သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, April 28, 2013

“ဗုဒ္ဓဘာသာမိန်းကလေးတိုင်း ရှောင်ကြဉ်ရမည့် အဆီကိုစား အသားကိုမျိုမည့်သူများ”


********************************
လူမျိုးခြား ဘာသာခြားတွေဟာ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေကို ရမယ်ဆိုရင် ချဉ်ချဉ်တူးတူး မူးပြီးရောဆိုတဲ့ လူသားတွေပါပဲ။ ဒါကြောင့်မို့ မြန်မာအမျိုးသမီးလေးများကို ရမယ်ဆိုရင် အနုနည်းနဲ့ တစ်ဖုံ၊ အကြမ်းနည်းနဲ့တစ်မျိုး၊ နောက်ပြီး မာယာပရိယာယ်နဲ့တစ်သွယ် အမျိုးမျိုးရအောင် ယူတတ်ကြပါတယ်။ အဲသည်လို ရအောင်ယူတဲ့အခါမှာလည်း အဆင်းရဲဆုံး မိန်းကလေးကနေ အချမ်းသာဆုံးမိန်းကလေးအထိ အလွှာအသီးသီးကနေ ရအောင် ယူတတ်ကြပါတယ်။ ဆင်းရဲတဲ့ မိန်းကလေးတွေကို ငွေရေးကြေးရေးနဲ့ ဗန်းပြပြီး အမိဖမ်းတတ်ကြသလို ချမ်းသာတဲ့ မိန်းကလေးတွေကိုတော့ မာယာပရိယာယ်ဆင်ပြီး အမိဖမ်းတတ်ကြပါတယ်။

သူတို့ရဲ့ မာယာညွတ်ကွင်းထဲမှာ အမိဖမ်းခံလိုက်ရတဲ့ မြန်မာမိန်းကလေးတွေဟာ များသောအားဖြင့် ဘယ်လိုမှ ရုန်းထွက်လို့မရအောင် ချုပ်ကိုင်ထားကြပါတယ်။ အဲဒီအခါ သူတို့လက်ခုပ်ထဲက ရေဖြစ်သွားပြီမို့ မှောက်ချင်သလိုမှောက်၊ သွန်ချင်သလို သွန် လုပ်ကြပါတော့တယ်။ လူမျိုးခြား၊ ဘာသာခြားတွေဟာ မြန်မာမိန်းကလေးတွေကို အမိဖမ်းကြတဲ့နေရာမှာ အပေါ်ယံနှုတ်ဖျားက ရွှေမှုန်ကြဲပြီး ချိုသလို မြူသလို ရှိတတ်ကြပေမယ့် အတွင်းနှလုံးသားကတော့ ကျီးအာသီးလို မဲပုတ်ပုတ် ညစ်ထေထေပါပဲ။ မြန်မာမိန်းကလေးတွေဟာ အများအားဖြင့် အမျိုးသားရေး အခြေခံစိတ်၊ ဘာသာရေး အခြေခံစိတ် အလွန်နည်းပါးကြပါတယ်။ ဒါဟာ လူမျိုးခြား ဘာသာခြားတွေအတွက် မဟာအခွင့်အရေးကြီး သဖွယ်ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ဒီလိုအခွင့်အရေးမျိုးကြီးကို အကွက်ကောင်းအဖြစ် အသုံးချနေကြပါတယ်။
တစ်ချို့မြန်မာမိန်းကလေးတွေဟာ အပြင်ပန်းက ကြည့်ရင်တော့ အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ်တွေ ပြည့်ပြည့်ဝဝရှိနေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် သူတို့လက်ထဲရောက်သွားတဲ့ အခါမှာတော့ သူတို့ရဲ့ပုံသွင်းမှုကို ခံရပါတယ်။ သူတို့က ဒီလိုနေ၊ ဒီလိုစား၊ ဒီလိုဝတ်၊ ဒီဘာသာကို ကိုးကွယ်ဆိုရင်လည်း နှစ်ခါမပြောရဘူး။ ပြောရင်လည်းယုံ၊ ယုံရင်လည်း ပုံလိုက်ကြပါတယ်။ ဒါဟာ အကြီးမားဆုံး- ဆုံးရှုံးမှုတစ်ခုပင်ဖြစ်၏။ တစ်ဘဝတည်းရှုံးတာမဟုတ်ဘဲ တစ်သံသရာလုံးစာအတွက် ရှုံးခြင်းဖြစ်လေသောကြောင့် အရှုံးကြီး ရှုံးသည်ဟု ဆိုရမှာဖြစ်ပါတယ်။

ဒီလိုဘာကြောင့်ဖြစ်ရတာလဲဆိုရင် အဓိကအခြေခံအကြောင်းအရင်းကို စစ်ကြည့်လိုက်တော့ အမျိုးသားရေး အခြေခံစိတ်၊ ဘာသာရေးအခြေခံစိတ်ဓာတ်ကောင်းတွေ နည်းပါမှုတွေကြောင့်ပါပဲ။ ဒါကြောင့်မို့လည်း မြန်မာအမျိုးသမီးလေးတွေ လူမျိုးခြား ဘာသာခြားနောက်ကို ဟိုရပ်ကွက်ကပါသွားလိုက်၊ ဒီရပ်ကွက်က ပါသွားလိုက်ဖြစ်နေကြတာ မနည်းတော့ပါဘူး။ သေချာ ဆင်ခြင်သင့်ပါပြီ။ အားလုံးလည်း ဘာသာခြားများရဲ့ ရက်စက်စွာ ညှင်းပန်းနှိပ်စက်မှုများကို ဗီဒီယိုဖိုင်တွေ၊ အင်တာနက်စာမျက်နှာများမှာပါ မြင်တွေ့နေကြရပါပြီ။ ဆက်မိုက်နေမည်ဆိုရင်တော့ ကိုယ့်အတွက်နဲ့ ဘာသာ သာသနာလူမျိုးနဲ့ မိမိရဲ့ မိဘဆွေမျိုး ဂုဏ်သိက္ခာများပါ ပွန်းပဲ့ ပျက်စီးပါလိမ့်မယ်။ ဒီလိုသာ များလာမယ်ဆိုရင် ဗုဒ္ဓဘာသာဟာ မြန်မာမြေပေါ်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်။ အထူး ဂရုစိုက် သတိထား ဆင်ခြင်ကြပါလို့ တိုက်တွန်းပါရစေ။ နောက်ပြီး လူမျိုးခြား ဘာသာခြားနောက် ပါသွားကြတဲ့ မြန်မာအမျိုးသမီးလေးတွေဟာ တစ်ယောက်အစ တစ်ရာမတော့တဲ့အတွက် ကြာလာရင် အမျိုးသားအန္တရာယ်၊ ဘာသာရေးအန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။ ဘာလို့ဒီလိုပြောနေရတာလဲဆိုရင် လူမျိုးခြားနောက် ဘာသာခြားနောက်ပါသွားတဲ့ မြန်မာအမျိုးသမီးတိုင်းဟာ ကိုယ့်လူမျိုး ကိုယ့်ဘာသာတွေရဲ့ အယူကိုစွန့်ပြီး သူတို့လူမျိုး သူတို့ဘာသာနောက်ကို ပါသွားကြလို့ပါပဲ။ ကိုယ့်ဘာသာထဲကိုတော့ တစ်ရာမှာတစ်ယောက်တောင် ပါမလာပါဘူး။ လူမျိုးခြား ဘာသာခြားနဲ့ ညားလို့ လူမျိုးခြားစိတ်ဓာတ်၊ ဘာသာခြားစိတ်ဓာတ်၊ ပေါက်သွားပြီဆိုရင် မွေးလာတဲ့ ကလေးကအစ ဘာမှစွဲဆောင်စရာ မလိုတော့ဘဲ သူ့အလိုလို လူမျိုးခြား ဘာသာခြားဖြစ်သွားတော့ပါပဲ။ စိတ်ဓာတ်ကအစ မြန်မာစိတ်ဓာတ်မရှိတော့ပါဘူး။

ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတစ်ယောက်က ဝမ်းနဲ့ လွယ်ပြီး မွေးပေးလိုက်တဲ့ ကလေးဟာ မြန်မာစိတ်ဓာတ်မရှိဘူးဆိုရင် လူမျိုးလည်းရှုံး၊ ဘာသာလည်းဆုံးတော့တဲ့ အတွက် မြန်မာတစ်မျိုးသားလုံး အတွက် တော်တော်ကိုပဲ နစ်နာလွန်းလှပါတယ်။ ရင်နာစရာလည်း ကောင်းပါတယ်။ မြန်မာလူမျိုးဆိုတဲ့ အဆီကိုလည်းစားတယ်။ ဗုဒ္ဓဘာသာဆိုတဲ့ အသားကိုလည်း မျိုတယ်ဆိုတာ ဒါမျိုးပြောတာဖြစ်ပါတယ်။ လူမျိုးခြား ဘာသာခြားတွေက မြန်မာအမျိုးသမီးတွေကို ဟင်းရွတ်ကန်ဇွန်းလို ဈေးပေါပေါနဲ့ ရအောင်ယူကြပေမယ့် သူတို့ရင်မှဖြစ်တဲ့ သမီးပျိုလေးများကိုတော့ စိန်ကောင်းကျောက်ကောင်းတွေအလား သိုသိုသိပ်သိပ်နဲ့ သိမ်းထားကြပါတယ်။ နောက်ပြီး လူမျိုးခြား၊ ဘာသာခြားတွေဟာ သူတို့သွေးသားစစ်စစ်မဟုတ်တဲ့ ကပြားအမျိုးသမီးကို မြန်မာအမျိုးသားက ယူရင်တောင် အသည်းကို လှန်စွပ်နဲ့ထိုးသလို နာတတ်ကြပါတယ်။

ဒါကြောင့်မို့ သူတို့သမီးပျိုတွေနဲ့ မြန်မာအမျိုးသားတွေနဲ့ ထိတွေ့ခွင့်၊ နီးစပ်ခွင့်၊ ချစ်ကြိုက်ခွင့်မရှိကြရအောင် အမျိုးမျိုး ချုပ်ကိုင်ပြီး အိမ်တွင်းပုန်းခိုင်းထားကြပါတယ်။ အကြောင်းကိစ္စရှိလို့ အပြင်ကို မဖြစ်မနေထွက်ရမယ် ဆိုရင်လည်း လုံခြုံမှုရှိအောင် အပြည့်အဝ အကာအကွယ်ယူထားကြပါတယ်။ ဒါကြောင့်မို့ မြန်မာအမျိုးသားတွေ အနေနဲ့ လူမျိုးခြား ဘာသာခြား အမျိုးသမီးစစ်စစ်တစ်ယောက်ကို ရအောင်ယူဖို့အပထား၊ မြန်မာမနဲ့ ရတဲ့ ကပြားအမျိုးသမီးကိုတောင် ရအောင်ယူဖို့ ခဲယဉ်းလှပါတယ်။ ဘယ်လောက်ထိခဲယဉ်းလဲဆိုရင် ကိုယ့်ဘက်က မြန်မာ အမျိုးသမီးအယောက်(၁၀၀၀) ပေးလိုက်ရမှ သူတို့ဘက်က အမျိုးသမီးတစ်ယောက်လေးကိုတောင် ယူဖို့မလွယ်ကူနိုင်လောက်အောင်ထိ ခဲယဉ်းလှပါတယ်။
ဒီလိုပြောလို့ သူတို့ကို အပြစ်တင်နေတာမဟုတ်ပါဘူး။ မြန်မာလူမျိုးတွေ အတုယူဖို့၊ သင်ခန်းစာယူဖို့၊ သတိထားဆင်ခြင်ဖို့ ပြောနေတာဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ အဖူးအညွှန့်ဖြစ်တဲ့ အမျိုးသမီးတွေကို နှမြောတတ်၊ တွန့်တိုတတ်၊ တန်ဖိုးထားတတ်ရင်၊ မြန်မာလူမျိုးတွေကလည်း မြန်မာလူမျိုးတို့ရဲ့ အညွှန့်အဖူး ဖြစ်တဲ့ မြန်မာအမျိုးသမီးတွေကို နှမြောတတ်၊ တွန့်တိုတတ်၊ တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ ဒါဟာ တရားသော နည်းလမ်းပဲဖြစ်ပါတယ်။ လူမျိုးခြား ဘာသာခြားတွေဟာ သူတို့ အမျိုးသမီးတွေကို သူတို့လူမျိုး၊ သူတို့ဘာသာ၊ လူဦးရေတိုးတက်များပြားဖို့အတွက် ဘယ်လောက်အထိ အရေးပါအရာရောက်တယ်ဆိုတာ ကောင်းကောင်းကြီး နားလည်သဘောပေါက်ထားကြပါတယ်။ နောက်ပြီး မြန်မာတစ်မျိုးသားလုံးကို လူလူချင်းချင်းဝါးမြိုပြီး ဖုံလွှမ်းပစ်ဖို့ အတွက် အမျိုးသမီးများဟာ မဟာလက်နက်ကြီးသဖွယ် ဆိုတာလည်း သိထားကြပါတယ်။ ဒါကြောင့်မို့ သူတို့ အမျိုးသမီးတွေကို လုံခြုံအောင် ချုပ်ချယ်ပြီး မြန်မာအမျိုးသမီးတွေကိုတော့ ရသလောက် သိမ်းပိုက်ကြပါတယ်။
ဒီလိုမြန်မာအမျိုးသမီးတွေကို ရအောင်ယူခြင်းအားဖြင့် မြန်မာလူမျိုးတွေရဲ့ အဖူး အညွှန့်များကို ချိုးနှိမ်ပြီးသား ဖြစ်သလို သူတို့လူမျိုးတွေရဲ့ အညွှန့်အဖူးအတွက်လည်း အားဖြည့်ပြီးသားဖြစ်သွားပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတာ ဒါမျိုးကို ပြောတာဖြစ်ပါတယ်။ မြန်မာလူတွေဟာ ဒီလောက်ကလေးသာ နားလည်သဘောပေါက်ထားမယ်ဆိုရင် မိမိတို့ရဲ့ မြန်မာအမျိုးသမီးများကို တန်ဖိုးထားတတ်လာပါလိမ့်မယ်။ တန်ဖိုးထားတတ်လာတဲ့အခါ လူမျိုးခြား ဘာသာခြားတွေနဲ့ ညားသွားမှာကိုလည်း နှမြောတတ်လာပါလိမ့်မယ်။ နောက်ပြီး မြန်မာအမျိုးသမီးတွေကိုယ်တိုင်ကလည်း လူမျိုးခြား၊ ဘာသာခြားတွေနဲ့ နီးစပ်ခွင့်၊ ထိတွေ့ခွင့်၊ ချစ်ကြိုက်ခွင့်မရအောင် ကိုယ့်ကိုယ်ကိုကာကွယ်တဲ့အနေနဲ့ ရှောင်တတ်တိမ်းတတ်လာပါလိမ့်မယ်။ အခုဖြစ်နေတာက အချို့သော ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ မိမိတို့ အနွယ်ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေကို အမျိုးသားရေးသတိ၊ ဘာသာရေးအသိတွေနဲ့ အပြည့်အဝကာကွယ်ဖို့ နေနေသာသာ သူတို့ကိုယ်တိုင်ကတောင် လူမျိုးခြား ဘာသာခြားတွေနဲ့ ညားအောင်ကြားက အောင်သွယ်တော်လုပ်ပေးနေကြ တာတွေရှိပါတယ်။

ဒါဟာဘာလဲလို့ဆိုရင် အမျိုးသားရေးစိတ်ဓာတ်၊ ခေါင်းပါး၊ ဘာသာရေးအသွင်အပြင်ရဲ့ လက္ခဏာတွေကို နားမလည်မှုတို့ကြောင့် ဖြစ်ပါတယ်။ အမျိုးသားရေးစိတ်ဓာတ်ပြည့်ဝတဲ့ လူတစ်ယောက်ဟာ အမျိုးပျက်မဲ့ လုပ်ရပ်တွေကို ဘယ်တော့မှ မလုပ်ပါဘူး။ အောက်တန်းစား စိတ်ဓာတ်ရှိတဲ့လူ၊ စိတ်ပုတ် စိတ်ယုတ် စိတ်ညံ့ရှိကြတဲ့ လူတွေကသာ လုပ်ကြတာပါ။ သားသမီးချင်းကိုယ်ချင်းမစာ၊ နှမသားချင်းကိုယ်ချင်းမစာ၊ ခွေးလောက်မှ အသိမရှိ၊ အလွန်အောက်တန်းကျလှပါတယ်။ မြတ်စွာဘုရားသာသနာ၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးမျက်နှာမထောက်ထားဘဲ ငွေမျက်နှာတစ်ခုတည်းကိုကြည့်တဲ့ အောက်တန်းကျလှတဲ့ လုပ်ရပ်ပင်ဖြစ်ပါတယ်။ လူကုန်ကူးတာတို့၊ ဘာသာခြားများကို လက်ထပ်စည်းရုံးစေတဲ့ သူများကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလုပ်ရပ်များဟာ ကိုယ့်ရဲ့မျိုးစေ့ကို ကိုယ်ကိုယ်တိုင်မီးဖုတ်သကဲ့သို့ဖြစ်ပြီး၊ ကိုယ့်ခြံထဲပေါက်နေတဲ့ အညွှန့်တလူလူတက်နေတဲ့ သစ်ပင်ငယ်လေးကို ကိုယ်ကိုယ်တိုင် ရေနွေးပူ၊ အက်ဆစ်နဲ့ ပတ်ဖျန်းပြီး မျိုးတုန်းအောင်လုပ်ဆောင်ခြင်းပင်ဖြစ်ပါတယ်။

မြန်မာလူမျိုးတိုင်း အောက်တန်းစား စိတ်ဓာတ်တွေ မထားကြဖို့ တောင်းပန်ချင်ပါတယ်။ အိမ်နောက်ဖေးက မီးလောင်တာ အိမ်ရှေ့ခန်းနဲ့ ဘာမှမဆိုင်သလို၊ အိမ်တိုင်တစ်လုံး ခြပုံးတတ်တာ တစ်အိမ်လုံးနဲ့ ဘာမှမဆိုင်သလို မနေစေချင်ပါ။ အိမ်နောက်ဖေးကမီးလောင်တာ ဝိုင်းပြီး မငြိမ်းရင် အိမ်ရှေ့ခန်းရော တစ်အိမ်လုံးကိုပါ အလောင်ခံရတတ်သလို၊ အိမ်တိုင်တစ်လုံး ခြပိုးစားတာကို ပေါ့ပေါ့ဆဆနေလိုက်မယ်ဆိုရင် တစ်အိမ်လုံး အကိုက်ခံရမှာသေချာပါတယ်။ ငါ ကောင်းစားရင်ပြီးတာပဲ၊ ကျန်တဲ့သူ ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ထားမျိုး မထားပါနဲ့။ ကိုယ့်ဘာသာဝင် လူမျိုးတစ်ဦးဦးကို အခြားဘာသာခြားများက စော်ကားမော်ကား ရန်စတာမြင်ရင် ကိုယ်နဲ့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ဝိုင်းဝန်းကူညီရမှာဖြစ်ပါတယ်။ ငါနဲ့မဆိုင်ပါဘူး။ ငါ့အမျိုးလည်းမဟုတ်ပါဘူးဆိုပြီး လျစ်လျှူမရှုစေချင်ပါ။ ဗုဒ္ဓဘာသာဝင်လို့ဆိုလိုက်တာနဲ့ အားလုံးဟာ မိသားစုပမာဖြစ်နေရပါမယ်။ မမေ့ကြပါနဲ့ သတိရှိကြပါ။ မြန်မာလူမျိုးတိုင်း တစ်အိမ်လုံးမီးမလောင်ခင်၊ တစ်အိမ်လုံး ခြပုံးမတတ်ခင် မြန်မြန်ထက်ထက် ကာကွယ်ကြပါတော့ တိုက်တွန်းလိုက်ရပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။



 "ဖိလစ်ဒီဘရစ်တိုနီကိုတီ(ခေါ်) ငဇင်ကာ"
*********************************
ရှေးမြန်မာမင်းများလက်ထက်က မြန်မာ့မြေပေါ်မှာ အခွင့်ထူးများရခဲ့ပြီး ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးများ အပေါင်းကို ထိပါးနှောင့်ယှက်ဖျက်ဆီးခဲ့တဲ့ ဘိုင်ဆတ်အပြင် အခြားတိုင်းတစ်ပါးသား နယ်စား တစ်ယောက်လည်း ကျန်ပါသေးတယ်။ သက္ကရာဇ် (၉၆၂)ခုနစ်၊ တောင်ငူမင်းနှင့် ရခိုင်မင်းတို့ဟာ ပေါ်တူဂီမှ ရောက်ရှိလာတဲ့ ဖိလစ်ဒီဘရစ်တိုနီကိုတီ(ခ) ငဇင်ကာကို လူနှစ်ထောင်ကျော် သဘောင်္သုံးစင်း လွန်ကျင်တစ်ရာကျော် အပ်ပြီး သန်လျင်မြို့မှာ နေထိုင်စေပါတယ်။ ဒီလိုအင်အား အလုံးအရင်းနှင့် သန်လျင်မြို့ကို အပ်လိုက်ခြင်းဟာ တိုင်းတစ်ပါးသား လူမျိုးခြား ဘာသာခြားကို မြို့ဝန်နယ်စားအဖြစ် အပိုင်စားပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ငဇင်ကာဟာ သန်လျင်မြို့ကို အပိုင်စားရထားပေမယ့် သူရဲ့လောဘက အတောမသတ်နိုင်ဘဲ တောင်ငူဘုရင် နတ်သျှင်နောင်ကို သွားတိုက်ပါတယ်။ ဆယ်ရက်ခန့် အတွင်းမှာပဲ တောင်ငူဘုရင် နတ်သျှင်နောင် ကျရှုံးပြီး နန်းတော်ကိုလည်း မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ ဘုရား ကျောင်းကန် အိမ်တွေကိုလည်း ဖျက်စီးပြီး အဖိုးတန်ပစ္စည်းများကိုလည်း လုယက်ယူငင်သွားပါတယ်။ အဲဒီအချိန်ကစပြီး ဒီဘရစ်တို(ခ) ငဇင်ကာဟာ မြန်မာပြည်အတွင်းသို့ ကျူးကျော်ရန်စရေးလမ်းစဉ်ကို ပြောင်ပြောင်တင်းတင်း ချမှတ်လုပ်ဆောင်လာခဲ့ပါတယ်။
နောက်ပြီး သန်လျင်မှာ ဘုရားတစ်ဆူလိုနေပြီး သီးခြားအုပ်ချုပ်မှုကို ပြုလုပ်ပါတယ်။ သူ့နယ်မြေအတွင်းမှာရှိတဲ့ ပုသိမ် ဒလသင်္ဘောများကိုလည်း သိမ်းယူခဲ့သလို ဧရာဝတီမြစ်ဝကျွန်းပေါ်မှာရှိတဲ့ နိုင်ငံခြားကူးသန်း ရောင်းဝယ်ရေး သော့ချက်များကိုလည်း သိမ်းယူပြန်ပါတယ်။ သူရဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကိုပါ သိမ်းယူပြီး ဗုဒ္ဓဘာသာကိုပါ မျိုးဖြုတ်သုတ်သင်ဖို့အထိ အစီအစဉ်များ ချမှတ်ဆောင်ရွတ်လာခဲ့ပါတယ်။
သူပိုင်ဆိုင်တဲ့ နယ်မြေအတွင်းမှာရှိတဲ့ ကျိုက်ခေါက်စေတီတော် အပါအဝင် ဘုရားစေတီ ပုထိုးတော်တွေရဲ့ ထီးတော်၊ ငှက်မြတ်နားတော်တွေမှာ လှူဒါန်းထားတဲ့ အဖိုးတန်၊ စိန်ရွှေရတနာတွေကို ဖြုတ်ယူပါတယ်။ ဘုရားဌာပနာတော်တွေကိုလည်း ဖောက်ထွင်းယူပါတယ်။ ဘုရားဆင်းတုတော်တွေကိုလည်း ဖျက်ဆီးပစ်ခဲ့ပါတယ်။ ကြေးဆင်းတုတော်၊ ကြေးစည်၊ ကြေးခေါင်းလောင်း၊ စတာတွေကိုလည်း ဖြတ်ယူပြီး အမြောက်ဆံကျည်ဆံများပြုလုပ်ပါတယ်။ နောက်ပြီးမြင့်မြတ်တဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေကိုလည်း ညှဉ်းဆဲနှိပ်စက် သတ်ဖြတ်ပြန်ပါတယ်။
ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ သူ့ရဲ့ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် မြန်မာ့မြေပေါ်မှာတောင် ထင်ထင်ပေါ်ပေါ် မနေဝံ့ကြတော့ဘဲ တိတ်တိတ်ပုန်းပုန်းနေရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက ရဟန်းသံဃာတော်တွေကို အလှူဒါန်းရဆိုတဲ့ အမိန့်ကို ထုတ်ပြန်ပြီး အမျိုးမျိုးနှောင့်ယှက်ပေးကာ မြန်မာ့မြေ တစ်စိတ်တစ်ဒေသမှာ ဗုဒ္ဓဘာသာ သာသနာကွယ်ပျောက်အောင် လုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို ကြားသိတော်မူသော အင်းဝဘုရင် မဟာသီဟသူမင်းဟာ လွန်စွာမှ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် စစ်အင်အားအလုံးအရင်းနဲ့ တပ်ကြီးချီလာပြီး သံလျင်မြို့ကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်တော်မူပါတယ် မြို့သိမ်းတိုက်ပွဲဟာ အလွန်ပြင်းထန်လှပါတယ်။ မြန်မာရဲဘက်တော်များဟာ အမျိုး ဘာသာ သာသနာကို ချစ်တဲ့စိတ်နဲ့ မကြောက်မရွံ့ နောက်မတွန့်ဘဲ တိုက်ခိုက်ကြပါတယ်။ အဲဒီအခါ မြို့ရိုးပေါက်ပြီး သာသနာဖျက် ကျူးကျော်ရေးသမား၊ ငရဲသား ငဇင်ကာ(ခ) ဒီဘရစ်တိုကို အရှင်လက်ရဖမ်းဆီးရမိပါတယ်။ အင်းဝဘုရင်လည်း ဒီဘရစ်တို(ခ) ငဇင်ကာကို ကားစင်တင် တံကျင်းထိုးပြီး ကွပ်မျက်လိုက်ပါတယ်။
ဗုဒ္ဓသာသနာဖျက် ငဇင်ကာကြောင့် မြန်မာလူမျိုးတွေအနေနဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတွေထဲက တစ်ခုဖြစ်တဲ့ ဓမ္မစေတီခေါင်းလောင်းကြီး အစပျောက်သွားမှုပါပဲ။ ဓမ္မစေတီခေါင်းလောင်းကြီးကို ဓမ္မစေတီမင်းက ခရစ်နှစ် (၁၃၇၆)ခုနှစ်မှာ သွန်းလုပ်ပြီး ရွှေတိဂုံဘုရားကြီးမှာ လှူဒါန်းခဲ့ပါတယ်။ ဓမ္မစေတီခေါင်းလောင်းကြီးရဲ့ ကြီးကျယ်မှုကတော့ ကြေးချိန်ပိဿာ ၁၈၀,၀၀၀၊ တန်ချိန် ၂၇၀၊ အစောက် ၁၂တောင်၊ အဝ ၈-တောင် ရှိပါတယ်။ ဓမ္မစေတီမင်းကြီး လှူဒါန်းပြီးနောက် ၁၃၂-နှစ်ခန့်အကြာ ခရစ်နှစ် ၁၉၀၈-ခုနှစ်မှာ ငဇင်ကာဟာ အမြှောက်များ၊ ကျည်ဆံများပြုလုပ်ရန် ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်မှ ဓမ္မစေတီခေါင်းလောင်းကြီးကို အတင်းအဓမ္မ လုယူသယ်ဆောင်သွားပါတယ်။ သန်လျင်ဘက်သို့ မရောက်မီ ပုဇွန်တောင်ချောင်းဝ အရောက်မှာ တင်ဆောင်ထားတဲ့ သဘောင်္ာဝမ်းဗိုက်ကွဲထွက်သွားပြီး ရန်ကုန်မြစ်အတွင်းထဲ နစ်မြုပ် ပျောက်ကွယ်ခဲ့ရဟာ ယနေ့အချိန်ထိပါပဲ။ ငဇင်ကာဟာ ဒီခေါင်းလောင်းကြီးကို လုယူသယ်ဆောင်ခြင်း မပြုခဲ့ဘူး ဆိုရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ ရွှေတိဂုံဘုရားကြီးအပေါ်မှာ ယနေ့အချိန်ထိ ဂုဏ်ယူဝင့်ကြွားစွာ တွေ့မြင်နိုင်ပါသေးတယ်။
ဒီအကြောင်းတွေကို ဒီနေရာလေးမှာ ထည့်ပြောရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လူမျိုးခြား ဘာသာခြားတွေဟာ မြန်မာ့မြေပေါ်မှာ အခွင့်ကောင်းကို ရတိုင်း ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးတွေကို အမြဲတမ်း ဖျက်ဆီးနှောင့်ယှက် ကြတယ်ဆိုတာ သိစေချင်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး လူမျိုးခြား ဘာသာခြားတွေကို ရာထူးကြီးကြီး ပေးမိခဲ့တဲ့အတွက် အဲဒီရာထူးကပဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကို နှိပ်စက်ဖျက်ဆီး စော်ကားခံခဲ့ရတယ်ဆိုတဲ့ သတိသံဝေဂကို ရစေချင်လွန်းလို့ပဲဖြစ်ပါတယ်။ အတိတ်က ဖြစ်ရပ်တွေကို သင်္ခန်းစာယူပြီး ပြုပြင်သင့်သည်များကို ပြုပြင်စေချင်ကြောင်း အသိပေးလိုက်ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D