သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 30, 2013

ကိုယ်ကြပ် ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်

jeanကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ
ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။

သေချာတာ ကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့ အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊
သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက်
အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီး
များနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်
ခြင်း ကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှောဝတ်
ဝတ် သွေးနဲ့၊ အာရုံကြော များကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်
လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံးဆက်စပ်နေပြီး ခါး
အောက်ပိုင်း အာရုံကြောစနစ် အားနည်းမှုက အခြားကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု
ရှိပါတယ်။

ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီး လမ်းကြောင်းနဲ့ ဆိုင်
တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရ မလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်း
ကြောင်းမှ တစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ် နှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်းတို့အထိ ဆိုးကျိုး
ရှိပါတယ်။

ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီး တစ်ဦး ဟာ သားအိမ်လမ်းကြောင်း
လွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေ အထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။

အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလို
သာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင် တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။
ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။
ဗြိတိန်မှာ စကင်နီ ဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး
ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေး ဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထား
ပါတယ်။

ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အ
လေ့အထတော့ မပြုလုပ်ရန် လိုအပ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားကြောင်း သိ
ရပါတယ်။

Ref- medic-facts
အောင်ခမ်း ( ရိုးရာလေး )

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D