သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, May 14, 2013

" အကုသိုလ်နဲ့ သံဝေဂ "

နေ့ တိုင်းပါပဲ ကမ္ဘာအရပ်ရပ်ကသတင်းတွေကို ကိုယ်ဖတ်မိတယ်...။
ဘယ်နိုင်ငံမှာဘာတွေဖြစ်နေပြီဆိုတာတွေ စစ်ပွဲတွေ သတ်ဖြတ်မူ့ တွေ အနိဋ္ဌာန်ရုံတွေ
နေ့ စဉ်နဲ့ အမျှလူတွေကြားမှာဖြစ်ပေါ်နေတဲ့ ဒုက္ခတွေ မဆုံးနိုင်တဲ့ ပြဿနာတွေ........
သဘာဝဘေးအန္တရယ်တွေကျရောက်လာလို့ ကြောက်လန့် တကြားပြေးလွှားနေရတာတွေ......
ဖတ်ရင်းနဲ့ တရားသံဝေဂရမိပါတယ်...။ လူတွေရဲ့ လောဘ ဒေါသ မောဟတွေကနေ ပေါက်ဖွားလာတဲ့
အကုသိုလ်တွေဟာ လူတွေကိုပြန်နှိပ်စက်နေလိုက်ပုံများ ကြောက်စရာကောင်းလိုက်တာ...။

တနေရာမှာဖတ်မိတဲ့သတင်းတခုကတော့ ရပ်ပြစ်ရှစ်ပါးမှာလူဖြစ်ရတဲ့ဘ၀တွေအကြောင်းပါ...။
ထိပ်လန့် ဖွယ်ရာပါပဲ...
Mozambique နိုင်ငံက အမှိုက်ပုံကြီးတခုထဲမှာ ရှာဖွေစားသောက်ပြီးအသက်ရှင်ရပ်တည်နေကြတဲ့
လူတွေအကြောင်းပါ...။ အဲဒီထဲမှာမှ အောက်ကစာကြောင်းလေးကိုဖတ်မိပါတယ်...။

"The hardest to witness was when there were two women eating a dead dog's head that was already decomposing and raw," he said.

( အဆိုးဆုံးမြင်တွေ့ လိုက်ရတဲ့မြင်ကွင်းကတော့ အမျိုးသမီးနှစ်ယောက်က ပုတ်ပွနေတဲ့ ခွေးသေကောင်
ပုတ်ရဲ့ခေါင်းကို အစိမ်းလိုက်ကြီးစားနေကြတာပါပဲတဲ့ )

သြော်...လောကငရဲ ကြောက်စရာ ထိတ်လန့် တုန်လှုပ်စရာကောင်းပါတယ်...။

လူမူ့ ရေးနယ်ပယ်ကကြည့်မယ်ဆိုရင် ဒါဟာနိုင်ငံတနိုင်ငံဆင်းရဲလို့ လူတွေအခုလိုဒုက္ခရောက်နေကြတာ
လို့ ထင်မြင်ယူဆကြမှာပါ...။ သို့ သော်လည်း ဘာသာရေးရူ့ ထောင့်ကကြည့်မယ်ဆိုရင်တော့
ဒါဟာရပ်ပြစ်ရှစ်ပါးမှာလူသွားဖြစ်ရတဲ့ဘ၀ပါပဲ...။ ဘာကြောင့်အခုလိုဖြစ်ရလဲဆိုရင် ကိုယ်ပြုခဲ့တဲ့အကုသိုလ်
ကံကကိုယ်နဲ့ ထိုက်တန်တဲ့နေရာ ကိုယ့်ကိုပို့ ပေးလိုက်တာပါပဲ...။ ကုသိုလ်တရားတွေ ပြုခဲ့ရင်လည်း
ဒီကုသိုလ်နဲ့ ထိုက်တန်တဲ့ဘ၀ကို ရောက်ရတာပါပဲ...။ အရာအားလုံးဟာ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်အကုသိုလ်ကံ
တွေကကိုယ့်ဘ၀ကိုဖန်တီးသွားတာပါ...။ ဒါကြောင့်မို့ လည်း မေတ္တာ ကရုဏာနဲ့ 
ကျေးဇူးအနန္တကြီးမားတော်မူတဲ့ဘုရားရှင်က ဒီလိုဘ၀တွေကို မခံစားရအောင် မမေ့မလျှော့မပေါ့မဆတဲ့
သတိတရားနဲ့ ကုသိုလ်ကောင်းမူ့ တွေကိုပြုလုပ်ကြပါလို့ သတ္တ၀ါတွေကိုအရေးတကြီးမှာခဲ့တာနေမှာပါ။

*ရပ်ပြစ် ၈-ပါး*

ငရဲ၌ ဖြစ်ရခြင်း
တိရိစ္ဆာန်ဘုံ၌ ဖြစ်ရခြင်း
ပြိတ္တာ၊ အသူရကာယ်ဘုံ၌ ဖြစ်ရခြင်း
ဘုရားပွင့်နေဆဲအခါတွင် လွန်စွာ အသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အရူပဗြဟ္မာဘုံ နှင့် အသညသတ် ဗြဟ္မာဘုံတို့၌ ဖြစ်ရခြင်း
ဘုရားအမှူးပြုသော သံဃာတော်များမရောက်သော၊ သာသနာမရှိသော ပစ္စန္တရစ်အရပ်၌ ဖြစ်ရခြင်း။ (ရတနာသုံးပါး မတည်၍ ရိုင်းစိုင်းသူတို့အရပ်၊ သာသနာမရှိသောအရပ်)
ဘုရားပွင့်ဆဲ့အခါ၊ သာသနာရှိသောအခါဖြစ်သော်လည်း ပဋိသန္ဓေအားဖြင့် ကျိုး၊ ကန်း၊ ဆွံ့၊ အ ၍ တရားတော်ကို နားလည်နိုင်လောက်သောဉာဏ် မရှိသောသူဖြစ်ရခြင်း။
ဘုရားပွင့်ဆဲအခါ၊ သာသနာရှိသောအခါဖြစ်သော်လည်း မိစ္ဆာဒိဋ္ဌိ မှားသောအယူကို ယူသောသူ ဖြစ်ရခြင်း
တတ်သိနားလည်လောက်သောဉာဏ်နှင့် တိဟိတ်ပဋိသန္ဓေစိတ်ရှိသော်ငြားလည်း ဘုရားသာသနာ မရှိသောအခါ၌ လူဖြစ်ရခြင်း။


ဓမ္မမိတ်ဆွေအပေါင်း ကုသိုလ်တရားပွားများနိုင်ကြပါစေ...
အကုသိုလ်အပေါင်းမှကင်းဝေးနိုင်ကြပါစေ...

Life in 'trash Land'

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D