သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 1, 2013

မန္တလေးမြို့သို့ အလုပ်အကိုင်ဗီဇာနှင့် လာရောက်သူ တရုတ်နိုင်ငံသားများအား အိမ်ငှားရမ်းခွင့် မပြုထား

မန္တလေးမြို့သို့ အလုပ်အကိုင်ဗီဇာနှင့် လာရောက်သူ တရုတ်နိုင်ငံသားများအား အိမ်ငှားရမ်းနေထိုင်ခွင့် ပြုမ ထားကြောင်းနှင့် ယင်းသို့ ငှားရမ်းနေထိုင်မှုများကို စိစစ်တွေ့ရှိပါက ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် သ တိပေး အရေးယူကာ ပြည်နှင်ဒဏ် ပေးခြင်းနှင့် အိမ်ရှင်ဖြစ်သူအား လ၀က အက်ဥပဒေဖြင့် ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်နိုင်ကြောင်း သိရသည်။
လုပ်ငန်းဗီဇာဖြင့် ၀င်ရောက်ခွင့်ပြုထား သူများအား သက်ဆိုင်ရာ ၀န်ကြီးဌာန၏ ထောက်ခံချက်အရ နေ ခွင့်( stay)တိုးမြှင့်ပေးခြင်း၊ လုပ်ငန်းတည်ရှိရာ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီမှ တာဝန်ခံ ငှားရမ်းပေးသည့် အဆောက် အအုံတို့တွင် တည်းခိုနေထိုင်ခွင့်ပြုထားပြီး အိမ်ငှားရမ်း နေထိုင်ခွင့် မရှိပေ။

မန္တလေးသို့ business visa ဖြင့် လာရောက် အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား ဦးရေမှာ လစဉ် ၅၀၀ ခန့် ရှိ သည့် အနက် ၅၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး ရေနံပိုက်လိုင်း၊ ပညာရေး၊ ဆောက် လုပ်ရေး စသည့် ကဏ္ဍများတွင် အများဆုံး လုပ်ကိုင်လျက်ရှိရာ ယင်းသို့ ဗီဇာဖြင့် လာရောက်နေထိုင်သော နိုင်ငံခြား သားများ အနေဖြင့် overstay မဖြစ်စေရန်၊ တားမြစ်နေရာများ မသွားစေရန်နှင့် visa စည်း ကမ်းများ မဖောက်ဖျက်စေရန် သက်ဆိုင်ရာ ကုမ္ပဏီများကို လစဉ်ခေါ်ယူ အသိပေး ဆောင်ရွက် လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်း ရရှိသည်။

''ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်လူမျိုးနှစ်ဦး အိမ်ငှားချင်လို့ဆိုပြီး ကျွန်တော်တို့ရုံးကို ရောက်လာတယ်။ မြန်မာ စ ကား ကို ပီပီသသ ပြောနိုင်တယ်။ ဟောင်ကောင်ကလာတဲ့ တရုတ်နိုင်ငံသား စစ်စစ်တွေဆိုတာ သူတို့ ကိုင် လာတဲ့ ပတ်စပို့စာအုပ်ကို တွေ့တော့မှ အိမ်ငှားရမ်းနေထိုင်ခွင့် မရှိကြောင်းနဲ့ ဟိုတယ်မှာပဲ တည်းခို ခွင့် ရှိကြောင်း ပြောလိုက်ရတယ်။

တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နွယ်ဖွား လူမျိုးတွေနဲ့ ရုပ်ချင်းခွဲမရတာကြောင့် ဗီဇာ စည်း ကမ်းနဲ့ မညီညွတ်တာမျိုးကို စိစစ်အရေးယူဖို့ ခက်ပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသောင်းဇော်ကဆိုသည်။

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ လာရောက်လည်ပတ်ရာတွင် တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ၀င်ေ ရာက်သော နိုင်ငံဖြစ်ကြောင်း သိရပြီး လည်ပတ်လေ့လာခြင်းထက် ရက်ရှည်နေထိုင်ကာ လုပ်ငန်း လုပ်ကိုင် မှု များပြားကြောင်း သိရသည်။

''ကျောက်ဝိုင်းမှာ လာပြီး အရောင်းအ၀ယ်လုပ်တဲ့ တရုတ်ကုန်သည်တွေက အိမ်ငှားပြီး ရက်ရှည်နေ ထိုင်ကြ တယ်။ ဟိုတယ်မှာ လချီဘယ်သူမှ မနေဘူး'' ဟု မန္တလေးမြို့မှ ကျောက်ပုတီး ကုန်သည်တစ်ဦးက ဆိုသည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D