သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 30, 2013

၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ရမ်းဗြဲတွင် လူပေါင်း ၃၀၀၀ ကျော် ချီတက် ဆန္ဒပြ

လျှပ်စစ်မီး ၂၄ ရရှိရေး အတွက် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ဒေသခံ ၃၀၀၀ ကျော်ခန့်က ယနေ့တွင်
လမ်းမများပေါ် ချီတက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
ဆန္ဒဖေါ်ထုတ်ပွဲကို ယနေ့ (စက်တင်္ဘာလ ၃၀ ရက်) နံနက် ၉ နာရီမှ စတင်က ရမ်းဗြဲမြို့ တလျှောက်ရှိ
လမ်းမများပေါ် ချီတက် လှည့်လည်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင် ပါဝင်သူ ကိုကျော်
လွင်က နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ရမ်းဗြဲကျွန်းက ထွက်တဲ့ သဘာဝဓါတ်ငွေ့နဲ့ ကျောက်ဖြူမှာ လျှပ်စစ်မီး တယူနစ်ကို ၃၅
ကျပ်နဲ့ ခံစားနေရပြီးတော့ ကျွန်တော်တို့ ရမ်းဗြဲမြို့နယ်မှာဆိုရင် တယူနစ် ၃၅ကျပ်နဲ့ မခံစားရတဲ့ အပြင်
လျှပ်စစ်မီးက တယူနစ်ကို ၆၀၀ နဲ့အပေါ်ထပ်ဆင့်ငွေဆိုပြီး တစ်လကို ငွေ ၅၇၅၀ိ ကျပ်နဲ့ သုံးစွဲနေရပါ
တယ်။ ဒါကြောင့်ကျွန်တော်တို့ ရမ်းဗြဲကျွန်းကထွက်တဲ့ ရွှေသဘာဝဓါတ်ငွေ့နဲ့ ကျောက်ဖြူမှာ ၃၅ ကျပ်နဲ့
လျှပ်စစ်မီးသုံးစွဲခွင့်ရသလို ကျွန်တော်တို့ ရမ်းဗြဲမှာလည်း တယူနစ်ကို ၃၅ ကျပ်နဲ့ ၂၄ နာရီ မီးရရှိရေးအ
တွက် ဆန္ဒဖေါ်ထုတ်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆန္ဒဖေါ်ထုတ်ပွဲကို ရမ်းဗြဲမြို့နယ်လူထုက ဦးဆောင်ပြီး ရမ်းဗြဲမြို့လယ် အောင်စေတီ ဘုရား ဓမ္မာရုံမှ
ချီတက်လာပြီး ရမ်းဗြဲမြို့တွင်း ရပ်ကွက် ၆ ခုကိုလှည့်လည်ကာ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ရမ်းဗြဲမြို့
ပေါ် လူထုအပါအ၀င် အနီးအနား ပတ်ဝန်းကျင် ကျေးရွာများမှ လူပေါင်း ၃၀၀၀ ကျော် ပူးပေါင်း ပါဝင်
ခဲ့သည်ဟု ဆိုသည်။

ဆန္ဒဖေါ်ထုတ်ပွဲတွင် လျှပ်စစ်မီး တစ်နစ်ကို ၃၅ ကျပ်ဖြင့် ရရှိရေး၊ ရမ်းဗြဲမြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရ
ရှိရေး တို့ကို အဓိကထား တောင်းဆိုခဲ့ကြသည်ဟု သူကပြောသည်။

ယခုကဲ့သို့ ဆန္ဒဖေါ်ထုတ်ပြီး တောင်းဆိုသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက တစုံတရာ
ဆောင်ရွက် ပေးခြင်းမရှိပါက ဆန္ဒဖေါ်ထုတ်ပွဲအပြင် နည်းမျိုးစုံဖြင့် ဆက်လက်လုပ်ဆောင်သွား
မည်ဟု ကိုကျော်လွင်က ပြောသည်။

“ ကျွန်တော်တို့ ရမ်းဗြဲကျွန်းကထွက်တဲ့ ရွှေသဘာဝဓါတ်ငွေ့နဲ့ ကျွန်တော်တို့ ရမ်းဗြဲမြို့မှာ လျှပ်စစ်
မီး တယူနစ်ကို ၃၅ ကျပ်နဲ့ သုံစွဲနိုင်အောင် တောင်းဆိုတာကို တကယ်လို့ မလိုက်လျော့ ဘူးဆိုရင်
ဆက်ပြီး ဆန္ဒဖေါ်ထုတ်သွား မှာဖြစ်ပါတယ်။ ဒီလို ဆန္ဒဖေါ်ထုတ်တဲ့အခါမှာလည်း အခုလို လူထုတွေနဲ့
ဆန္ဒဖေါ်ထုတ်သလို သက်ဆိုင်ရာ ဌာနတွေကသိရှိအောင် နည်းမျိုးစုံဖြင့် ဆန္ဒ ဖေါ်ထုတ် သွားမှာ ဖြစ်
ပါတယ်။

ရမ်းဗြဲမြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး အတွက် ဆန္ဒဖေါ်ထုတ်ခွင့် ရရှိရေးကို ရမ်းဗြဲမြို့နယ် အာ
ဏာပိုင် များထံ စာရေးသား တောင်းဆိုခဲ့ရာ မီတာခ ဈေးကြီးး၍ ဒုက္ခရောက်နေကြရပြီး လျှပ်စစ်မီး
၂၄ နာရီ လိုချင်နေကြသော အာဏာပိုင်များကလည်း အလွယ်တကူ ဆန္ဒဖေါ်ထုတ်ခွင့် ပြုလုပ်ရန်
စက်တင်ဘာ ၂၇ ရက်နေ့က ခွင့်ပြုချက် ပေးခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်မှ ထွက်သောရွှေသဘာဝဓါတ်ငွေ့ဖြင့် ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီး ၂၄ နာရီရရှိရေးမှာ
ရခိုင် ဒေသခံ များ၏ အခြေခံလိုအပ်ချက်တခုဖြစ်သည့်အပြင် လျှပ်စစ်မီး တယူနစ်ကို အခြားမြန်မာ
က ပြည်က မြို့များလို ပေးဆောင်ခွင့်ရရေးမှာလည်း တောင်းဆိုထိုက် တောင်းဆိုသင့်သော အလုပ်
ဖြစ်သည်ဟု သူက ဆိုသည်။

လျှပ်စစ်မီး တစ်ယူနစ်ကို ကျပ်ငွေ ၅၀၀ မှ ၆၀၀ အထိ ပေးသွင်း နေကြရသဖြင့် ၀န်ထုတ်ဝန်ပိုး ဖြစ်နေ
ကြရသော ရခိုင်ဒေသခံများမှာ မခံမရပ်နှိင်ဖြစ်ကာ ရခိုင်ပြည်နေရာ အနှံ့အပြားတွင် ဆန္ဒဖေါ်ထုတ်ပွဲ
များပြုလုပ်ပြီး မီတာခလျှော့ကျရေး ၂၄နာရီ လျှပ်စစ်မီးရရှိရေးကို မကြာခဏ တောင်းဆိုလေ့ရှိကြောင်း
သိရသည်။

(နိရဉ္စရာ- ၃၀ စက်တင်္ဘာ ၂၀၁၃) / မောင်ရမ္မာ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D