သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 3, 2013

ဘနီဇာဘူတို လုပ်ကြံမှု စုံစမ်းသူ အသတ်ခံရ

ဗွီအိုအေ (မြန်မာဌာန)
03.05.2013
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Benazir Bhutto လုပ်ကြံ သတ်ဖြတ်ခံရမှု၊ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ၂၀၀၈ ခုနှစ်က ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို စုံစမ်း စစ်ဆေးနေတဲ့ အစိုးရရှေ့နေ သတ်ဖြတ်ခံလိုက်ရတယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။
Chaudry Zulfikar ကို မော်တော်ဆိုင်ကယ်စီးလာတဲ့ သေနတ်သမားက သောကြာနေ့မှာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။ သူ့ရဲ့ သက်တော်စောင့်လည်း တိုက်ခိုက်မှုအတွင်း ဒဏ်ရာ ရသွားခဲ့ပြီး အနားမှာရှိတဲ့ အမျိုးသမီးတဦးကတော့ သူစီးလာတဲ့ကားနဲ့ အတိုက်ခံလိုက်ရတာကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သေနတ်သမားကတော့ ထွက်ပြေးလွှတ်မြောက်သွားခဲ့ပါတယ်။
ဒီအတောအတွင်း မေလ ၁၁ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း Sadiq Zaman khattak လဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြည်ပမှာသွားရောက်နေထိုင်နေရာက ပါကစ္စတန်ကိုပြန်လာပြီး သီပတ်အနဲငယ်အတွင်း ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက Rawalpindi မြို့မှာ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့ ၀န်ကြီးချုပ်ဟောင်း Benazir Bhutto အမှုကို Zulfikar က စုံစမ်း စစ်ဆေးနေတာပါ။
ဝန်ကြီးချုပ်ဟောင်း ဘူတို လုပ်ကြံသတ်ဖြတ်ခံရမှုမှာ စစ်အုပ်ချုပ်ရေးမှူးဟောင်း Pervez Musharraf ပါဝင် ပတ်သက်တယ်လို့ စွပ်စွဲခံထားရတာပါ။ မစ္စတာ မူရှာရက်ဖ်ကတော့ အဲဒီ စွဲဆိုချက်ကို ငြင်းဆိုထားပါတယ်။
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D