သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, May 2, 2013

လူတွေရဲ့ နေထိုင်မှု ပုံစံတွေထဲမှာ ရိုးရိုးအေး...


 
EU Sanction ရုတ်သိမ်းတာနဲ့ ပါတ်သက်ပီး မကျေမချမ်းနိုင် ဖြစ်နေကြတဲ့ လူတွေနဲ့ ဦးကျော်ဆန်းရဲ့ တပည့်တွေနဲ့ ဝမ်းမနာသားတွေက ပြည်ပအားကိုး ပုဆိန်ရိုးဆိုတဲ့ စကားလုံးတွေ သုံးလာတာတွေ့တော့ စာလေးတစ်ပုဒ်တော့ ရေးမယ်ဆိုပီး ဖေ့ဘွတ်ပေါ် တက်လာချိန်မှာ ဖေ့ဘွတ်ပေါ်မှာ သမ္မတကတော် ကိစ္စနဲ့ ပါတ်သက်တာကို ကောင်းကောင်း ဣဿ မစ္ဆရိယ ပွားများနေတာကို ကြည့်ပီး အတော်လေး အံ့သြသွားမိတယ်......

လူတွေရဲ့ နေထိုင်မှု ပုံစံတွေထဲမှာ ရိုးရိုးအေးအေး နေသူတွေကို ငကြောက်တွေလို့ သတ်မှတ်ခံရပီး သီဟတင်စိုးလို အရာရာကို တော်လှန်ရမယ်၊ မတရားမှုကို အံတုရမယ်လို့ စိတ်တွေဝင်နေကြသူ အများစု ကြားထဲမှာ သမ္မတကတော် ကားအဖမ်းခံရတဲ့ ကိစ္စဟာ ဓါးစာခံ ဖြစ်သွားရှာပေမယ့် ဘာကြောင့်များ စိတ်တွေ ဒီလိုဖြစ်ကုန်ကြသလဲ စဉ်းစားမိတယ်.....

အစိုးရ ဝန်ထမ်းတွေ အငြိမ်းစားယူရင် အဆင်ပြေသလို လုပ်ကိုင် စားသောက်ကြတာမယ်၊ အပေါ်ပိုင်းက လူတွေရဲ့ သူတို့ နောင်ရေးဘဝအတွက် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် စီမံတာတွေကို မဲ့ကာ ရွဲ့ကာ ရေးနေတာတွေ တွေ့တော့ အတော် အံ့သြသွားမိတယ်....... သူခိုးတွေ များခဲ့တဲ့ ဦးသန်းရွှေ လက်ထက်မှာ အစိုးရဝန်ထမ်းတိုင်း သူဌေးမဖြစ်ခဲ့တာ၊ နဝတ ခေတ်က လာဘ်မစား ဘာမစားနဲ့ ဝန်ကြီးလုပ်ခဲ့ပီး အခုအချိန်မှာ ချို့ချို့ငဲ့ငဲ့နဲ့ ဘဝကို ရုန်းကန်နေရရှာတဲ့ ဘာသာပြန် အလုပ်နဲ့ အသက်မွေးရင်း သူ့ဘဝကို သူကြောင်းနေရတဲ့ သူတစ်ယောက်ကိုကော ဒီလူတွေ ဘယ်လိုများ အပြစ်မရှိ အပြစ်ရှာကြမလည်း တွေးကြည့်ရင်း စိတ်မကောင်း ဖြစ်မိတယ်......

အခု အပြစ်ပြောနေကြတဲ့ စာရင်းစစ်ချုပ် ဦးလွန်းမောင်ဆိုတာ သတ္ထုတွင်းနဲ့ ဦးပိုင်တို့ရဲ့ အရှုပ်ထုတ်တွေကို လွှတ်တော်မှာ စာရင်းစစ် ရလာဘ်တွေကို စတင် တင်သွင်းခဲ့သူဆိုတာကို သူတို့ သိပါလေစ....... လက်ပံတောင်းတောင် ကော်မရှင် အစီရင်ခံစာမှာ ဒေါ်စုနှင့်အတူတူ လုပ်ဆောင်ခဲ့သူဆိုတာကို သူတို့ အမှတ်ရပါ့မလား...... (လက်ပံတောင်း အစီရင်ခံစာထွက်ပြီး အစီရင်ခံစာနှင့် ပါတ်သက်လို့ ကျွန်တော်လည်း စာ တစ်ချို့တွေ ရေးခဲ့ပေမယ့် ကော်မတီမှာ ပါဝင်ခဲ့ပြီး ကျရာတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့တဲ့ ကော်မတီဝင် တတ်/သိ ပညာရှင်များစွာကို ခေါက်ထားခဲ့သလို ဖြစ်တဲ့အတွက် ယနေ့အချိန်ထိ စိတ်မကောင်းပါ။ စကားချပ်။)

ဘာပဲပြောပြော အခုထွက်လာတဲ့ ဦးသိန်းစိန်ရဲ့ ပင်စင်ယူအပီး သတင်းတွေ၊ တစ်ချိန်တုန်းက သတင်းတွေနဲ့ ပါတ်သက်လို့တော့ ဘောင်းဘီချွတ်ကနေ ပုဆိုးဝတ်လဲဖို့ အုပ်စုလိုက်ကြီး အငြိမ်းစားပေးခဲ့စဉ်က ဟန်မဆောင်နိုင်အောင် ပျက်ယွင်းသွားသူ များစွာထဲမှာ မင်းခယောက်ျား ကမ်းနားသစ်ပင်ပဲ ဆိုတဲ့စိတ်နဲ့ တည်တည်ငြိမ်ငြိမ်ပဲ ရှိခဲ့တဲ့ ဦးသိန်းစိန် အကြောင်းကို သိထားတဲ့ ကျွန်တော့်အတွက်တော့ ထူးပီး အံ့သြမနေခဲ့ဘူး.......

အဲ့ဒိကိစ္စတွေကိုပဲ မဲ့ကာ ရွဲ့ကာနဲ့ ခွက်စောင်းခုတ်နေကြသူတွေကို ကြည့်လိုက်တော့ ဒေါ်စု ဝတ်တာ၊ စားတာမှသည် သွားတာ လာတာ နေတာ ထိုင်တာအထိ တဖွဖွ ရှာကြံ ချီးမွမ်းနေသူတွေ ဖြစ်နေတာကို တွေ့မိတော့ ဦးသိန်းစိန် ဘက်တော်သားတွေက ဂွင်တွေ့ရင် ပြန်ခွက်စောင်းခုတ်ကြမယ့် အရေးကိုတွေးရင်း ဖေ့ဘွတ်မှာ ဖြစ်လာမယ့် တိုက်ပွဲတွေကို စိတ်ပျက်မိတယ်......... တစ်ဖက်နဲ့ တစ်ဖက် ကိုယ်နဲ့မဆိုင်ရင် အပြုသဘောတောင် စိတ်မထားနိုင်ပဲ အောက်ခြေမှာ အပြန်အလှန် ခွက်စောင်းခုတ်နေကြသူတွေ ငြိမ်းချမ်းဖို့အရေးဟာ ပြည်တွင်းစစ် ပြေငြိမ်းရေးထက် အဆပေါင်းများစွာ ခဲယဉ်းမယ် ဆိုတာကို တွေးမိတယ်.........

အပေါ်ပိုင်းက လူကြီးပိုင်းမှာ ပြဿနာ နည်းသလောက် အောက်ခြေက စိန် ဘက်တော်သား၊ စု ဘက်တော်သားတွေ ဂွင်တွေ့တိုင်း အပြန်အလှန် တွယ်နေကြတာကို ကြည့်ရင်း သူတို့နဲ့ လိုက်ဖက် ထိုက်တန်တဲ့ သင်္ကေတကို မျက်လုံးထဲမှာ မြင်ယောင်မိတယ်၊ ပြောရရင်တော့ ရိုင်းကာမှ ရိုင်းစေတော့၊ ညစ်ညမ်းတယ်လို့ ယူဆလည်း ဒဲ့ပဲပြောရရင်တော့ နှစ်ဖက်စလုံးဟာ အခွင့်သာတိုင်း အပြန်အလှန် ဆော်နေကြတဲ့ 69 တွေလို့ပဲ သတ်မှတ်တာပါပဲ......... 69 တွေရေ ကိုယ့်ဟာကိုယ် ခွေကြပါလေ ပါတ်ဝန်းကျင်ကို အားနာကြပါလို့ပဲ ပြောပါရစေ..........


ဦးဇင်းမိုးညံ မနောမြေ 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D