သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 30, 2013

တပ်မတော် စစ်ကြောင်းများ ရုပ်သိမ်းရန် တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၉
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများအတွင်း သွားလာနေသော တပ်မတော် စစ်
ကြောင်းများကို ရုပ်သိမ်းပေးရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းလေးဖွဲ့က အစိုးရထံ
တောင်းဆိုထားကြောင်း DKBA ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်
နက်ကိုင် လေးဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံပွဲ
တွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို ကရင် အမျိုးသား အစည်းအရုံး KNU၊ DKBA၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်
စီနှင့် မွန်ပြည်သစ်ပါတီတို့ တက်ရောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာလအတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် အတွက် ယုံကြည်မှု တည်
ဆောက်နိုင်ရေး တိုင်းရင်းသား နယ်မြေအတွင်းရှိ တပ်ဆွယ်များကို မိခင်တပ်မ ရှိရာသို့ ပြန်လည်
ဆုတ်ခွာပေးရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။

“တိုင်းရင်းသား ပြည်သူတွေရဲ့ ယုံကြည်မှုတွေရဖို့ အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်
ဆောင်ရေး လုပ်ငန်းကော်မတီ တစ်ခုတည်းသာမက တပ်မတော်၏ သဘောထားမှာ အလွန်အရေး
ကြီးသော အချိန်အခါ ဖြစ်နေကြောင်း Institute For Peace and Social Justice မှ အမှုဆောင်ဒါ
ရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောကြားသည်။

“အင်အားကြီးတဲ့သူက ပိုပြီးသဘောထားကြီးရမယ့်အချိန် ရောက်နေပြီ” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် NLD အဖွဲ့သည်
စက်တင်ဘာလ ၂၈ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်
လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

တိုင်းရင်းသားပေါင်းစုံ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ အတွက် အောက်တိုဘာလ ပထမပတ်အတွင်း
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်
ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D