သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 1, 2013

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ အားနည်းချက်ကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း ဦးအောင်မင်း ပြောကြား

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ အားနည်းချက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးနေ စဉ် ကာလများ၌ တိုင်းရင်းသား နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်ဟု ပြည်ေ ထာင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မြစ်ကြီးနား ဆွေးနွေး  ပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း တိုင်းရင်းသား နယ်မြေများတွင် တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ မေးမြန်းသော မေးခွန်းကို ပြန် လည်ဖြေကြားရာ၌ ဦးအောင်မင်းက ထိုသို့ ၀န်ခံခဲ့ခြင်းဖြစ်သည်။
''ဒီကိစ္စဟာ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ဒီဖြစ်စဉ်ကြီး တစ်ခုလုံးကို ပြီးမြောက်ေ အာင် မဆောင်ရွက်နိုင်သေးလို့ဘဲလို့ သတ်မှတ်ပါတယ်။ ဦးအောင်မင်းက ပြီးမြောက်အောင် မလုပ်ပေးနိုင်ေ သးလို့ဘဲ ကိုယ့်ကိုယ်ကိုယ် ခံယူပါတယ်'' ဟု ဦးအောင်မင်းက ပြောကြားသည်။

အပစ်အခတ် ရပ်စဲရေးတွေ လုပ်တဲ့အခါမှာ သဘောတူညီချက်တွေ လုပ်တဲ့အခါမှာ အချက်ငါးချက် ပါပါ တယ်။ နံပါတ်တစ်က အပစ်အခတ် ရပ်စဲရမယ်။ ပြီးရင် ဆက်ဆံရေးရုံးတွေ ဖွင့်ရမယ်။ နယ်မြေတွေ ပိုင်းခြား သတ်မှတ်ပေးရမယ်။ အားလုံး အဆင့်ငါးဆင့် ပါဝင်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့က လောလော လောေ လာနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လိုက်တဲ့အခါမှာ...

''အပစ်အခတ် ရပ်စဲရေးတွေ လုပ်တဲ့အခါမှာ သဘောတူညီချက်တွေ လုပ်တဲ့အခါမှာ အချက်ငါးချက် ပါပါ တယ်။ နံပါတ်တစ်က အပစ်အခတ် ရပ်စဲရမယ်။ ပြီးရင် ဆက်ဆံရေးရုံးတွေ ဖွင့်ရမယ်။ နယ်မြေတွေ ပိုင်းခြား သတ် မှတ်ပေးရမယ်။ အားလုံး အဆင့်ငါးဆင့် ပါဝင်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့က လောလော လောလော နဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လိုက်တဲ့အခါမှာ နယ်မြေပိုင်းခြားမှုတွေကို တချို့အဖွဲ့တွေနဲ့ ဆက်မ လုပ်နိုင်ပါဘူး။ ဆက်မလုပ်နိုင်တော့ သူ့နယ်မြေ ကိုယ့်နယ်မြေ မှားယွင်းပြီးတော့ တိုက်ပွဲတွေ ဖြစ်တာ ပါ'' ဟု ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။

''ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဒီထက်ပိုပြီး ဆောင်ရွက်ရမယ် ဆိုတာကို တွေ့ရှိရ ပါတယ်။ တပ်မတော်ပိုင်းနဲ့ သိပ်မဆိုင်ပါဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီကနေ နယ်မြေပိုင်းခြားမှုတွေကို ပီပီပြင်ပြင် မလုပ်ပေးနိုင်သေးတဲ့ ကာလမှာ ဒါတွေဖြစ်လာတာပါ'' ဟု ဦးအောင်မင်းက ပြောကြားသည်။

''ကျွန်တော် ရှင်းပြခဲ့တာတွေ ရှိပါတယ်။ တချို့ဟာတွေကတော့ အသေးစိတ် ထုတ်ပြောလို့ မရပါဘူး။ အထူး သဖြင့်ကတော့ တပ်နေရာတွေနဲ့ ပတ်သက်တဲ့ အပိုင်းတွေ ဒါတွေက နှစ်ဖက်သဘောတူညီမှု ယူရပြီး လုပ်ရ တာ ဖြစ်ပါတယ်။ ၀န်ကြီး ဦးအောင်မင်း ရှင်းလင်းသွားတဲ့ အတိုင်းပဲ ဖြစ် ပါတယ်'' ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း The Daily Eleven သတင်းစာ၏ မေးခွန်း ကို ဖြည့်စွက်ဖြေကြားသည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D