သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 29, 2013

တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေဘာ့ကြောင့်ရှိနေရတာလဲ

လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တိုင်းရင်းသားဒေသတွေက ထိုးစစ်တွေကြောင့် အ မျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စိုးရိမ်စရာ အနေအထားဖြစ်နေပြီလို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ထောက်ပြ မှုတွေရှိနေပါပြီ။
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံဟူသမျှ ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့ အစည်း၊ ပြည်သူဗဟိုပြု အုပ်ချုပ်ရေး စနစ်တွေရှိတယ်။ ပြီးတော့ နိုင်ငံတွင်းမှာ ဆယ်ဂဏန်းမကတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အစည်း ဆိုတာ မရှိဘဲတည်ငြိမ်အေးချမ်းပြီးသား နယ်မြေဒေသတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းပြီးသော နိုင်ငံဖြစ်မှ သာ ဒီမိုကရေစီစနစ်ဟာလည်း အသက်ဝင်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

ဒါဆိုရင် ဒီမိုကရေစီကျင့်သုံးနေတဲ့ မြန်မာနိုင်ငံမှာ ဘာလိုအပ်ချက်တွေရှိနေလဲ။ အဖြေရှာကြည့်ရပါ့မယ်။ မ ပြီး ဆုံးသေးတဲ့ အိပ်မက်ရှည်ဇာတ်လမ်းကြီးဟာ ဇာတ်သိမ်းပိုင်း မရောက်သေးဘူးဆိုတာ ထင်ထင်ရှားရှား ပေါ်လာ ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရကြား ယုံကြည်မှုတည်ဆောက်ခြင်းတွေ၊ အပစ် အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲတွေ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ဒီမိုကရေ စီစ နစ်ဟာ အထနှေးသလိုဖြစ်နေပါတယ်။ အဲဒီအပေါ် အချို့ကလည်း အမျိုးမျိုးဝေဖန်ပြောဆိုမှုတွေရှိပါတယ်။
ငြိမ်းချမ်းရေးဆိုတာ Linear Process မဟုတ်ဘူးလို့ ပြောကြပြန်ပါတယ်။ ဆိုလိုတာက ငြိမ်းချမ်းရေး တည် ဆောက်တဲ့အခါမှာ ဒါပြီးမှ ဒါလာရမယ်လို့ အစီအစဉ်တကျ သတ်မှတ်ထားတာ မရှိဘူး။ ထားစရာမလိုဘူးလို့ ယုံကြည် တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါပေမယ့် အခြားနိုင်ငံတွေနဲ့ မတူတဲ့ မြန်မာနိုင်ငံမှာတော့ ပထမ ဦးဆုံး လုပ်ရမှာက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ အ ပစ် အခတ် ရပ်ပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာမယ်။ အဲဒီအခါကျမှသာ ငြိမ်းချမ်းရေးဆိုတဲ့ ဝေါ ဟာရက အသက် ၀င်လာမှာ ဖြစ်ပါတယ်။
အချို့ကလည်း ၂၀၀၈ က ပေါ်ထွက်လာမယ့် ၂၀၁၅ ဟာ သူတို့ရဲ့ ပန်းတိုင်အဖြစ် မခံယူနိုင်သေးဘူလို့ ပြောဆို နေကြပါတယ်။ အချို့ကတော့ တိုင်းရင်းသားဒေသတွေမှာ လုပ်နေတဲ့ ထိုးစစ်တွေကို ရပ်ဖို့အရင် ကြိုး ပမ်း ပေးသင့်တယ်။ တိုင်းရင်းသားတွေ ယုံကြည်လာလောက်တဲ့ အခြေအနေရောက်အောင် လုပ်ဆောင်ဖို့ အစိုးရကို တိုက်တွန်းပေးရမယ်လို့ ထောက်ပြကြပါတယ်။ ငြိမ်းချမ်းရေးလိုလားတဲ့ နိုင်ငံသားတစ်ဦးအနေနဲ့ သူတို့ပြောဆို တာတွေအပေါ် ပြန်လည်တွေးတောမိတာလေးတွေ ရှိပါတယ်။
စစ်မှန်တဲ့ငြိမ်းချမ်းမရရှိသေးပေမယ့် ပြည်သူတွေ လိုလားတောင့်တတဲ့ အဖြစ်ချင်ဆုံး ဆန္ဒဖြစ်တဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ် ဘယ်သူက လက်ဆင့်ကမ်းလိုက်တာလဲဆိုတဲ့ မေးခွန်းက စရမှာဖြစ်ပါတယ်။ ယခင်တပ်မတော် အစိုးရလက်ထက်ကတည်းက ပြုလုပ်လာတဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ ယခုဒီမိုကရေစီ အစိုးရ လက်ထက်အထိ မပြီးပြတ်သေးတာ ဘာ့ကြောင့်လဲ အဖြေက ရှင်းပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးဟာ ငြိမ်းချမ်းရေးမယူခဲ့လို့ ဒီမိုကရေစီလမ်း ကြောင်း ဟာ လည်း ဖြစ်ချင်တာထက် ဖြစ်သင့်သလောက်ပဲ ဖြစ်နေရတာလို့ ပြောနိုင်ပါတယ်။
အခုလည်း တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေရှိနေတုန်းပဲ။ ဟိုတစ်လောက တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေ လိုက်နာရန်ဆိုပြီး တပ်မတော်ရဲ့ သဘောထား(၆)ချက်ကို ဖတ်လိုက်ရပါတယ်။ အဲဒီ အချက်တွေအပေါ် ချိုးဖောက်မှုတွေရှိနေလို့သာ တိုင်းရင်း သားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာလို့ ထောက်ပြပြောဆိုမှုတွေ ရှိပါတယ်။ မြန်မာနိုင်ငံသားတစ်ဦး အနေနဲ့ ဘက်မလိုက်ဘဲ မျှမျှတတ ပြောရရင် စစ်ရေးစစ်ရာကိစ္စတွေကို အရပ်သားဖြစ်တဲ့ ကျွန်တော်တို့ နားမလည်ပေမယ့် အဲဒီဒေသတွေမှာ လူသစ်စု၊ ဆက်ကြေးကောက်နေတာတွေကိုတော့ ကိုယ့်တွေ့ကြုံနေရဆဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကြီးစိုးတဲ့ မြို့၊ ရွာတွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား တွေဟာ အဲဒီဒုက္ခတွေကို ယနေ့တိုင် ခံစားနေရဆဲ ဖြစ်ပါတယ်။ 
ငြိမ်းချမ်းရေးကို လိုလားသူတိုင်း ဖြစ်စေချင်တဲ့ဆန္ဒကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ဟာ အစိုးရနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့ပဲဖြစ်ပါတယ်။ ပြီးရင် တပ်မတော်ရဲ့ သဘောထား(၆)ချက်အပေါ် မှာလည်း အလေးအနက်ထား လိုက်နာစေချင်ပါတယ်။ လိုက်နာမယ်ဆိုရင် ထိုးစစ်လို့သုံး နှုန်း နေတဲ့ တိုက်ပွဲတွေ ဟာလည်း တိုင်းရင်းသားဒေသတွေမှာ ဖြစ်စရာအကြောင်း မရှိတော့ပါဘူး။
အစိုးရကတော့ ရွှေလက်နဲ့ခေါ်နေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေကရော ရွှေလက်နဲ့လိုက်ဖို့ ပြင်ဆ င်ပြီး ပြီလား။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မပီပြင်သေးတဲ့ ငြိမ်းချမ်းရေး ဘယ်တော့ အဆုံးသ တ်မလဲ။ ၂၀၀၈ ကို ယိုးမယ်ဖွဲ့ ၂၀၁၅ ကို လက်မခံချင်ဘူးဆိုရင်တော့ ဒီပြဿနာတွေဟာ ဘယ်တော့ မှ ချုပ်ငြိမ်းဖို့ လမ်းမမြင်ပါဘူး။ အဖြစ်မှန်ကို ဖုံးကွယ်ပြီး ကိုယ်ကျိုးအတ္တတစ်ခုတည်းအတွက် ပြည်သူကိုတော့ မစတေးသင့် ပါဘူး။ 
အသံတွေဆက်တိုက်ကြားနေရပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေရပ်ဖို့ ပြောနေကြတယ်။ အ စိုးရ နဲ့ တပ်မတော်ဘက်ကိုလည်း မလိုက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ဘက်ကိုလည်း မလိုက်နဲ့ နိုင်ငံနဲ့ လူမျိုး အတွက်ပဲ မျှမျှတတ ပြောကြရအောင်။
အစိုးရနဲ့ တပ်မတော်ကတော့ သူတို့ပြောထားတဲ့ သဘောထားအတိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေ လို က်နာမှုရှိ၊ မရှိ စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် အချို့ဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ 
အဖြေ ဟာရှင်းပါတယ်။ လူသစ်စု ဆက်ကြေးကောက် မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်ရောင်းဝယ် ဖောက် ကားမှုတွေ လုပ်နေသရွှေ့ အဲဒီတိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေရှိနေဦးမှာပဲ ဖြစ်ပါတယ်။
ဦရဲစိုး

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D