၂၉.၅.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် ငမိုးရိပ်ချောင်းအတွင်း ရွှေပေါက္ကံဘက်မှဒဂုံမြောက်ဘက်သို့ စိန်မြင့်၊ ၅၅နှစ်(ဘ)ဦးငြိမ်း၊ ရွှေပေါက္ကံနေသူ မောင်းနှင်လာသည့် အဏ္ဏ၀ါမင်း သဲစက်လှေသည် မြောက်ဥက္ကလာနှင့် ဒဂုံမြောက်မြို့နယ်တို့ ဆက်သွယ်ထားသည့် ကြိုးတံတားအောက်သို့ဖြတ်မောင်းစဉ် ကြိုးတံတားဘောင်အား စက်လှေ၏ဦးနှင့်တိုက်မိသဖြင့် ကြိုးတံတားရှိချိတ်ဆွဲထားသော သံကြိုး ၁၀ ချောင်းပြတ်သွားခဲ့ကာ
စက်လှေနှင့်တံတားငြိနေရာမှ ၁၀၀၀ အချိန်ခန့်တွင် အခြားစက်လှေ တစ်စီးဖြင့် ဆွဲဖယ်ခဲ့၍တံတားနှင့်လွတ်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ အဆိုပါနေရာသို့မြောက်ဥက္ကလာပမြို့နယ် လမ်းတံတားဌာနမှ လက်ထောက်အင်ဂျင်နီယာဦးဆန်းဝင်းနှင့်အဖွဲ့ ရောက်ရှိစစ်ဆေးကာ ခရိုင်အင်ဂျင်နီယာရုံးသို့ဆက်လက်တင်ပြပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် အမြန်ပြုပြင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
Yangon Police

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...