သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, May 2, 2013

Free Thinker ဆိုတာ


 
ဟိုတစ်ရက်က Free Thinker ဆိုတာ ဘယ်လိုမျိုးလဲ လာမေးတော့ အဲ့ဒိတုန်းက ခပ်လွယ်လွယ်ပဲ ဖြေလိုက်တယ် ဘာသာရေးနဲ့ ပါတ်သက်ရင် ကျင့်ကြံ လိုက်နာရမှာကို မလုပ်ချင်တဲ့ ငပျင်းတွေလို့ ပြောလိုက်မိတယ်...... အေးအေးဆေးဆေး စဉ်းစားရင်းနဲ့မှ သူတို့ကို ငပျင်းလို့ ပြောမိတာ နောင်တရမိတယ်..... ဘာလို့လည်းဆိုတော့ Free Thinker အရည်ခြုံတွေ ပေါနေတာကိုး.....

လွတ်လပ်စွာ တွေးခေါ်သူလို့ခေါ်တဲ့ Free Thinker တွေကို သတ်မှတ်ထားတာက သူတို့ဟာ တကယ့်ဖြစ်ရပ်တွေအပေါ်မှာ သိပ္ပံနည်းကျကျ၊ ကျိုးကြောင်းဆက်စပ်ပြီး ခိုင်မာတဲ့ အချက်တွေပေါ်မှာ အခြေခံပြီး သုံးသပ်ယုံကြည်သူတွေလို့ ဆိုတယ်.... ဒါပေမယ့် သူတို့ရဲ့ အတွေးအခေါ်ဟာ ကိုးကွယ်ရာ ဘာသာတစ်ခုခုကဖြစ်စေ၊ အာဏာပိုင်များကဖြစ်စေ၊ အစိုးရကဖြစ်စေ၊ လှေနံဓါးထစ် ယုံကြည်မှုကဖြစ်စေ ဆင်းသက်လာခြင်း မဟုတ်ဘူးလို့ ဆိုပါတယ်.......

Free Thinker ဆိုတာ အစုအဖွဲ့တွေရဲ့ ကိုးကွယ်ယုံကြည်မှု၊ သတ်မှတ်ထားတဲ့ စံနှုန်းများ၊ မီဒီယာများ အစရှိတာတွေကနေ တင်ပြလာတဲ့ အမှန်တရားတွေအပေါ်မှာ ငြင်းပယ်ခြင်း၊ လက်ခံခြင်း မရှိရဘူးလို့ ဆိုပါတယ်..... အဓိက သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင် ဗဟုသုတ၊ ထိုးထွင်းသိမြင်နိုင်စွမ်း၊ စူးစမ်းရှာဖွေမှုနဲ့ သုံးသပ်ဆင်ခြင်တဲ့ အချက်တွေပေါ်မှာ စဉ်းစားဆုံးဖြတ်ကြခြင်းလို့ ဆိုပါတယ်...... အခြားသူတွေ ကိုးကွယ်လို့ လိုက်ကိုးကွယ်တာထက် ကိုယ်ပိုင် အသိဥာဏ်နဲ့ လေးလေးနက်နက် စဉ်းစားတွေးခေါ်သူတွေလို့ သတ်မှတ်ထားပါတယ်.....

အခုလက်ရှိ တွေ့နေရတဲ့ Free Thinker တွေကတော့ ဘာသာတရားတွေရဲ့ အဆုံးအမ၊ လိုက်နာ ကျင့်ကြံရမှာကို မလုပ်ချင်ကြတာတွေ များတာ တွေ့ရပါတယ်.... အချို့တွေကတော့ အခြားဘာသာတရားကို ပုတ်ခတ်ဖို့ မိမိကိုယ်ကို ဖရီးသင်ကာလို့ သတ်မှတ်ကြပါတယ်..... တစ်ချို့ကတော့ လွတ်လပ်စွာ အချုပ်အချယ် ကင်းမဲ့စွာ နေချင်တဲ့ပုံစံကို မြင်ပါတယ်......

Free Thinker အများစုကို လေ့လာကြည့်လိုက်တော့ သိပ္ပံနည်းကျကျ၊ ကျိုးကြောင်းဆက်စပ်ပြီး ခိုင်မာတဲ့ အချက်တွေပေါ်မှာ အခြေခံပြီး သုံးသပ်ယုံကြည်မှု ပြုလုပ်နိုင်စွမ်း အားနည်းပြီး အခြားသော ဘာသာကိုးကွယ်သူတွေကို လိုက်လံ သရော်နေတာ တွေ့ရပါတယ်..... Free Thinker လွတ်လပ်စွာ တွေးခေါ်သူ (ဝါ) ဘာသာရေးမှ အနှောင်အဖွဲ့ကင်းသူလို့ မိမိကိုယ်ကို ခံယူထားသူတွေအနေနှင့် ကျန်သည့် သက်ဆိုင်ရာ ဘာသာကိုးကွယ်နေသူများအား အယူအဆ မတူလျင်နေပါစေ ခနဲ့တဲ့တဲ့ သရော်မော်ကား၊ အောက်ကလိအာတာမျိုး မလုပ်သင့်ပါ.....

မိမိမယုံကြည်တိုင်း လိုက်လံပုတ်ခတ်နေခြင်းဟာ စစ်မှန်တဲ့ Free Thinker တစ်ယောက်မဟုတ်ပါ.... Free Thinker လို့နာမည်ခံထားတိုင်း အခြားဘာသာကိုးကွယ်သူများကို လွတ်လပ်စွာ စော်ကားခွင့်၊ သရော်ခွင့် ရရှိနေတယ်ထင်ရင်တော့ မှားပါတယ်.... သို့သော အဆိုပါ Free Thinker ဗုဒ္ဓဘာသာကို ပယ်ပယ်နှယ်နှယ် အောက်ကလိအာနေသော်ငြား အများစုဟာ ဝက်သားမစားရတဲ့ ဘာသာကို စိုးစဉ်းမျှ ဝေဖန်ခြင်း မရှိတာလည်း တွေ့ရပါတယ်....

တကယ်တန်း Free Thinker ဆိုသည်မှာ ဗုဒ္ဓဘာသာမှ ကာလာမသုတ်နှင့်လည်း ထပ်တူထပ်မျှ တူညီနေတာကိုလည်း တွေ့ရပါတယ်.... သို့သော် အများစုကတော့ အခြားဘာသာအား ပုတ်ခတ်နိုင်ရင် Free Thinker နာမည်ကို ခံယူထားတာပါ..... တနည်းအားဖြင့် ဝင်ကစွတ်များကဲ့သို့ ကာဗာယူထားခြင်းဖြစ်သော်လည်း ပင်ကိုယ်စိတ်ရဲ့ ဣဿမစ္ဆရိယကို မထိမ်းနိုင်ခြင်း ပေါ်လွင်နေတာလည်း ခဏခဏ တွေ့ရပါတယ်....

Free Thinker ၏ မူရင်းအဓိပ္ပါယ်မှာ လွန်စွာကောင်းမွန်သော်ငြား Free Thinker လို့နာမည်ခံသူများရဲ့ တစ်ဖက်စောင်းနင်း ပြောဆို၊ ပြုမူ နေထိုင်ခြင်း၊ ဘာသာ တစ်ခုခုကို ကိုးကွယ်သူများအား ငကြောင်များကဲ့သို့ ပြောဆို ဆက်ဆံခြင်းများကြောင့် လူအများ အမြင်ကတ်ခံရခြင်းပဲ ဖြစ်ပါတယ်...... ထိုသို့သော Free Thinker များကိုတော့ ဝင်ကစွတ် Free Thinker လို့ပဲ မြင်မိပါတယ်..... ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ ပျော့ညံ့မှုကို Free Thinker လို့ခေါ်တဲ့ မာကျော်တဲ့ ခရုခွံနဲ့ အကာအကွယ် ယူထားလို့ပဲ ဖြစ်ပါတယ်.....

လူမှု Society တွင် လူတစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားမှုဟာ လွန်စွာ အရေးကြီးပါတယ်.... လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသလို လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ခွင့်လည်း ရှိပါတယ်..... သို့သော Free Thinker နာမည်ခံပြီး အခြားအခြားသော ကိုးကွယ်ရာ ဘာသာများအား လိုက်လံ သရော်မော်ကား အောက်ကလိအာနေခြင်းများကြောင့် သူတို့ကို ဝင်ကစွတ် Free Thinker လို့ပဲ ခေါ်ချင်ပါတော့တယ်....


ဦးဇင်းမိုးညံ မနောမြေ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D