ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦးအား မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း လားရှိုး မြို့ အမှတ်(၁)ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့ အမှတ်(၁)ရဲစခန်းမှာ ဖမ်းထားပါတယ်။ ဓာတ်ဆီလောင်းပြီး မီးရှို့တာ ဟုတ်ပါ တယ်” ဟု ၎င်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။
မီးရှို့ခံရသော အမျိုးသမီးသည် အသက်(၂၉)နှစ်ခန့် ရှိပြီး လားရှိုးဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ထားကြောင်း ဒေသခံတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
မီးရှို့သောသူမှာ ကိုနေဝင်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့မှ လာရောက်သူတစ်ဦးဖြစ်ကြောင်း လာရှိုးမြို့ခံ မြန်မာ့ခေတ် သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါ အမှတ်(၁)ရဲစခန်းရှေ့တွင် လူ(၂၀၀)ခန့် စုရုံးရောက် ရှိနေပြီး သံဃာတော် တချို့မှာ ရဲစခန်းတွင်းသို့ ဝင်ရောက်ညှိနှိုင်းနေကြောင်း ၎င်း ရဲစခန်းရှေ့ ရောက်ရှိနေသူတစ်ဦးကပြောကြားသည်။
“အဖမ်းခံထားရတဲ့သူကို သူတို့လက်ထဲ အပ်ဖို့ လူ အုပ်ကြီးက အော်ဟစ်တောင်းဆို နေကြတယ်” ဟု၎င်းက ပြောကြားသည်။
ယခုအချိန်၌ လားရှိုးမြို့မဈေးအနီးရှိ ဗလီအပါအဝင် တစ်မြို့လုံး၌ လုံခြုံရေးအင်အားထူထပ်စွာ ချထားကြောင်း သိရသည်။
လားရှိုးမြို့မဈေးတွင် အလှကုန်ဆိုင်ဖွင့်ထားသော၊ အမှတ် (၁၀)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက
“အန်တီ့ မျက်စိအရှေ့မှာပဲ ဆိုင်ကယ် နှစ်စီး မီးရှိ့နေတာတွေ့တယ်၊ ဗလီဘက်မှာ မီးခိုးတွေ တအားထွက်လာတယ်၊ အန်တီတို့ကတော့ ဈေးကို မီးကူးစက်လာမှ ကြောက် နေရတယ်။ ဗလီထဲမှာတော့ လူတွေရှိတာ တွေ့တယ်။ ခဲနဲ့လှမ်းပေါက်လို့ အန်တီ့ခေါင်းကို လာထိသေးတယ်။ ဆိုင်ကယ် ဦးထုပ် ဆောင်းထားလို့သာဘာမှ မဖြစ်တာ”ဟု ပြောကြားသည်။
ယနေ့ မနက်ပိုင်းတွင်လည်း မွတ်ဆလင် ကုလား ရဲတိုက်မှာ ရန်ကုန်တွင် ခရစ်ယာန်ဘာသာဝင်တစ်ဦးအား စတင်ပါးရိုက် ခဲ့ပြီး ပြဿနာ ရှာခဲ့သည်။ တည်ငြိမ်အေးချမ်းနေသော မြန်မာနိုင်ငံတွင်းတွင် မွတ်ဆလင်များက အမျိုးမျိုး ပြဿနာ ရှာနေသောကြောင့် ဗုဒ္ဓဘာသာ အပါအဝင် အခြားဘာသာဝင် ပြည်သူအားလုံးက မွတ်ဆလင်များကို စိတ်ပျက်လျှက်ရှိကြောင်း သိရပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် NLD မှ လွဲ၍ ကျန်လူထု တစ်ရပ်လုံးက စိတ်ကုန်လျှက်ရှိကြောင်း သိရသည်။
.. www.MyanmarExpress.net

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...