သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, May 15, 2013

အရင်းအမြစ် စီမံခန့်ခွဲမှု အနိမ့်ကျဆုံးစာရင်းမှာ မြန်မာပါဝ

Revenue Watch Index
Revenue Watch Index
စွမ်းအင်အပါအ၀င် အရင်းအမြစ် ကြွယ်ဝပေမဲ့လည်း စီမံခန့်ခွဲမှုတွေမှာ အားနည်းတဲ့ တိုင်းပြည်တွေအနက် မြန်မာနိုင်ငံဟာ အနိမ့်ဆုံး အဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာက အစိုးရတွေရဲ့ ဘဏ္ဍာရေး အစီအမံတွေကို စောင့်ကြည့်လေ့လာနေတဲ့ Revenue Watch အဖွဲ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀ှမ်းက အရင်းအမြစ်တွေ အဓိက ထုတ်လုပ်ကြတဲ့ တိုင်းပြည်တွေရဲ့ ၂၀ ရာခိုင်နှုန်း နီးပါးလောက်ဟာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု အဆင့်အတန်း နိမ့်ကျနေတယ်လို့ လေ့လာချက်က တွေ့ရှိခဲ့တာပါ။



မြန်မာနိုင်ငံဟာ ဆိုရင်လည်း ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မျက်လို သယံဇာတ ထုတ်လုပ်မှုတွေကနေ အဓိက ၀င်ငွေ ရရှိနေပေမဲ့ စီမံခန့်ခွဲမှုတွေမှာတော့ ညံ့ဖျင်းတာကြောင့် Revenue Watch ရဲ့ အညွှန်းကိန်းမှာပါတဲ့ နိုင်ငံပေါင်း ၅၈ နိုင်ငံအနက် နောက်ဆုံးအဆင့်မှာ ရှိနေတယ်လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်က နောက်ဆုံး ရရှိထားတဲ့ ကိန်းဂဏန်းတွေအရ အရင်းအမြစ် ထုတ်လုပ်မှု ကဏ္ဍဟာ ပြည်ပတင်ပို့မှုတွေရဲ့ ၃၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမဲ့ ဒီလုပ်ငန်းတွေကို ဘယ်လို စီမံခန့်ခွဲ နေသလဲ၊ ရလာတဲ့ ၀င်ငွေတွေကို ဘယ်လို သုံးစွဲသလဲ ဆိုတာတွေမှာတော့ အများပြည်သူက ဘာမှ သိခွင့် မရဘူးလို့လည်း ဖော်ပြထားတာပါ။

အရင်းအမြစ် ထုတ်လုပ်မှုတွေမှာလည်း အစိုးရပိုင် လုပ်ငန်းတွေကသာ အဓိက ထိန်းချုပ်ထားပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအ၀ိုင်းအပေါ် ထိခိုက်နိုင်တဲ့ အခြေအနေတွေကိုလည်း ကျကျနန လေ့လာ ဆန်းစစ်တာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။

Revenue Watch ရဲ့ အညွန်းကိန်းက အရင်းအမြစ် စီမံခန့်ခွဲမှု အဆင့် အမြင့်ဆုံးအဖြစ် အမှတ် ၁၀၀ ကနေ အနိမ့်ဆုံး ၁ မှတ်အထိ သတ်မှတ်ထားတာပါ။ ဒီအထဲမှာ မြန်မာနိုင်ငံကတော့ ၄ မှတ်နဲ့ အနိမ့်ဆုံးအဆင့် သတ်မှတ်ခံခဲ့ရပြီး နော်ဝေနိုင်ငံကတော့ ၉၈ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ စာရင်းသွင်း ခံခဲ့ရပါတယ်။
(VOA)   မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D