သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 1, 2013

မြန်မာစစ်စစ် ရမည် ဆို၍ ကြွေကွဲရသည့် ကန္တာရနှင်းဆီ

စားသောက်ဆိုင်တွေမှာ တွေ့ ရတတ်သော ဘီယာပရိုမိုးရှင်းလုပ်သည့် မိန်းကလေးများကို တွေ့မြင်ရလျှင် ရင်နာ သည်။ ထိုမိန်းကလေးများသည် အားလုံးငယ်နုပျိုရွယ်သောသူလေးတွေချည်းဖြစ်သည်။ သူတို့လေးေ တွ အားလုံးသည်လည်း သည်အလုပ်တွေကို ပျော်လို့လုပ်နေကြသည်မဟုတ်ပါ။ အခြေအနေ အရပ်ရပ်က တွန်း ပို့သောကြောင့် သာ သည်အလုပ်တွေကို မဖြစ်မနေ လုပ်နေကြရခြင်း ဖြစ်သည်။

အလုပ်သဘောအရ မိတ်ကပ်တွေလိမ်းလို့၊ နှုတ်ခမ်းဆိုးဆေးတွေ ဆိုးလို့၊ ဆံပင်တွေ ကိုပြင် ဆင်ဖြတ်ေ တာက်လို့၊ စကတ်တိုလေးတွေ ဝတ်လို့ လုပ်ငန်းခွင် ဝင်နေကြရသည်။ သူတို့လေးတွေ၏ အလုပ်ချိန်က ညနေ ၃ နာရီနောက်ပိုင်း မှစသည်တဲ့။ အိမ်ကို ည၁ဝ နာရီမှ ရောက်ကြသည်တဲ့။

တစ်ခါ ကြော်ငြာဆေးလိမ်းပေးနေသော မိန်းကလေးများ၊ စီးကရက်ကြော်ငြာကာ မီးညှိပေးနေသော မိန်း ကလေး များ ကိုလည်း တွေ့ရတတ် ပြန်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ချိန် ထိုးကြည့်ကာ သည် မိန်း ကလေးတွေ အတွက် နာကျင်ခံစားရုံကလွဲလို့ ဘာများ တတ်နိုင်ပါဦးမည်နည်း။

သည်လိုမျိုး နုငယ်ပျိုရွယ်မှုကို အရင်းပြု၍ ဝင်ငွေရှာရသော မိန်းကလေးများအတွက် ခံစားနေရဆဲမှာ ပင် ဖြစ် ရပ်မှန် ဝတ္ထုဇာတ်လမ်းတစ်ခု ကို ဖတ်လိုက်ရပြန်သည်။ 'ကန္တာရ နှင်းဆီ'တဲ့။ နာမည်က လှလှလေး။ ရေး သူ က ရွှေကူမေနှင်း။

ဖြစ်ရပ်မှန်ဝတ္ထုဇာတ်လမ်းဖြစ် သောကြောင့် သည်ဝတ္ထုကို လူကုန်ကူးခံရသော မိန်းကလေးတစ်ဦး၏ မှတ် တမ်း အနေနှင့်လည်း ဖတ်ဖြစ်သလို မသမာသူတို့၏ စီးပွားရေးစားကျက်မှာ သားကောင်ဖြစ်ရသည့် မြန်မာ မိန်းကလေးတို့၏ဘဝကိုလည်း မွန်းကျပ်နာကျင်စွာ သိလိုက်ရသည်။

သူဇာခင်(ခေါ်)မီးမီးဆိုသည့် အမျိုးသမီးငယ်သည် တစ်ခုလပ်ဘဝဖြင့်ကောင်းရောင်းကောင်းဝယ် စီးပွား ရှာရန် အိမ်နီးချင်းသူငယ်ချင်းလင်မယားကို ယုံစားအားကိုးကာ ရန်ကုန်မှ တာချီလိတ်သို့ လိုက်လာခဲ့၏။ သည် ကမှ 'ဟိုဘက်'ကို သွားကြသည်။

နောက်တော့ ဘုမသိဘမသိ နှင့် ဘန်ကောက်နှင့်နီးသော မြို့လေးတစ်မြို့မှ ဆောင်ကြာမြိုင်ဂေဟာ တစ်ခု မှာ ရောင်းစားခံလိုက်ရသည်။ ဘတ် ၁ဝဝဝဝ နှင့်ရောင်းခဲ့တာဆို တော့ မီးမီးက ဘတ် ၂ဝဝဝဝ ဖိုး အလုပ် လုပ်ပေးပြီးမှ ပြန်လွှတ်မည် တဲ့။ သူတို့အတွက် အမြတ်ရပြီးမှ လွတ်မည်။

လူက လူကိုရောင်းသည်ဆို သော ကိစ္စသည် ခံပြင်းစရာကောင်းလှ၏။ ငွေဝယ်ကျွန်ခေတ်က ကျွန် ရောင်း ကျွန် ဝယ် လုပ်သလိုပါလား။ မီးမီး၏ နိုင်ငံရပ်ခြားမှာ ကူ ကယ်ရာမဲ့ လိင်ကျေးကျွန်ဘဝကို ပိတ်လှောင် မွန်းကျပ် လှသည့် အိပ် မက်ဆိုးများကို ဖတ်ရသည်။

သည်ဝတ္ထုက စိတ်ကူးယဉ် ဝတ္ထုသက်သက်မဟုတ်။ ဝတ္ထုထဲက သူဇာခင်လို ဘဝမျိုးရောက်ရသူ မြန်မာ မိန်း ကလေးတွေ ဘယ်လောက် များရှိခဲ့ပါလိမ့်။ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာလည်း လူကုန်ကူး တဲ့ မှုခင်း သတင်းတွေ အခုထိ ဖတ်နေရဆဲ။

ကန္တာရနှင်းဆီထဲက လူမောင်လို၊ ခင်ခင်ဝင်းလို စာနာစိတ်ကင်းမဲ့သည့် မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေ က ကြောက်စရာ၊ စက်ဆုပ် စရာကောင်းလှသည်။ မိတ်ဆွေတု၊ မိတ်ဆွေယောင်ဟုပင် မခေါ်ထိုက်။ မိတ်ေ ဆွ ယုတ်တွေဟု သတ်မှတ်ရ မည့်အမျိုးအစား။ ကိုယ့်လူမျိုးအချင်းချင်းကိုပင် ရက်ရက်စက်စက်၊ မစာမနာ။ ကိုယ့် လူမျိုးမှသာ မဟုတ်ပါ။ သည်လို လုပ်ရပ်မျိုးက ဘယ်လူမျိုးကိုမှ မလုပ်သင့်၊ မလုပ်အပ်သော ကိစ္စ ပါလေ။ လူသားအချင်းချင်း စေတ နာ၊ မေတ္တာထားကာ ကူညီစောင့် ရှောက်ရမည့်အစား ဘဝကို အညွန့် ချိုးဖျက် ဆီးရက်သူတွေပင်။

သည်ဇာတ်လမ်းမှာ 'ကျီပို'က တော့ မီးမီးအတွက် ကန္တာရထဲက အိုအေစစ်ပါပဲ။ မီးမီးကို အကျဉ်း အကျပ် ထဲက ကူကယ်ထုတ်ခေါ်နိုင် ခြင်းမရှိပေမယ့် မီးမီးအတွက် တိုင်တည်စရာ၊ ရင်ဖွင့်စရာပေမို့။
မီးမီး အလုပ်ဝင်ရမည့် နေရာဌာနကိုရောက်ခါစမှာ မီးမီးကို အသစ်ရောက်လာသောသူမို့ ကြော်ငြာ ထားပုံ ကတော့ စိတ်ဆင်းရဲစရာ ကောင်းလှ၏။

'မြန်မာစစ်စစ်ရမည်'တဲ့။

ဆတ်သားခြောက်စစ်စစ်၊ နွား နို့စစ်စစ်ရမယ်ဆိုတာမျိုးပေါ့။
နောက်တော့ . . .မီးမီး၏ ငရဲခန်းများ။
နောက် ဆုံးတော့ စိတ်ရော ကိုယ်ပါဆင်းရဲပင်ပန်းမှုအမျိုးမျိုးတွေ ကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ မီးမီး လွတ်မြောက် လာခဲ့သည်။ အိမ်ကို ပြန်ရောက်သည်။

သို့သော် . . .
မီးမီးကို ငရဲခန်းရောက်အောင် ပို့ဆောင်ခဲ့သော မသမာသူ၏လှည့် ဖြားတိုင်ကြားမှုကြောင့်ပင် မီးမီးအ ကျဉ်း စံ ဘဝကို ရောက်ခဲ့ရပြန်၏။
ကန္တာရနှင်းဆီ၏ ဇာတ်သိမ်း က ထောင်ထဲမှာပင်သိမ်းသွားသည်။ ဖြစ်ရပ်မှန်ဇာတ်လမ်းမို့ နောက်ဆုံး ဇာတ် သိမ်းကို ဝတ္ထုရေးသူက ကိုယ့် သဘောနှင့်ကိုယ် စိတ်ကူးဖွဲ့နွဲ့ မနေတော့ဘဲ ကာယကံရှင် မိန်း ကလေး ဆီက မေးမြန်းသိရှိထား သည့် နေရာမှာပင် ဇာတ်ကို ရပ် ဆိုင်းလိုက်ခြင်းဖြစ်သည်။ ဇာတ်ကို သိမ်းခြင်း မ ဟုတ်။

ဝတ္ထုရေးသူကိုယ်တိုင်က အပြင် ကိုရောက်လာသည့်အခါ မီးမီးနှင့် ပြန်မတွေ့တော့သည်မို့ မီးမီး၏ နောက် ပိုင်း ဘဝဖြစ်စဉ်ကို မသိရ တော့ပါ။ မီးမီးအပြင်လောကကို ပြန် ရောက်တော့ အိမ်မှာကျန်ခဲ့တဲ့သား လေးနဲ့ ပြန်တွေ့ ရရဲ့လား။ အပြင် ရောက်တော့ မီးမီးဘဝကို ဘယ်လို ဆက်ပြီး လျှောက်လှမ်းရင်ဆိုင်သလဲ ဆိုတာတွေ ကိုပါ သိချင်မိပါသည်။ သိလိုလှပါသည်။

စာရေးသူ၏ အမှာစာမှာတော့ 'မီးမီးတစ်ယောက် အသက်ရှင်နေ သေးလျှင် လွတ်လွတ်လပ်လပ်ဘဝ ဖြင့် တွေ့ ချင် ပါသေးသည်'ဟု ပါရှိ သည်။

လွန်ခဲ့သော နှစ် ၂ဝကျော်က ထိုစဉ်က တာဝန်ရှိသူ ပုဂ္ဂိုလ်ကြီး တစ်ဦးက''မြန်မာနိုင်ငံတွင် လူကုန် ကူးခြင်း မရှိပါ'' ဟု အတိအလင်းကြေ ညာခဲ့ဖူးသည်ကို သတိရမိ၏။ သို့ သော် ကန္တာရနှင်းဆီမှ အမျိုးသမီး ငယ် သည် ၁၉၉၂ ခုနှစ်မတိုင်မီက လူကုန်ကူးမှုဖြင့် ထောင်ကျခဲ့ခြင်း ဖြစ်လေသည်။ ကန္တာရနှင်းဆီဆိုသော အပင် မှာ ပူပြင်းခြောက်သွေ့သော သဲမြေ၌ ရှင်သန်၏။ ပင်စည်တွင် ရေ သိုလှောင်၏။ အပြင့္ကပါး လႊာေ သာ ပြင့္ခ်ပ္ငါးလႊာ။ နှင်းဆီပွင့်ပုံ။ အရောင် က လိမ္မော်ရောင်။ ဆူးများကား အဆိပ်ပြင်းလေသည်တဲ့။

သည်လောကမှာ မီးမီးလို ကန္တာရနှင်းဆီလေးတွေ ဘယ် လောက်များ နွမ်းညှိုးမွကြေပျက်စီး ခဲ့ရလေပြီလဲ မသိ။

တင်မိခိုင်

ဧပြီ ၂၇ ရက်နေ့ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၏ ကလျာဏယုဝကဏ္ဍတွင်ဖော်ပြသော ဆောင်းပါးရှင် တင်မိခိုင်၏ '' ကြွေကွဲရသည့် ကန္တာရနှင်းဆီ" ဆောင်းပါးကို ပြန်လည်ဖော်ပြအပ်ပါသည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D