သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, May 27, 2013

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဝန်ကြီး ဦးအောင်မင်း မြစ်ကြီးနားရောက်ရှိ

အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့မှာပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့  သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့   မြစ်ကြီးနားမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း မနက်ဖြန်မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိမယ်လို့ သိရပါတယ်။
မြန်မာ ငြိမ်းချမ်းရေးစင်တာက အကြီးအကဲ တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ပြည်တွင်းမှာ ပထမဆုံးအနေနဲ့ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲဟာ ပိုမိုလေးနက်ပြီး ရလဒ်ကောင်းတွေလည်းရနိုင်ဖို့ အလားအလာကောင်းတွေရှိတယ်လို့ ပြောပါတယ်။
" ကျွန်တော်တို့ အနေနဲ့ ပြောချင်တာကတော့ ၇ ကြိမ်မြောက်လုပ်တဲ့ဟာက တခြားနိုင်ငံမှာလုပ်ခဲ့တာနဲ့ ကချင်ပြည်နယ်မြို့တော်မှာလုပ်ဖြစ်တာဆိုတော့ ပိုပြီးတော့ လေးနက်တဲ့သဘောဆောင်တော့ ပိုကောင်းတဲ့ ရလဒ်ကို ကျွန်တော်တို့က ရအောင်လုပ်မယ်လို့ မျှော်လင့်ပြီးတော့ လာကြတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပါ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ အင်မတန် ထိလွယ်ခိုက်လွယ်ဆိုတဲ့ အနေအထားမျိုးမှာ ဒါကိုကျွန်တော်တို့အားလုံးက ပြည်သူလူထုရော ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့သူတွေရော လူထုခေါင်းဆောင်တွေရော ဘာသာရေးခေါင်းဆောင်တွေရော မီဒီယာအားလုံးဝိုင်းပါမှ ကောင်းတဲ့ဘက်နဲ့ ပိုမြန်တဲ့ဘက်ကို ရောက်နိုင်မယ်လို့ ကျွန်တော်အနေနဲ့မြင်တယ်"
ငြိမ်းချမ်းရေးဆွေးနွေးမယ့် အဖွဲ့အစည်းတွေ ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက RFA ကို အခုလို ပြောပြပါတယ်။
" ဒီနေ့တော့ အစိုးရအဖွဲ့အနေနဲ့ ဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့ တွေရောက်ရှိနေပြီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့လည်း ၂၅ ရက်နေ့က ရောက်ရှိလာတယ်"
ဒီဆွေးနွေးပွဲကို လေ့လာသူတွေအဖြစ် တက်ရောက်မယ့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယား၊ တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ဆွေးနွေးပွဲအမီ ရောက်ရှိလာကြမယ်လို့ သိရပါတယ်။

.. www.MyanmarExpress.net
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D