သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, May 13, 2013

သူတော်စင်တွေ ပုပ်ရဟန်းမင်းရွေးခြယ်

ပုပ် Francis စိန့်ပီတာ ရင်ပြင်မှာ 
အသင်းတော်ဝင်များကို နှုတ်ဆက်နေစဉ်။ (မေလ ၁၂၊ ၂၀၁၃)
ပုပ် Francis စိန့်ပီတာ ရင်ပြင်မှာ အသင်းတော်ဝင်များကို 
နှုတ်ဆက်နေစဉ်။ (မေလ ၁၂၊ ၂၀၁၃)
ဗွီအိုအေ (မြန်မာဌာန)

13.05.2013
ပုပ်ရဟန်းမင်းကြီး Francis က သူပထဆုံးရွေးချယ်တဲ့ Roman Catholic
သူတော်စင်တွေကို ကြေညာလိုက်ပါတယ်။

အဲဒီထဲမှာ ၁၅ ရာစုတုန်းက အစ္စလာမ်ဘာသာပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် ခေါင်းဖြတ်ခံခဲ့ရတဲ့ ရာနဲ့ချီတဲ့ အီတလီလူမျိုးတွေလည်း ပါဝင်ပါတယ်။ မတ်လမှာ ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့ပြီးကတည်းကဆိုရင် ပထမဆုံး သူတော်စင် သတ်မှတ်တဲ့ အခမ်းအနားမှာ ပုပ်ရဟန်း မင်းကြီး Francis က ပထမဆုံး တောင် အမေရိကတိုက်သား သူတော်စင်အဖြစ် Colombia နိုင်ငံက Catholic သီလရှင် တပါးကိုရွေးချယ်ခဲ့သလို Mexico နိုင်ငံက နောက်ထပ် Catholic သီလရှင် တပါးကိုလည်း သူတော်စင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၁၄၈၀ ခုနှစ်တုန်းက အီတလီတောင်ပိုင်း Otranto မြို့ကို Ottoman Turks တွေ ဝင်ရောက် သိမ်းပိုက်ပြီး ခရစ်ယာန်ဘာသာဝင်တွေကို အစ္စလာမ်ဘာသာ ပြောင်း ခိုင်းပါတယ်။ ဘာသာပြောင်းဖို့ ငြင်းဆန်တဲ့ အမျိုးသားနဲ့ ယောင်္ကျားလေးပေါင်း ၈၀၀ လောက်ကို Ottoman Turks တွေ ခေါင်းဖြတ်သတ်ပစ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က သူတော်စင်အဖြစ် သတ်မှတ်ခဲ့သူတွေထဲမှာ Antonio Primaldo ဆိုသူအပါအဝင် ခေါင်းဖြတ်သတ်ခံရသူ ၈၀၀ လုံးပါဝင်ပါတယ်။ သူတော်စင် တင်မြှောက်တဲ့ အခမ်းအနားကို တက်ရောက်တဲ့ ပရိသတ် ၆ သောင်းလောက် ကို ပုပ်ရဟန်းမင်းကြီး Francis က မိန့်ခွန်းပြောခဲ့တာမှာ ဒီကနေ့ကမ္ဘာကြီးမှာလည်း ကိုယ့်ရဲ့ယုံကြည်မှုအတွက် အကြမ်းဖက်ခံနေကြတဲ့ ခရိယာန်ဘာသာဝင် အများ အပြား ရှိနေသေးကြောင်းနဲ့ မကောင်းမှုတွေကို ကောင်းမှုနဲ့တုံ့ပြန်နိုင်ဖို့ ခွန်အားဖြည့်ပေးတဲ့ အနေနဲ့ သူတို့အတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်၊

(VOA)   မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D