သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, May 12, 2013

မန္တလေးတွင် ဒံပေါက်စား၍ ဗုဒ္ဓဘာသာ ဘုန်းကြီး ၁၂ ပါး အဆိပ်မိ

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အမှတ် (၂)နယ်မြေ၊ နီးပါးတန်း ရပ်ကွက်ရှိ ဘေးလုံ ပရိယတ္တိစာသင်တိုက်တွင် မေလ ၈ ရက်နံနက်ပိုင်းက သံဃာတော် ၁၂ ပါးနှင့် လူ ၃ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည်။

... စာသင်တိုက်တွင် ပြုလုပ်သည့် အလှူမှ ကျွေးမွေးသော ကြက်သား ဒံပေါက်နှင့် ချည်ရည်ဟင်း၊ ငါးပိကြော်တို့ကို နံနက် ၅နာရီအချိန်ခန့် က အရုဏ်ဆွမ်းဘုဉ်းပေးပြီး ၄၅ မိနစ်ခန့်အကြာတွင် သံဃာ ၁၂ ပါးနှင့် စားသုံးမိသူ သုံးဦးတို့ အော့အန်ခြင်း၊ မူးဝေခြင်း၊ ၀မ်းလျှောခြင်းဖြစ်ပေါ်ကာ တံတားဦး မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း ကျောင်းတိုက်မှ စာချဆရာတော် ဦးပဏ္ဍိစ္စက မိန့်ကြားသည်။

“ငါးပါးကတော့ လိုအပ်တာတွေ ကုသပြီး နေ့ချင်းဆင်းလာတယ်။ ကျန်တဲ့ ခုနစ်ပါးကတော့ (မေ ၁၀ ရက်) လောက်ကျရင် ဆင်းရမယ် ပြောတယ်။ လူသုံးယောက်ကတော့ ဒီနေ့ဆင်းခွင့်ရမယ်ကြားတယ်။ စိုး ရိမ်စရာအခြေအနေမရှိတော့ပါဘူး"ဟု ဆရာတော်က မိန့်ကြားသည်။

အလှူရှင်ဆွေမျိုးများအပါအ၀င် ကျောင်းတိုက်အတွင်းရှိ သံဃာအချို့နှင့် အလှူလာဧည့်သည်အချို့ မူးဝေအော့အန်ကာ အစာအဆိပ်သင့်ဒဏ်ကို ခံစားခဲ့ရကြောင်း၊ ဆေးရုံတက်ကုသရသည့် အခြေအနေမ ရောက်ခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ သည့် ဆရာတော်အချို့က မိန့်ကြားသည်။ ဆေးရုံတက်သံဃာများတွင် ပထမပြန်စာမေးပွဲဖြေဆိုနေသည့် သံဃာ ငါးပါးပါဝင်သဖြင့် စာမေးပွဲကို ရပ်ဆိုင်းလိုက်ရကြောင်း ဆရာတော်က မိန့်ကြားသည်။

“ကျောင်းကအသက် ကိုးနှစ် လောက်ပဲရှိသေးတဲ့ ကိုရင်လေးဆို ပါးစပ်ထဲက အရည်တွေထွက်လာတယ်။ ဆေးတွေလိုပဲ နံလည်းနံတယ်”ဟု ယင်းကျောင်းမှ ဆရာတော် ဦးဝိမလက မိန့်ကြားသည်။



ယခုနှစ်အတွင်း မြန်မာ-မွတ်ဆလင် အဓိကရုဏ်းများ နိုင်ငံအနှံ့ဖြစ်ပွားလျှက်ရှိပြီး သောက်ရေ၊ ဒံပေါက် နှင့် ကွမ်းယာ များတွင် အဆိပ်ခတ်မည့် သတင်းများ ပျံ့နှံ့ခဲ့ဖူးသည်။ နီလာဒံပေါက် ဆိုင်သတင်းကိုလည်း  http://mmforward.blogspot.com/2013/03/blog-post_7069.html တွင် ဖတ်ရှုနိုင်သည်။

ME
----------------------
Phay Sit Gyi

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D