လူငယ် တခေတ်တဲ့
ထွန်းသစ်လို့ လာခဲ့ပြီ...။
ဘယ်လိုပင် နွံမှာနစ်စေတော့
အရောင်မညစ်တဲ့ ပြည်တန် ပတ္တမြားတွေပါ အမေ....။
အမေ့သားတွေကို
အမှောင်ပိတ် သံလှောင်ချိုင့်ထဲ ဘယ်လိုထည့်ထည့်
ပတ္တမြားလို အရောင်တောက်
ကြယ်စင်လို ထွန်းလင်းတဲ့
သားတို့ရဲ့ ယုံကြည်ချက်တွေကို
သံကွန်ချာ ခုနစ်ထပ်၊ ကွပ်ညှပ်လို့ ထားပေမယ့်
လွတ်လပ်မှု လူ့အခွင့်ရေး
သားတို့ သွေးနဲ့ ရေးခဲ့ပြီ အမေ..။
လူဆိုတာ.. ကိုယ့်လမ်း ကိုယ်ထွင်
ကိုယ့်လမ်း ကိုယ်ဖေါက်
ဇောက်နက်တဲ့ ချောက်ကမ်းပါး
ဘယ်လိုပင် တားတား
မြင့်မားတဲ့တောင်၊ ကျယ်ဝန်းတဲ့ မြစ်
ကျော်ဖြတ်ပစ်ပြီး
တောကြီးက ဘယ်လိုပင် အမှောင်နက်
တောခွေးတွေ၊ ဘယ်လို ဟောင်ပါစေ
သည်တော သည်တောင်
သည်အမှောင်ကို ကျော်ဖြတ်
သားတို့ ပြည်သူ့ အောင်ပွဲဆီ
သွေးနီနီနဲ့ ချီတက်ရမှာပဲ အမေ...။
ပြည်သူ့တာဝန် တို့တာဝန်
ပြည်သူ့ဘဝ တို့ဘဝမို့
ပြည်သူ့ဘဝ လွတ်မြောက်ရေး..
အသက်ပေးလို့ သွေးရဲတာကို
ဂုဏ်ယူလိုက်ပါ အမေရယ်..။
တက်နေထွဏ်း
ထွန်းသစ်လို့ လာခဲ့ပြီ...။
ဘယ်လိုပင် နွံမှာနစ်စေတော့
အရောင်မညစ်တဲ့ ပြည်တန် ပတ္တမြားတွေပါ အမေ....။
အမေ့သားတွေကို
အမှောင်ပိတ် သံလှောင်ချိုင့်ထဲ ဘယ်လိုထည့်ထည့်
ပတ္တမြားလို အရောင်တောက်
ကြယ်စင်လို ထွန်းလင်းတဲ့
သားတို့ရဲ့ ယုံကြည်ချက်တွေကို
သံကွန်ချာ ခုနစ်ထပ်၊ ကွပ်ညှပ်လို့ ထားပေမယ့်
လွတ်လပ်မှု လူ့အခွင့်ရေး
သားတို့ သွေးနဲ့ ရေးခဲ့ပြီ အမေ..။
လူဆိုတာ.. ကိုယ့်လမ်း ကိုယ်ထွင်
ကိုယ့်လမ်း ကိုယ်ဖေါက်
ဇောက်နက်တဲ့ ချောက်ကမ်းပါး
ဘယ်လိုပင် တားတား
မြင့်မားတဲ့တောင်၊ ကျယ်ဝန်းတဲ့ မြစ်
ကျော်ဖြတ်ပစ်ပြီး
တောကြီးက ဘယ်လိုပင် အမှောင်နက်
တောခွေးတွေ၊ ဘယ်လို ဟောင်ပါစေ
သည်တော သည်တောင်
သည်အမှောင်ကို ကျော်ဖြတ်
သားတို့ ပြည်သူ့ အောင်ပွဲဆီ
သွေးနီနီနဲ့ ချီတက်ရမှာပဲ အမေ...။
ပြည်သူ့တာဝန် တို့တာဝန်
ပြည်သူ့ဘဝ တို့ဘဝမို့
ပြည်သူ့ဘဝ လွတ်မြောက်ရေး..
အသက်ပေးလို့ သွေးရဲတာကို
ဂုဏ်ယူလိုက်ပါ အမေရယ်..။
တက်နေထွဏ်း
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...