သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, April 30, 2013

Boston အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့ သဲလွန်စသစ် တွေ့ရှိ


 Boston ဗုံးခွဲမှုနဲ့ပတ်သက်ပြီး သဲလွန်စ ဆက်လက်ရှာဖွေ 
Boston ဗုံးခွဲမှုနဲ့ပတ်သက်ပြီး သဲလွန်စ ဆက်လက်ရှာဖွေ
ဗွီအိုအေ (မြန်မာပိုင်း)
30.04.2013

Boston မာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုအတွက် သံသယရှိသူနဲ့ တအိမ်တည်း အတူနေသူ အမျိုးတွေရဲ့ မျိုးဗီဇ နမူနာတွေကို  အစိုးရ စုံစမ်းထောက်လှမ်းသူတွေက  သက်သေအဖြစ် ကောက်ယူနေပါတယ်။

FBI ထောက်လှမ်းရေးအဖွဲ့က သေဆုံးခဲ့သူ တာမာလန်း ဆာနော့ဗ် (Tamerlan Tsarnaev) ရဲ့ ဇနီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် မုဆိုးမ ကတ်သရင်း ရတ်စဲလ် (Katherine Russell) ရဲ့ မိဘတွေ နေထိုင်ရာ Rhode Island က အိမ်မှာ တနင်္လာနေ့က  မျိုးဗီဇ နမူနာတွေကို ကောက်ယူခဲ့တာပါ။  ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမှုမှာ သုံးခဲ့တဲ့  ပစ္စည်းအပိုင်းအစတွေထဲက အနည်းဆုံး တခုမှာ  အမျိုးသမီးတဦးရဲ့ DNA ကို တွေ့ခဲ့ရတဲ့အတွက် အခုလို စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီး ၃ ရက်အကြာ  ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သူ့ခင်ပွန်း သေဆုံးသွားပြီးကတည်းက ရတ်စဲလ် (Russell) ဟာ သူ့ရဲ့ သမီးငယ်နဲ့အတူ သူ့မိဘအိမ်မှာ သွားနေခဲ့တာပါ။  သူမဟာ  စုံစမ်းစစ်ဆေးမှုတွေအတွက် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

တချိန်တည်းမှာပဲ တာမာလန်း (Tamerlan) ရဲ့ညီဖြစ်သူ  အဖမ်းခံနေရတဲ့ အသက် ၁၉ နှစ်အရွယ် ဇိုခါ ဆာနော့ဗ် (Dzhokar Tsarnaev) အတွက် ခုခံပြောဆိုရာမှာ အကူအညီပေးဖို့ နာမည်ကြီး ရှေ့နေတဦးဖြစ်တဲ့  ဂျူဒီ ကလဒ့် (Judy Clarke) ကို တရားရုံး တရားသူကြီးက ခန့်အပ်ပေးခဲ့ပါတယ်။


(VOA)  မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D