အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင် ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့သည် “မြန်မာ - ဘာအနာဂတ်လဲ” ခေါင်းစဉ်ဖြင့် ဘီဘီ စီ ရုပ်သံ လွှင့် သတင်းဌာန၏ ကမ္ဘာကျော် စကားစစ်ထိုးပွဲ The World Debte အစီ အစဉ်တွင် ပါ ၀င် ၍ စကားစစ်ထိုးမည်ဖြစ်ကြောင်း သိရသည်။
ထိုစကားရည်လုပွဲ ရုပ်သံ အစီအစဉ်ကို နေပြည်တော်တွင် ဇွန်လ ၅ ရက်မှ ၇ရက်အထိ ကျင်းပမည့် World Economic Forum ကျင်းပနေ စဉ် အတွင်း နေပြည်တော်ရှိ ဖိုရမ်ကျင်းပရာ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ရိုက် ကူး မည်ဖြစ်သည်။
တစ်နာရီကြာ ကြာမြင့်မည့် အဆိုပါအစီအစဉ်ကို အစီအစဉ် တင်ဆက်သူ အဖြစ် နစ်ခ်ဂေါင်န်ဝင်းက ဆောင် ရွက် မည်ဖြစ်ပြီး ယခုရိုက်ကူးမည့် အစီအစဉ်ကို ဘီဘီစီ နိုင်ငံတကာရုပ်သံလိုင်းနှင့် ရေဒီယိုများမှ တစ်ဆင့် ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
Yangon Chronicle

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...