သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, May 16, 2013

ကြာသပတေးနေ့ မြန်မာတီဗွီသတင်

Published 16.05.2013
၂၀၁၃ ခုနှစ် မေလ ၁၆ ရက် ကြာသပတေးနေ့ ဗွီအိုအေ မြန်မာတီဗွီ သတင်းများကို
ို တင်ဆက်ပေးထားပါတယ်။

 
မုန်တိုင်းဒဏ်ခံရသူများ အစိုးရတန်းတူကူညီ
Published 16.05.2013
မဟာစန် ဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက် တိုက်ခတ်နိုင်ခြေရှိနေတဲ့ ရခိုင်ပြည်နယ် အတွင်းမှာ အစိုးရက မုန်တိုင်းကြောင့် အပျက်အစီ အဆုံးအရှုံး အနည်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ ကိုကျော်ကျော်သိန်းက ကိုယ်တိုင် တက်ရောက် သတင်းရယူထားပါတယ်။



အမေရိကန် အခွန်ဌာန အခွန်ကိစ္စအငြင်းပွား
Published 16.05.2013
ဒီသီတင်းပတ်အတွင်းမှာတော့ သမ္မတအိုဘားမားအစိုးရ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ အသေးစိတ်စစ်ဆေးမှုတွေဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခြေအနေကို ရောက်သွားနိုင်ဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာ အမေရိကန်ကောင်စစ်ဝန်ရုံး အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ ထပ်ရှိလာနေသလိုပဲ အမေရိကန်အခွန်ဌာန IRS ကလည်း ဌာနရဲ့အမှားကျူးလွန်ခဲ့မှုကို ၀န်ခံခဲ့ပါတယ်။

 

အာဖဂန် - ပါကစ္စတန် နယ်ခြားပြဿနာ
Published 16.05.2013
ပါကစ္စတန်နဲ့ အာဖဂန်နယ်ခြားဒေသမှာမကြာသေးခင်က ဖြစ်ပွား ခဲ့တဲ့ နှစ်ဘက်ပစ်ခတ်မှုမှာ၊အာဖဂန်စစ်သားတဦးသေဆုံးပြီးတဲ့ နောက်၊ ပါကစ္စတန် နဲ့ အာဖဂန် နှစ်နိုင်ငံ အကြား တင်းမာမှုတွေက ပိုပြီး မြင့်တက်လာနေပါတယ်။ အဲဒီနယ်ခြားဒေသဟာ ဗြိတိသျှတွေ အိန္ဒိယနိုင်ငံကိုအုပ်ချုပ်စဉ်ကတည်းက နှစ်နိုင်ငံ နယ်နိမိတ်အဖြစ် သတ်မှတ် ခဲ့တာဖြစ်ပြီး၊ ဒီနေရာကိုပဲ အာဖဂန်က သူပိုင်တယ်ဆိုပြီး အငြင်းပွားနေတာပါ။ ဒါကိုပဲ ဗြိတိသျှ ကိုလိုနီစံနစ်ဆိုးရဲ့ အမွေတခုအဖြစ် ဥပမာပေး၊ ဝေဖန်မှုတွေလည်း ရှိနေ ပါတယ်။ ဗြိတိ သျှတွေဖန်တီးခဲ့တဲ့ ပြဿနာကို ဗြိတိသျှတွေ ပဲ ဖြေရှင်းရမယ်ဆိုပြီး ပြောဆိုမှုတွေလည်းရှိနေတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်း ထောက် Henry Ridgwell လန်ဒန်မြို့ကနေ သတင်းပေးပို့ထားတာကိုကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။

 

တောင်အာဖရိကနိုင်ငံက ကလေးစွန့်ပစ်ဖို့တောင်း
Published 16.05.2013
တောင်အာဖရိက နိုင်ငံမှာ မွေးကင်းစကလေးငယ်တွေကို စွန့်ပစ်ကြတဲ့ အခါမှာ ပန်းခြံတွေ အမှိုက်ပုံတွေမှာ စွန့်ပစ်ကြတာမို့ ကလေးငယ်တွေ သေဆုံးကြရတဲ့ အထိ ဖြစ်ရပါတယ်။ ဒါကြောင့် မိခင်ဖြစ်သူတွေ အနေနဲ့ ကလေးတွေကို စွန့်ပစ်ကြဖို့ အတွက် လုံခြုံ စိတ်ချရတဲ့ နေရာလေးတွေ ဖန်တီးပေးပြီး ကလေးတွေကို မွေးစားတဲ့ အဖွဲ့တွေ အကြောင်းကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးမှာပါ။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D