သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, May 15, 2013

မင်္ဂလာဆောင် အသွင်းကြေးကို မပေးဆပ်နိုင်၍ ဧပြီလအတွင်း မူဆလင် အမျိုးသမီး ၂၂ ဦး သတ်ဖြတ်ခံရ

ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ၊ မူဆလင် ဓလေ့ထုံးတမ်းအရ အိမ်ထောင်ပြုစဉ် အမျိုးသမီးများဘက်က လင်ယောင်္ကျား ဖြစ်သူများထံ ပေးဆောင်ရမည့် အသွင်း ကြေးငွေများကို အကျေအလည် မပေးဆပ်နိုင်သဖြင့် ဧပြီလ တစ်လအတွင်း အမျိုးသမီး ၂၂ ဦးကို ယောင်္ကျားဖြစ်သူများက သတ်ဖြတ်ပစ်ခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ လူ့အခွင့်အရေး အဖွဲ့တခုက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်သော Bangladesh Society for the Enforcement of Human Right က ယမန်နေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် အဆိုပါ အမျိုးသမီး ၂၂ ဦးမှာ လင်ယောင်္ကျားများကို အသွင်းကြေးငွေ အကျေအလည် မပေးနိုင်သဖြင့် ရက်စက်စွာ သတ်ဖြတ်ခံရကြောင်း ၊ ကျန် အမျိုးသမီး ၆ ဦးမှာမူ ပြင်းပြင်းထန်ထန် ဒဏ်ရရှိသွားကြောင်း အစီရင်ခံစာက ဆိုသည်။
ဧပြီ တစ်လတည်း အတွင်း အခြားအိမ်တွင်း အကြမ်းဖက်မှုများ အပါအ၀င် အသွင်းကြေး မပေးနိုင်၍ ဘင်္ဂလာဒေခ်ျ့တွင် အသတ်ခံရသူ စုစုပေါင်း အမျိုးသမီး ၂၅ ဦးထိ ရှိခဲ့ပြီး ၁၉ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ မူဆလင် ရိုးရာ ဓလေ့ ထုံးစံအရ အိမ်ထောင်ပြုရာတွင် အမျိုးသားများကို အမျိုးသမီးများက တင်တောင်းရပြီး ၊ ထိုသို့ တင်တောင်းစဉ် မင်္ဂလာ ခန်းဝင် ပစ္စည်းများ အပါအ၀င် တစ်အိုးတစ်အိမ်ထောင်ဖြင့် လုပ်ကိုင် စားသောက်ရန်အတွက် သိန်းနှင့် ချီသော ငွေကြးများကိုလည်း အမျိုးသမီး မိဘများဘက်က အမျိုးသားဘက်သို့ ပေးဆောင်ရသည်။
အိမ်ထောင်ပြုပြီး အမျိုးသမီးများဘက်က ပေးဆောင်ရမည့် အသွင်းကြေးငွေများကို ပေးဆောင်ရန် ပျက်ကွက်သဖြင့် လင်ယောင်္ကျားများက အမျိုးသမီးများကို မကြာခဏ သတ်ဖြတ်မူများ ရှိနေသည်။
ဘင်္ဂလီ အမျိုးသမီး တဦးအား အိမ်ထောင်ပြုပုံ စနစ်ကို နိရဉ္စရာမှ မေးကြည့်ရာ သူမက ယခုကဲ့သို့ ပြောသည် ဟု ဆိုသည် ။
“အမျိုးသမီး တစ်ယောက် အိမ်ထောင်ပြုတော့မယ် ဆိုရင် ကိုယ်လက်ထပ်မယ့် ယောက်ျားကို ဆင်းရဲချမ်းသာ၊ ပညာတတ် မတတ်အပေါ်မှာ မူတည်ပြီး ငွေကြေး အမြောက်အမြားနဲ့ တင်တောင်း ရပါတယ်။ ချမ်းသာပြီး ပညာတတ်ဆိုရင် အဲဒီ ယောက်ျားကို အနည်းဆုံး တာကာငွေ သိန်းဆယ်နဲ့ ချီပီး ပေးရပါတယ်။ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းမှာ ကျတော့ အနည်းဆုံး တာကာ ၃ သောင်းကနေ ၇ သောင်း အထက်ပေးကြရပါတယ်။ ကျွန်မတို့ နိုင်ငံမှာ အမျိုးသမီးတွေ အဘက်ဘက်က အနှိမ်ခံနေရသလို ဖြစ်နေပါတယ်” ဟု ပြောသည်။
သို့သော်လည်း ယခုခေတ် လူငယ်များ အနေဖြင့် အိမ်ထောင်ပြုလျင် အမျိုးသမီးများဘက်က ငွေကြေး အမြောက်အများဖြင့် ယောင်္ကျားဘက်ကို တင်တောင်းရသည့် စနစ်ကို ဆန့်ကျင် လာကြသော်လည်း မူဆလင် ရှေးရိုးစွဲ ၀ါဒီများနှင့် ငွေကြေးတပ်မက်သူများက ယခုထက်တိုင် အသုံး ပြုနေကြသည်ဟု သူမက ပြောသည်။
တချို့ဆင်းရဲသော မိဘများ အနေဖြင့် သမီးမိန်းခလေး မွေးလာလျှင် အိမ်ထောင်ပြုသောအခါ ယောင်္ကျားဖြစ်သူအား အသွင်းငွေ အမြောက်အများ ပေးဆောင်ရမည်ကို သိသဖြင့် ၊ လူမမယ်မိန်းခလေးငယ်အား သတ်ဖြတ် ပစ်လိုက်သည်များပင် ရှိကြောင်း သိရသည်။
အဆိုပါ စနစ်ကို ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် လူ့အခွင့်အရေး အဖွဲ့များက ပြင်းပြင်းထန်ထန် ဆန့်ကျင် တိုက်ဖျက်နေသော်လည်း (ဘင်္ဂလီ ၊ ရိုဟင်ဂျာအပါအဝင် ) မူဆလင် လူ့အဖွဲ့အစည်းကြားတွင် ထိုစနစ်မှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေသဖြင့် ယခုအချိန်ထိ တိုက်ဖျက်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
ကမ္ဘာပြားကြီးကို ဖန်ဆင်းတော်မူခဲ့သော မဟာတန်ခိုးတော်ရှင် မဟာဥာဏ်ကြီးရှင် ဖြစ်တော်မူသည့် အလ္လာဟ်ရှင် ကို မြင်ဖူးပါသည်ဆိုသည့် မူဆလင် တစ်ဦးတစ်ယောက်မျှ မရှိသော်ငြား ၄င်းအလ္လာဟ်ရှင် သည်ယောက်ျားဖြစ်မည်ဟု ယူဆဖွယ်ရာ အချက်အလက်များရှိကြောင်း စီနီယာအလ္လာဟ်က ခန့်မှန်းပြောဆိုလိုက်သည် ။ ထို့ပြင် ကိုကိုယောက်ျားတို့အတွက် အလွန်သင့်တော်သည့် အဆိုပါ ဓလေ့ထုံးတမ်းစဉ်လာတော်မြတ်ကြီးကို ကျင့်သုံးရန် ချမှတ်ပေးတော်မူခဲ့သော အလ္လာဟ်ရှင်ကို စီနီယာအလ္လာဟ်က ချီးမွမ်းတော်မူလိုက်ပြီး ၊ မြန်မာပြည်မှ မိန်းခလေးများလည်း ထိုသို့ လိုက်နာကျင့်သုံးကြလျင်ကောင်းပေမည်ဟု သဘောရကြောင်း ထုတ်ဖော်ပြောကြားလိုက်သည် ။
မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာများကမူ မင်္ဂလာဆောင်ခြင်းကိစ္စသည် နှစ်ဦးနှစ်ဖက်တို့က အိုးသစ်အိမ်သစ်ကို အတူတူ ထူထောင်ကြခြင်းဟု သဘောထားကြောင်း ၊ မင်္ဂလာကြေးကို ယောက်ျားလေး မိန်းကလေး တစ်ဖက်ဖက်ကို တာဝန်တစ်ရပ်အဖြစ် ခွဲဝေချမှတ်ထားခြင်းမရှိကြောင်း ၊ သတိုးသားသတိုးသမီးတို့၏ ငွေကြေးဓနအပေါ်အခြေခံလျက် ဆောင်ရွက်ကြလေ့ရှိကြောင်း ၊ များသောအားဖြင့် သတိုးသား ယောက်ျားလေးဖက်က တာဝန်ယူကြလေ့ရှိပြီး ၊ အချို့ မိန်းခလေးဖက်မှ တာဝန်ယူကာ အချို့ကမူ မျှတစွာခွဲဝေကျခံကြကြောင်း ၊ မင်္ဂလာအသွင်းကြေး(dowry) မတတ်နိုင်ကြသော မူဆလင်အမျိုးသမီးများအနေဖြင့် မူဆလင် ယောက်ျားများနှင့် အိမ်ထောင်ပြုခြင်းမှရှောင်ကျဉ်ပြီး ၊ လူသားဆန်သည့် အကြင်နာတရားနှင့် ပြည့်စုံသော မြန်မာယောက်ျားလေးများနှင့် အိမ်ထောင်ပြုဖို့စဉ်းစားသင့်လှပါပေသည်ဟု ဟာဂျီဝက်စလီက အကြံပြုပြောကြားလိုက်သည် ။
Ref:
- နေရဉ္စရာသတင်းစဉ် ။
- http://www.highbeam.com/doc/1G1-225548650.html
- http://southasia.oneworld.net/todaysheadlines/repression-deaths-over-dowry-increase-in-bangladesh

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D