ရွှေ့ပြောင်း လုပ်သားတစ်ဦး မိမိကိုယ်ကိုယ် သတ်သေမှုနှင့် ပတ်သက်သော ကာလာဟလများ ဖြန့်ပြီး လူ အ များ ကို ထိုအမှု အတွက် ဆန္ဒပြရန် လှုံ့ဆော်သူ လူ ၁၃ ဦးကို လုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီး လိုက် သည်။ အဖမ်းခံရသည့် ၁၃ ဦးတွင် သေဆုံးသူ ယွမ်လီယာ၏ ရည်းစားဖြစ်သူလည်း ပါဝင်သည်။ အရောင်း စင်တာ ကြီး တစ်ခုတွင် လက်ထောက် အရောင်းစာရေးအဖြစ် အလုပ်လုပ်ကိုင်သော ရွှေ့ပြောင်းအလုပ် သမ ငယ် သေဆုံးမှုကြောင့် အစိုးရအရာရှိများနှင့် ရွှေ့ပြောင်း အလုပ်သမား တို့အကြား အခြေအနေ တင်း မာ လာသည်။သူသေဆုံး သွားသောကြောင့် ရာပေါင်း များစွာသော လူတို့ နာရီပေါင်းများစွာကြာသည် အ ထိ ဆန္ဒပြ ခဲ့ကြသည်။ ရဲများက ယွမ်လီယာသည် သူ့ကိုယ်သူ သတ်သေသွားခြင်း သာဖြစ်ကြောင့် ထို့ြေ ကာင့် ဤအမှုကို ဆက်လက် စုံစမ်းစရာ အကြောင်း မရှိကြောင်း ကြေညာ လိုက်သည်။ သို့သော် သူ၏ လုပ်ေ ဖာ် ကိုင်ဖက်များက ဤကြေညာချက်ကို အယုံအကြည် မရှိကြပေ။ ယွမ်လီ ယာအသတ်ခံ ရခြင်းဖြစ် သည် ဟူ၍သာ ယုံကြည် နေကြသည်။
ထို့ကြောင့် အဖြစ်မှန် ဖော်ထုတ်ပေးရန် ဆန္ဒပြ တောင်းဆိုကြ ခြင်းဖြစ်သည်။ အင်တာနက်တွင် ကောလာ ဟလ ဆက်လက် မဖြန့်စေရဟု အာဏာပိုင်များ ဘက်မှ ကြေညာပြီး ရက်သတ္တပတ် အနည်းငယ် အကြာ တွင် ယခုကဲ့သို့ စတင် ဖမ်းဆီးခြင်း ဖြစ်သည်။ ယွမ်လီယာ၏ ချစ်သူ ဖြစ်သူသည် ယွမ်လီယာ သေဆုံးမှုနှင့် ပတ် သက် ၍ မဟုတ်မမှန်သော သတင်းများဖြန့်ပြီး သေဆုံးသူ၏ တစ်နယ်တည်း သားများကို ဆန္ဒပြကြ ရန်လှုံ့ဆော် သည်ဟု ရဲများကဆိုသည်။
ယွမ်လီယာသည် အုပ်စုဖွဲ့ မတရားပြုကျင့် ခံခဲ့ရပြီးနောက် တိုက်အမြင့်ထက်မှ ပစ်ချခံခဲ့ရခြင်း ဖြစ်သည် ဟူသော မှတ်ချက်များလည်း အွန်လိုင်းတွင် ပျံ့နှံ့နေသည်။ တရုတ်နိုင်ငံတွင် ဆန္ဒပြမှုများသည် တစ်နှစ် ထက် တစ်နှစ် ပိုမို များပြားလာလျက် ရှိသည်။
ပြည်မြန်မာ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...