သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 29, 2013

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင် ယာဉ်နှင့် လမ်းစည်းကမ်း အသိ ပညာပေး ပြဇာတ် အချပ်ရေ တစ်သောင်း အခမဲ့ ဝေမည်

မန္တလေး၊ စက်တင်ဘာ ၂၉။
အောက်တိုဘာ ၁ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြဇာတ်ခွေအချပ်ရေ တစ်သောင်းကို မန္တလေးသတင်းပုံရိပ်နှင့် ယာဉ်ထိန်းရဲများစုပေါင်းကာ မန္တလေးမြို့ရှိ မီးပွိုင့်များတွင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

မန္တလေးမြို့ အထက(၂၆)မှ ကျောင်းသူ၊ ကျောင်းသားများကသူ့တွက်လား၊ ကိုယ့်အတွက်လား အမည်ရှိ
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပြဇာတ်ခွေများကို မီးပွိုင့်များတွင် ယာဉ်မောင်းများအား အလကားဖြန့်
ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ဖြန့်ဝေပေးရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ စာတင်ကာ ခွင့်ပြုချက်ရယူထားကြောင်းနှင့်
ခွင့်ပြုချက်ရသည်နှင့် တစ်ပြိုင်နက် ပေးဝေသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“သက်ဆိုင်ရာမှာစာတင်ထားတာ ကျလာတာနဲ့ ပညာရေး ပြဇာတ်ခွေကို အလကားဖြန့်ဖို့ စီစဉ်ထားတယ်”
ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ ရုံးမှ ပြောကြားသည်။

၎င်းVCD အချပ်တစ်သောင်းကို UD ကား ထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးခင်မောင်ဝင်းက လှုဒါန်းထား
ကြောင်းလည်း သိရသည်။

လူလူ

The Myanma Age by မြန်မာ့ခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D