ကျနော် ရခိုင်တစ်ယောက်ပါ။ ရခိုင်တွေရဲ့ စိတ်ထဲမှာ သံသယ စူးတစ်ချောင်းဝင်ရောက်နေပါတယ်။ အဲဒါက ဘင်္ဂလီတွေဟာ လူဦးရေးတိုးပွါးမှု လှိုင်းဖြင့် ရခိုင်ပြည်နယ်ကို လွမ်းမိုးသွားလိမ်မယ်ဆိုပြီး လူတိုင်းစိတ်ထဲမှာ အဲဒီလို ခံယူထားကြပါတယ်။
ဘာဖြစ်လို့လဲဆိုရင် ဘူးသီတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေက သက်သေ ပြနေလို့ပဲ။ ဒီသံသယစိတ်ဟာ ဒီရေ မြင့်သလို မြင့်တက်ဆဲပါ။ ပြည်နယ်အစိုးရမှ ဒေသတရအမိန့်ကို မောင်တောမြို့နဲ့ ဘူးသီတောင်မြို့တွေမှာ ကလေး (၂)ယောက်ထက် အပိုမယူရဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကို လူတိုင်းကြိုဆိုကြပါတယ်။ ဒီမတိုင်ခင်ကလည်း အဲဒီအမိန့်ဟာ ရှိနေခဲ့ပါတယ်လို့ ပြည်နယ်အစိုးရက ထပ်ဆင့်ဖြည့်စွက်သွားပါသေးတယ်။
ရခိုင်အရေး ၊ မိတ္တီလာအရေး၊ ဥက္ကံအရေးတုန်းက ဒီလောက် နှုတ်ဆိတ်နေတဲ့ ဘွားတော် ဒေါ်စုဟာ ဒီတချီမှာ ထဖောက်ပြန်ပြီး။ သူမကြာမကြာ ထဖောက်တာနဲ့ ကမောက်ကမတွေက မနိုင်တော့ဘူး။ သူဖြေသွားတာလည်း လုံးချာလည်ပြီး အရူးကွက်နင်းဖြေသွားတယ်။ ကျနော်စိတ်ထဲမှာ နိုင်ငံရေး ကစားကွက်ထဲမှာ ရခိုင်တွေကို အသုံးချနေတာလားလို့ မြင်ယောင်လာမိတော့တယ်။
“ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မြို့နယ်နှစ်ခုအတွင်းက ရိုဟင်ဂျာတွေအနေနဲ့ မိသားစုတစ်စုကို ကလေး ၂ ဦးသာ မွေးဖွားနှုန်းရှိရမယ်လို့ ရခိုင်ပြည်နယ်အစိုးရက ကန့်သတ်လိုက်တာဟာ ခွဲခြားဆက်ဆံမှု တစ်ရပ်သာဖြစ်ကြောင်း၊ သူ့အနေနဲ့ အငြင်းပွားစရာ ဒီအမိန့်ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ” ကဲ
သူရဲ့ ပေးဆပ်မှုကြောင့် နည်းနည်းလေးကျန်နေတဲ့ လေးစားမှုစိတ်တောင် ပျောက်ချင်လာပြီ။
.. www.MyanmarExpress.net

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...