သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, May 14, 2013

" ဘယ်လို ပြောရမလဲ ? "

အရင်တုန်းက အိမ်မှာခေါ်ထားတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။
ပုံစံက ယောက်ျားလေးဆန်တယ်။ပြောရင်လည်း ကျနော် ဟုတ်ကဲ့ ခင်ဗျာ ဆိုပြီးပြောတတ်တယ်။
ကေတိုလေး နဲ့ အမြဲသွက်သွက်လတ်လတ်လေးပါ အရမ်း အားးကိုးရတယ်။သိတတ်တယ်။
ကိုယ်တွေကလည်း သူကို Family type ပုံစံလေးနဲ့ ပဲထားပါတယ်။ဒါပေမယ့် လူဆိုတဲ့ အမျိုးကလည်း သိတဲအတိုင်းပဲ တစ်နေရာထဲမှာ မပျော်မွေ့ တတ်ကြဘူး။

လွတ်လပ်တာကို နှစ်သက်သဘောကျကြတယ်။ သူတို့ သူငယ်ချင်းတွေက တရုတ်ပြည်နယ်စပ် မှာ ကျောက်သွေးကြတယ် လခ ပိုရတယ်လို့ ပြောတယ်ဆိုပြီး အလုပ်ထွက်ဖို့ ပြောလာတယ်။
ကိုယ်ကလည်း မနေချင်သူကို ဆွဲမခေါ်ထားချင်ဘူး။ ကိုယ်ပေးနိုင်တဲ့ လခ ထက်လည်းပိုပြီးမပေးနိုင်ဘူး လေ။ အဲ့ တော့လည်း သွားပါစေပေါ့ သူမိဘတွေကလည်း ပိုက်ဆံပိုရတဲ့ ဆီကို လွတ်ချင်နေမှတော့ ကိုယ်လည်း မတတ်နိုင်ဘူး။ ကောင်မလေးက ကိုယ်တွေမိသားစုကို သံယောဇဉ်ရှိပါတယ်။ သူအလုပ်ကနေ ပြန်လာလည်တိုင်း မမ အတွက်လက်ဆောင်ဆိုပြီး အမြဲလာလာပေးတတ်တယ်။

အဆင်ပြေလားဆိုတော့ ဟုတ်ကဲ့ ပြေပါတယ်တဲ့ ။ သူ့ ကြည့်ရတာတော့ပျော်နေပုံပါ။ပထမ တစ်ခေါက် ပြန်လာတော့ ရည်စားရနေပြီလို့ ကြားလို့ အံ့သြမိပေမယ့် သြော် ... သူလည်း မိန်းကလေးက မိန်းကလေးပါပဲလေဆိုပြီး မဆန်းဘူးလို့ တွေးမိတယ်။ အဲ့ နောက် သူလုံးဝ ပျောက်သွားတယ် လုံးဝ ပေါ်မလာတော့ဘူး။ ဟော.. ပြီးခဲ့ လပိုင်းလောက်က တော့ အိမ်ထောင်ကျသွားပြီလို့ ကျလိုက်မိတယ်။

ကဲ ကြည့် မနေ့ က ကလေးတစ်ယောက် နဲ့ အိမ်ကို အလည်ဆိုပြီးရောက်လာတယ်။ အိမ်မှာလာနေတုန်းက ကေတိုလေးက သူ က အခုတော့ မိန်းမကြီးအသွင် နဲ့ ကလေးလေးက လည်းအရမ်းချစ်ဖို့ ကောင်းပါတယ် ဖြူဖြူဖွေးဖွေးလေးနဲ့တစ်နှစ်တော့ မပြည့်သေးဘူး။ ဒါနဲ့ ညဉ်းအမျိုးသားရော ဆိုတော့ အိမ်ထောင်ကျပြီးကထည်း ညီမ ကဒီမှာပဲနေတာပဲ သူကတော့ ဟိုကနေ ပိုက်ဆံပို့ ပို ပေးတယ်တဲ့ ။

ဘယ်ကနေလဲဆိုတော့ တရုတ်ပြည်နယ်စပ်မှာတဲ့ ။သြော်... အဆင်ပြေရဲ့ လားဆိုတော့ ဘာမှ မပြောရှာဘူး။ ဒါနဲ့ ညည်း အမျိုးသားက ဘယ်ကလဲဆိုတော့ ကချင်ပြည်နယ်ကတဲ့ က ကချင်လူမျိုးတဲ့  ဒါနဲ့ သူမိဘတွေကရောဆိုတော့  မျက်နှာမကောင်းဘူး မသိဘူးတဲ့ ။ သူတို့ အိမ်ကိုရော ရောက်ဘူးလားဆိုတော့  ဟင် အင်း တဲ့ ။

သြော် .... ကျမ ဘာမှ ဆက်မမေးရက်တော့ ဘူး။ ကျမ သူ ကျဆင်းလာမယ့် မျက်ရည်တွေကို မကြည့်ရက်လို့ ပါ။ ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ ရမလား ? အလွန်းတဲ့ သူ့ ကို ရိုက်ပစ်လိုက်ရလား ?
အတွေး ပေါင်းများနဲ့  ဒီလို လူမျိုးတွေ မြန်မာပြည်မှာ ဘယ်နှစ်ယောက်များရှိနေပါလိမ့်လို့ သာ တွေးနေရင်းသာ............။


( မြန်မာ အမျိုးသမီးလေးတွေအနေ ဖြင့် ဆင်ခြင်တုံတရား
လက်ကိုင်ထားနိုင်စေရန် အဖြစ်မှန်တစ်ခုကို တင်ပြချင်းမျှသာ )

လေးစားစွာဖြင့် မုန်းမြို့ သူ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D