views

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D