တောင်ကုတ်မြို့မှ နိုင်ငံရေး အကျဉ်းသားဟာင်း တစ်ဦး ဖြစ်သူ ကိုဆန်းလွှင်သည် သူမောင်းနှင်နေသည့် အမြန်ရေယာဉ် တစ်ခုပေါ်တွင် ရုတ်တရက် ဓာတ်လိုက် သေဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။
ရွှေပြည်တန် အမြန်ယာဉ်
ကိုဆန်းလွှင်သည် တောင်ကုတ်နှင့် စစ်တွေ အကြား ပြေးဆွဲနေသော ရွှေပြည်တန် အမြန်ယာဉ်တွင် မာလိန်မှူး အဖြစ် တာဝန်ယူမောင်းနှင်နေစဉ် ဓာတ်လိုက်သေဆုံးသွားခြင်း ဖြစ်ကြောင်း သူ၏ လုပ်ဖေါ် ကိုင်ဘက် တစ်ဦး ဖြစ်သူ ကိုမိုးနိုင်စိုးက ပြောသည်။
“ မေလ ၆ ရက်နေ့မှာ ဆုံးပါတယ်။သင်္ဘောပေါ်မှာ စက်ကို ပြုပြင်နေစဉ် ကာရန်း ဓာတ်လိုက်ရာမှ ရုတ်တရက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ စစ်တွေပြည်သူ့ ဆေးရုံကို ယူသွားပေမယ့် သူ့က သင်္ဘောပေါ်မှာကတည်းက ဆုံးသွားပါပြီ။ မေလ ၈ ရက်နေ့မှာတော့ စစ်တွေမှာ သူ့ကို သဂြိုလ်ခဲ့တယ်။”
ကိုဆန်းလွှင် သည် ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး အရေးအခင်းနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလာဒေခ်ျ့ကို ထွက်လာရာတွင် ဒုတိယ အသုတ် တောင်ကုတ် အုပ်စုထဲ၌ ပါဝင်ခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းကို ပြန်ဝင်သွားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကုတ်မြို့နယ် စည်းရုံးရေး ကော်မီတီ အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့သည်။ ၂၀၀၂ ခုနှစ် ထောင်မှ ပြန်လွှတ်လာပြီး ရွှေပြည်တန် အမြန်ရေယာဉ်တွင် မာလိန်မှူး အဖြစ် လုပ်ကိုင်ခဲ့သည်။
ကိုဆန်းလွှင်မှာ အသက် (၄၅) နှစ်ရှိပြီး သူ့တွင် ဇနီး တစ်ဦးကျန်ရှိခဲ့ပြီး သားသမီး မကျန်ခဲ့ဟု သိရသည်။ သူ့ဇနီး ဖြစ်သူမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်သည့် ရခိုင်- မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးသာထွန်းနှင့် မြေးတော်စပ်သူ ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများသည့် ရှေးဘဝ အဆက်ဆက်က ပြုခဲ့သည့် အ ကုသိုလ် မကောင်းမှုများကြောင့် ယခုဘဝတွင် အကျဉ်းကျခံရမှုများ ရှိခဲ့သော်လည်း သမ္မတကြီး ဦးသိန်းစိန်မှ အ ကုသိုလ် မကုန်ခင် ပြန်လည်လွှတ်ပေးခြင်းများ ရှိသဖြင့် လွတ်မြောက်လာပြီးနောက်ပိုင်း မည်သူမျှ လူမွှေးလူတောင် မပြောင်ပဲရှိနေသည့်အပြင် ယခုကဲ့သို့ အသေဆိုးနှင့် သေဆုံးမှုများဖြစ်နေရကြောင်း ဆရာတော် တပါးမှ သုံးသပ်ခဲ့သည်။
ယနေ့လက်ရှိတွင်လည်း ဖခင်အရွယ်၊ အဘိုးအရွယ် သမ္မတကြီးနှင့် အစိုးရတာဝန်ရှိသူများကို ရိုင်းစိုင်းစွာ ပြောဆိုနေသူ အများအပြားရှိနေပြီး ထိုသူများလည်း ကိုဆန်းလွင်ကဲ့သို့ အသေဆိုးဖြင့် သေနိုင်ကြောင်း ဆရာတော်က မှတ်ချက်ပေးခဲ့သည်။
.. www.MyanmarExpress.net

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...