သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 25, 2013

တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဆက်ဆံရေးကော်မတီ အလုပ်အဖွဲ့ စတင်ဖွဲ့စည်း

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်ငန်းကော်မတီတစ်ခုဖြစ်တဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကော်မတီဟာ ပြည်နယ်တွေမှာ အောက်ခြေအဆင့် အလုပ်အဖွဲ့တွေကို စတင်ဖွဲ့စည်းတော့မယ်လို့ သိရပါတယ်။

ဝန်ကြီးဌာန ရုံးဟောင်းလေးလုံးကို ဟိုတယ်အဖြစ် ပြောင်းလဲသွားမည်

ကိုလိုနီခေတ် လက်ကျန်အဆောက်အဦးတွေဖြစ်တဲ့ ဝန်ကြီးဌာနရုံးဟောင်း ၄ လုံးကို ပုဂ္ဂလိကလုပ်ငန်းရှင် တွေထံ လွှဲပြောင်းပေးပြီး ဟိုတယ်လုပ်ငန်းတွေအဖြစ် ပြောင်းလဲအသုံးပြုသွားမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှပ် နှံမှုကော်မရှင် အကြီးအကဲတွေက ဒီနေ့ပြောလိုက်ပါတယ်။
ဒီနေ့ရန်ကုန်မြို့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာရင်းနှီးမြှပ်နှံမှု ကော်မရှင် တွဲဘက်အတွင်းရေးမှူးလည်းဖြစ် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး သူရ ဦးသောင်းလွင်က ပြောခဲ့တာပါ။

မလေးရှားမယ်ကမ္ဘာ ပြိုင်ပွဲတွင် မူဆလင် အမျိုးသမီးများ တားမြစ်ခံရ

အစ္စလာမ်ဘာသာဝင် အမျိုးသမီး များ အလှမယ်ပြိုင်ပွဲဝင်ခြင်းမှာ အပြစ် (ဟာရမ်)ဖြစ်သည်ဟု ဖက်ဒရယ် ဒေသန္တရဘာသာရေး ဆရာဝမ် ဇဟီဒီဝမ်က အွ...န်လိုင်းမှ ဝေဖန်မှုကြောင့် ဖိုင်နယ်အ ဆင့် မလေးရှားအလှ မယ် လေးဦးပြိုင် ပွဲမှ ထုတ်ပယ်ခံရကြောင်း The Star သတင်းစာမှ သိရသည်။

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

Thursday, July 25, 2013


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၁၈ / ၂၀၁၃ )

၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်


(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)

အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများ

 အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများမကြာသေးမီ ကာလအတွင်း အဆုတ်ကင်ဆာ ဖြစ်နှုန်းဟာ မြင့်တက်လာပါတယ်။ အထူးသဖြင့် အမျိုးသားတွေနဲ့နှိုင်းယှဉ်ရင် အဆုတ် အရွယ်အစားသေးငယ်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များလာပါတယ်။ ဒါပေမဲ့ အဆုတ်ကင်ဆာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဆေးလိပ်သောက်သူဖြစ်နေရင်တောင် ကာကွယ်
နိုင်ပါသတဲ့။ အောက်ပါ နည်းလမ်းတွေဟာ အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေကို ၆၇ ရာခိုင်နှုန်းကျော်အထိ လျှော့ချနိုင်ပါတယ်။

ပရိသတ်ရင်ထဲလည်း မရောက်နိုင်ဘူးဆိုရင် မရိုက်ချင်တော့ဘူးလို့ဆိုတဲ့ သရုပ်ဆောင် နဝရတ်နှင့် တွေ့ဆုံခြင်း

အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသတော့မည့် တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကား နှင့်အတူ ပရိသတ်များနှင့် တစ်ကျော့ပြန်ပြန်လည်ထိတွေ့ဖို့ ကြိုးစားလာသော သရုပ်ဆောင် နဝရတ်နှင့် တွေ့ဆုံပြီး ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဇာတ်ကားရိုက်ကူးမှုများကို ၂ နှစ်နီးပါးကြာ ရပ်နားထားရသည့် အကြောင်း အရင်းနှင့်မလေးရှားနိုင်ငံတွင် ရိုက်ကူးမည့် မဟာဆန်တဲ့ မာယာမျက်နှာဖုံး ရုပ်ရှင်ဇာတ်ကားများအကြောင်း ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

ငွေကျပ် သိန်း ၁၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၇ သောင်းကျော် ပိုင်ရှင်မဲ့သိမ်းဆည်းရမိ


ကျိုင်းတုံ ၊ ၂၅-၇-၂၀၁၃
ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ကျိုင်းတုံမြို့ အ၀င် နောင်ဖာ စစ်ဆေးဂိတ် ၌ ယမန်နေ့ နံနက် ၂ နာရီ အချိန်က WY စာတမ်းပါ စိတ်ကြွဆေးပြား ၇ သောင်းကျော် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

တင်ပြီးသား post များ

3D