သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, May 15, 2013

ဓမ္မစေတီ ခေါင်းလောင်းကြီး ထပ်မံ ရှာဖွေ ဆယ်ယူမည်

ဓမ္မစေတီ ခေါင်းလောင်းကြီး ထပ်မံ ရှာဖွေ ဆယ်ယူမည်
နိုင်ငံခြား ကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် ဒေါပုံမြစ်ဝ ရေအောက်တွင် ရာစုနှစ် လေးခုတိုင် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူခြင်း လုပ်ငန်းကို ယခုနှစ် ဇူလိုင်လတွင် စတင် အကောင် အထည်ဖော် သွားမည်ဟု ဆယ်ယူနိုင်ရေး ကြိုးပမ်းသူ တစ်ဦးဖြစ်သည့် စာရေး ဆရာ ချစ်စံဝင်းက ပြောသည်။
ဆရာချစ် စံဝင်းက ''အခုဟာက နိုင်ငံတကာဘက်က ဆယ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျွန်တော်တို့ ဘက်က လည်း ပြင်ဆင်ထားပြီးပြီ၊ လွှတ်တော်မှာလည်း ဆယ်ပါ့မယ်လို့ ကတိလည်း ပေးပြီးပြီ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ကလည်း ပြင်ဆင်ထားပြီးပြီ လာမယ့် သုံးလလောက်မှာ ဆယ်ယူဖို့ လုပ်ငန်းကို စနိုင် လောက်မယ်'' ဟု ပြောသည်။
ခေါင်းလောင်းကြီးကို မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စင်ကာပူနိုင်ငံရှိ S.D Mark International LLP ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၁ဝ သန်း အကုန်အကျခံကာ ဆယ်ယူပေးမည်ဟု ၂ဝ၁၂ ခုနှစ် ဇွန် ၃ဝ ရက်တွင် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင်
ကုမ္ပဏီမှ တာဝန်ရှိသူတို့က ပြောကြား ခဲ့သည်။ ၎င်းအပြင် ဆယ်ယူရာတွင်လည်း သမိုင်းဝင်ပစ္စည်းများ ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံ သား မိုက်ကယ်မိုက်ဟယ်ဂျာကို ငှားရမ်းသွားမည်ဟု ကုမ္ပဏီက ပြောသည်။
လက်ရှိတွင် နှစ်ပေါင်း လေးရာ အတွင်း မြစ်ကြောင်း ပြောင်းလဲမှုများကို သုတေသန ပြုလုပ် ပြီးစီးပြီ ဖြစ်ကာ ဆယ်ယူရာတွင် လိုအပ်သည့် အချက် အလက်များ ကိုလည်း စုဆောင်း ထားသည်ဟု စာရေးဆရာ ချစ်စံဝင်းက ပြောသည်။
ခေါင်းလောင်းကြီးကို ယခင်ကကဲ့သို့ ရေငုပ် ရှာဖွေမည် မဟုတ်ဘဲ ရေအောက် နစ်မြုပ်နေသည့် ပစ္စည်းများကို အချက်ပြနိုင်သည့် လေယာဉ်များ သုံးကာ လေယာဉ်မှ အချက်ပြသည့် နေရာတွင် ရေငုပ်၍ ရှာဖွေသွား မည်ဟု သူက ပြောသည်။
၎င်းပြင် ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် ဆောင်းပါးများ ကို ဖော်ပြမည့် လစဉ်ထုတ် ဓမ္မစေတီ သတင်းဂျာနယ် တစ်စောင်ကို ထုတ်ဝေနိုင်ရန် ပြင်ဆင်နေပြီး ပန်းမျိုးတစ်ရာ စာပေမှ ဖြန့်ချိသွား မည် ဖြစ်ကာ
ရှာဖွေရေးလုပ်ငန်းများ မစတင်မီတွင် S.D Mark International LLP ကုမ္ပဏီမှ ကြီးမှူးပြီး ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲ တစ်ခုကိုလည်း ကျင်းပသွားမည်ဟု သူကဆက်ပြောသည်။ ခေါင်းလောင်း တည်ရှိ သည့် နေရာ အတိအကျကို အဖွဲ့များစွာက အကြိမ်ပေါင်း များစွာ ရေငုပ် ရှာဖွေသော်လည်း ယနေ့တိုင် ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ထိုခေါင်းလောင်းကြီးတွင် လျှို့ဝှက်ဆန်းကြယ်မှု များစွာရှိကြောင်း။
နိုင်ငံခြား ကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် ဒေါပုံမြစ်ဝ ရေအောက်တွင် ရာစုနှစ် လေးခုတိုင် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူခြင်း လုပ်ငန်းကို
ယခုနှစ် ဇူလိုင်လတွင် စတင် အကောင် အထည်ဖော် သွားမည်ဟု ဆယ်ယူနိုင်ရေး ကြိုးပမ်းသူ တစ်ဦးဖြစ်သည့် စာရေး ဆရာ ချစ်စံဝင်းက ပြောသည်။
ဆရာချစ် စံဝင်းက ''အခုဟာက နိုင်ငံတကာဘက်က ဆယ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျွန်တော်တို့ ဘက်က လည်း ပြင်ဆင်ထားပြီးပြီ၊ လွှတ်တော်မှာလည်း ဆယ်ပါ့မယ်လို့ ကတိလည်း ပေးပြီးပြီ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ကလည်း ပြင်ဆင်ထားပြီးပြီ လာမယ့် သုံးလလောက်မှာ ဆယ်ယူဖို့ လုပ်ငန်းကို စနိုင် လောက်မယ်'' ဟု ပြောသည်။
ခေါင်းလောင်းကြီးကို မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စင်ကာပူနိုင်ငံရှိ S.D Mark International LLP ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၁ဝ သန်း အကုန်အကျခံကာ ဆယ်ယူပေးမည်ဟု ၂ဝ၁၂ ခုနှစ် ဇွန် ၃ဝ ရက်တွင် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ကုမ္ပဏီမှ တာဝန်ရှိသူတို့က ပြောကြား ခဲ့သည်။
၎င်းအပြင် ဆယ်ယူရာတွင်လည်း သမိုင်းဝင်ပစ္စည်းများ ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံ သား မိုက်ကယ်မိုက်ဟယ်ဂျာကို ငှားရမ်းသွားမည်ဟု ကုမ္ပဏီက ပြောသည်။ လက်ရှိတွင် နှစ်ပေါင်း လေးရာ အတွင်း မြစ်ကြောင်း ပြောင်းလဲမှုများကို သုတေသန ပြုလုပ် ပြီးစီးပြီ ဖြစ်ကာ ဆယ်ယူရာတွင် လိုအပ်သည့် အချက် အလက်များ ကိုလည်း စုဆောင်း ထားသည်ဟု စာရေးဆရာ ချစ်စံဝင်းက ပြောသည်။
ခေါင်းလောင်းကြီးကို ယခင်ကကဲ့သို့ ရေငုပ် ရှာဖွေမည် မဟုတ်ဘဲ ရေအောက် နစ်မြုပ်နေသည့် ပစ္စည်းများကို အချက်ပြနိုင်သည့် လေယာဉ်များ သုံးကာ လေယာဉ်မှ အချက်ပြသည့် နေရာတွင် ရေငုပ်၍ ရှာဖွေသွား မည်ဟု သူက ပြောသည်။
၎င်းပြင် ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် ဆောင်းပါးများကို ဖော်ပြမည့် လစဉ်ထုတ် ဓမ္မစေတီ သတင်းဂျာနယ် တစ်စောင်ကို ထုတ်ဝေနိုင်ရန် ပြင်ဆင်နေပြီး ပန်းမျိုးတစ်ရာ စာပေမှ ဖြန့်ချိသွားမည် ဖြစ်ကာ ရှာဖွေရေးလုပ်ငန်းများ မစတင်မီတွင် S.D Mark International LLP ကုမ္ပဏီမှ ကြီးမှူးပြီး ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲ တစ်ခုကိုလည်း ကျင်းပသွားမည်ဟု သူကဆက်ပြောသည်။
ခေါင်းလောင်း တည်ရှိ သည့် နေရာ အတိအကျကို အဖွဲ့များစွာက အကြိမ်ပေါင်း များစွာ ရေငုပ် ရှာဖွေသော်လည်း ယနေ့တိုင် ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ထိုခေါင်းလောင်းကြီးတွင် လျှို့ဝှက်ဆန်းကြယ်မှု များစွာရှိကြောင်း ဆယ်ယူရန် ကြိုးပမ်းခဲ့သူတို့က ယုံကြည် ခဲ့ကြသည်။
ယခုအကြိမ်တွင် သိပ္ပံနည်းကျ ရှာဖွေကာ ဆယ်ယူမည် ဖြစ်သော်လည်း ရိုးရာဓလေ့ ထုံးတမ်းများကို ပစ်ပယ်မည် မဟုတ် ကြောင်း ယခင် အကြိမ်များက ခေါင်းလောင်းကြီးကို ဆယ်ယူရာတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ဆရာ ချစ်စံဝင်းက ပြောသည်။
''ဒီဒေသမှာ ဘိုးဘိုးကြီးတို့ ယုံကြည်မှုတွေ အားလုံးကိုလည်း ကျွန်တော်တို့ မပစ် ပယ်ဘူး။ နောက်ပြီးတော့ မွန်အမျိုးသားတွေရဲ့ အဓိကရ ယဉ်ကျေးမှု ပစ္စည်းဖြစ်တဲ့ အချက်ကျတော့ မွန်ဓလေ့ ထုံးစံတွေ နဲ့လည်း တစ်စွန်းတစ်စမှ မငြိနိုင်အောင် လိုက်နာ ဆောင်ရွက်သွားမယ်'' ဟု သူက ပြောသည်။
ကိုယ်ပိုင် ငွေကြေး စိုက်ထုတ်ကာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ခေါင်းလောင်းကြီးကို သုံးကြိမ်တိုင် ရှာဖွေ ခဲ့သည့် အငြိမ်းစား ရေတပ်အရာရှိ ဦးစံလင်းကမူ ယခုကဲ့သို့ နိုင်ငံခြား အကူအညီဖြင့် ခေါင်းလောင်းကြီးကို ရှာဖွေ ဆယ်ယူရန် ကြိုးပမ်းခြင်းသည် အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု သူ၏အမြင်ကို ဆိုသည်။
ဦးစံလင်း သည် ၁၉၉၇ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၈ ခုနှစ်တွင်တစ်ကြိမ် ခေါင်းလောင်းကြီးကို ကိုယ်တိုင် ရေငုပ်ရှာဖွေ ခဲ့ပြီး ဒုတိယ အကြိမ်တွင် ခေါင်းလောင်း ကြီးကို တွေ့ရှိခဲ့ပြီး ခေါင်းလောင်းကြီး အနီးတွင် အခြားခေါင်းတစ် လုံး၊ ပေါ်တူဂီ သင်္ဘောပျက် နှစ်စင်း၊
ဥာဏ်တော် ခုနစ်တောင်ရှိ ရွှေသားအစစ် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ကျောက်သံပတ္တမြားများပါသည့် သေတ္တာ ၁၁ လုံးကို လည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
၎င်းတို့ကို ဆယ်ယူရန် အတွက် ၂ဝ၁ဝ ပြည့်နှစ်တွင် ရေအရင်း အမြစ်နှင့် မြစ်ကြောင်း ဦးစီးဌာနမှ အင်ဂျင်ပါဝါ ၁၅ဝဝ အထက်ရှိ သောင်တူးစက် တစ်စီးကို ငှားရမ်း အသုံးပြုခွင့် ပေးရန် တင်ပြခဲ့သော်လည်း အင်ဂျင်ပါဝါ ၁ဝဝဝ ရှိ သောင်တူး စက်ကိုသာ ရရှိခဲ့သည့် အတွက် သုံးရက်သာ တူးဖော်ပြီးနောက် ရပ်နားခဲ့ရသည်ဟု ဦးစံလင်းက ပြောသည်။
၎င်းအပြင် ခေါင်းလောင်းကြီးကို ဆယ်ယူနိုင်ခွင့်ပြုရန် အတွက် နိုင်ငံတော် သမ္မတထံသို့ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း ငါးကြိမ်တိုင် တင်ပြခဲ့ကြောင်း ဦးစံလင်းကဆိုသည်။
မွန်ဘာသာဖြင့် အပိန္နသော်ဟု အမည်ရှိသည့် ထိုခေါင်းလောင်းကြီး ကို ကောဇာသက္ကရာဇ် ၈၅၁ ခုနှစ် တပေါင်းလဆန်း ၈ ရက် ကြာသပတေးနေ့တွင် ဓမ္မစေတီမင်းက စတင်သွန်းလောင်း ခဲ့ပြီး ၈၅၂ ခုနှစ် ကဆုန်လဆန်း ၃ ရက်နေ့ (၁၄၉၁ ခုနှစ်) တွင် ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းခဲ့ကြောင်း သမိုင်း မှတ်တမ်းများအရ သိရသည်။
ရွှေတိဂုံ စေတီတော်သို့ လှူဒါန်း သည့် ခေါင်းလောင်းကြီးများ အနက် ဓမ္မစေတီ ခေါင်းလောင်းသည် ပထမဆုံး ခေါင်းလောင်းဖြစ်ပြီး ၁၂ တောင်၊ ကြေးပိဿာချိန် တစ်သိန်းရှစ်သောင်း ၂၉ဝ တန် ရှိသည်။
ကောဇာသက္ကရာဇ် ၉၇၄ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့ ၁၆၁၂ ခုနှစ်တွင် သန်လျင်မြို့စား ပေါ်တူဂီလူမျိုး ဗိုလ်မှူး ဇွင်ကာကူခေါ် ငဇင်ကာက ခေါင်းလောင်းကြီးကို အမြောက်သွန်းလုပ်ရန် သန်လျင်သို့ သယ်ဆောင်စဉ် ဒေါပုံမြစ် အကူးတွင် ဖောင်နစ်ခဲ့သည်ဟု ဆိုသည်။ ခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် လွန်ခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်က သြစတြေးလျ နိုင်ငံမှ Anima Film ကုမ္ပဏီကလည်း ကမ်းလှမ်း ခဲ့ဖူးကြောင်း သိရပါသည်။ ။
 
မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D