သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, May 29, 2013

မလေးရှားတွင် မြန်မာနိုင်ငံသား (၃) ဦးကို သတ်သွားသည့် တရားခံ ၁၂ ဦးအား ရဲမှ လိုက်လံ ဖမ်းဆီးနေ

ကွာလာနီလန်း၊ တန်ဂျန် ပီရင်း၊ ဘူကစ် စီပါးရှိ မြန်မာနိုင်ငံသား ၃ ဦးအား သတ်သွားသော အမှုတွင် ပါဝင်ပတ်သက်နေသော နိုင်ငံခြားသား ၁၂ ဦးကို ကဒါတ် ရဲစခန်းမှ ရဲအရာရှိများက လိုက်လံရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း အလော် စတားမှ လာသည့်သတင်းအရ သိရှိရသည်။ လူသတ်မှု ဖြစ်ပွားခဲ့သော အခင်း ဖြစ်ပွားရာ နေရာအနီးတွင် အဆိုပါ လူများ ရှိနိုင် သေးသည်ဟု ကဒါတ် မှုခင်းစုံစမ်းစစ်ဆေးရေး အရာရှိ ဇာကာရီယာ အာမက်က ပြောကြား ခဲ့သည်။ လတ်တလော ရရှိထားတဲ့ သတင်း များအရ အဆိုပါ လူသတ်တရားခံများသည် ဘူကစ် စီပါး အနီးတစ်ဝိုက်ရှိ သစ်တောများ ထဲတွင် ပုန်းခိုနေဖွယ်ရာ ရှိသည်ဟုဆိုသည်။ ရဲမှ ၎င်းတို့အား လက်ပူးလက်ကြပ်မိနိုင်ရန် အပူ တပြင်း ကြိုးပမ်းနေကြကြောင်း သတင်းစာ ရှင်း လင်းပွဲတွင် သတင်းထောက်များအား ပြောကြား သွားခဲ့သည်။ အသတ်ခံရသူများ၏ အလောင်းများကို ဘူကစ်စီပါးအနီးရှိ သစ်တောထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အသက်မသေဘဲ ကျန်ရှိသူ တစ်ဦးသာ ထွက်ပြေးလွတ်မြောက်ကာ ရဲစခန်းသို့ ရောက်ရှိ လာနိုင်ခဲ့ခြင်း ဖြစ်သည်။
လူသတ်မှု ကျူးလွန်ခဲ့သူများသည် ဓါးရှည်များ အသုံးပြုကာ ပြစ်မှုကျူးလွန်ခဲ့ကြပုံ ရပြီး အခင်းဖြစ်ပွားရာအနီးတွင် ဓါးရှည်တစ်လက် ကိုသာ တွေ့ရှိရပြီး အခြားသဲလွန်စများကိုလည်း ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း သိရှိရ သည်။ အသက်မသေဘဲ ထွက်ပြေးလွတ် မြောက်လာသူ တစ်ဦးကို ကွာလာနီရန်း ဆေးရုံ တွင် ဆေးကုသ ပေးလျက်ရှိကြောင်း ဇာကာရီ ယာက ပြောကြားခဲ့သည်။ အသတ်ခံခဲ့ရသူ (၃) ဦးမှာ မြန်မာနိုင်ငံ သားများ ဖြစ်ကြပြီး ရခိုင်ပြည်နယ်မှ မလေးရှားသို့ ရာဘာလုပ်ငန်းခွင်တွင် လာရောက် လုပ်ကိုင်ကြ သော မောင်ခိုင်သောင်း (၃၈) နှစ်၊ လင်းတင်မောင် (၂၁) နှစ်၊ မောင်သန်းရွှေ (၁၆) နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။ အောင်ချိုထွေး (သတင်းကွန်ယက်) Ref: Bernama

နိုင်ငံခြားမှမြန်မာများသတိရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D