ရှမ်းပြည်နယ်၊ လာရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများ ကူးစက်လာမှု မရှိစေရန် မန္တလေးတိုင်း ရဲတပ်ဖွဲ့ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
"မီတ္ထီလာ ပဋိပက္ခဖြစ်စဉ်ကို သင်ခန်းစာယူပြီး အခုလို ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ထားတာပါ။ အခြေ အနေ အရမ်းကြီးဆိုးရွားမှဆိုရင်တော့ ထိန်းသိမ်းရခက်ခဲပြီး စစ်တပ်အကူညီ တောင်းရတဲ့အထိ မဖြစ်အောင် လုံခြုံရေးအင်အား အသင့်ပြင်ထားပါတယ်။ လားရှိုးပဋိပက္ခ ဖြစ်ပွားပြီး ည ၁၁ နာရီ ကတည်း က အဓိကရုဏ်း နှိမ်နင်းတဲ့ကားတွေ အဆင်သင့်ပြင်ထားတာ" ဟု ရဲမှူးဦးစိုးငြိမ်း က ပြော ကြား သည်။
ပုံမှန်လုံခြုံရေး အင်အားအပြင် မိတ္ထီလာပဋိပက္ခအပြီး ဖွဲ့စည်းထားသည့် မြို့နယ်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီမှလည်း မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းထားရှိကာ ကောလဟာလများ ဖြစ်ပွားခဲ့ပါက ပြန့်ပွားမှု မရှိစေရန် အဆိုပါ ကော်မတီ အဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခြေအနေတွင် တိုင်းရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နှင်းရေးကားများ အဆင်သင့်ထားရှိကာ လုံခြုံရေးအင်အား အသင့်ပြင်ဆင် ထားသည်။
"၂၈ ရက်နေ့ကလည်း ရမည်းသင်းမှာ လူ ၂၀ လောက် စုဝေးမှု ဖြစ်ပွား ခဲ့တဲ့ ကောလာဟလ တစ်ခု ဖြစ် ခဲ့သေးတယ်။ ဒါကြောင့်မို့ မန္တလေးမှာ အဲဒီလိုမျိုးတွေ ဖြစ်မလာအောင် အထူး ဂရုစိုက် ပြီး ဆောင်ရွက်နေ တာပါ" ဟု ရဲမှူးဦးစိုးငြိမ်းက ပြောကြားသည်။
EMG

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...