သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 1, 2013

တရားမဝင် ဝင်ရောက်ရန် ကြိုးစားသည့် မြန်မာ ၃၈ ဦး ထိုင်းမှ ဖမ်းဆီး၊ ပစ်ခတ်မှု ရှိခဲ့ဟုဆို

တနင်္သာရီတိုင်း၊ ကော့သောင်း ခရိုင် လုံးဖောကြီး ကျေးရွာအနီး၌ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ေ ရာက် ရန် ကြိုးစား သည့် မြန်မာနိုင်ငံသား ၃၈ ဦးအား ယနေ့တွင် ထိုင်းအာဏာပိုင်မှ ဖမ်းဆီး ရမိ ထားကြောင်း ရနောင်း ရဲစခန်းမှ ထိုင်းရဲ တဦးက ပြောသည်။

“ကျနော်တို့ အချုပ်ထဲမှာတော့ အခု ၃၈ ဦး ဖမ်းမိထားပါတယ်။ ခုန နာရီပိုင်းလေးတင်က မြန်မာ အရာ ရှိလေးငါး ယောက်လောက်လာပြီး စုံစမ်းမေးမြန်းမှုတွေ လုပ်သွားခဲ့တယ်” ဟု ရနောင်း ရဲစခန်းမှ ထိုင်းရဲ တဦး က မဇ္ဈိမကို ပြောသည်။

လုံဖောကြီး ကျေးရွာနှင့် ထိုင်းနိုင်ငံသည် ပါချန် မြစ်တခုသာ ခြားပြီး ကားဖြင့် ၁၀ မိနစ် ခရီးသာ ကွာဝေး သည်။ ထိုသို့ ထိုင်းအာဏာပိုင်များဘက်မှ ဖမ်းဆီးရာတွင်လည်း ပစ်ခတ်မှုများ ရှိခဲ့ကြောင်း လုံးဖော ဒေသခံ တ ဦးဖြစ်သူ ကိုမင်းမင်း က မဇ္ဈိမကို ပြောသည်။

“သေနတ်သံက ကျနော် တယောက်တည်း မဟုတ်ဘူး၊ တရွာလုံး ကြားရတာပေါ့။ ပစ်တာက ၇ ချက်နဲ့ ၈ ချက်ေ လာက် ပစ်တယ်။ တရွာလုံး ကလေး လူကြီး အကုန်ကြားတယ်” ဟု ဆိုသည်။

လုံးဖောကြီး ကျေးရွာမှ ဦးအောင်စိန်၊ ဦးသာထူး၊ သန်းထိုက်တို့ သုံးဦးမှာ ပဲ့ချိတ်လှေ ကိုယ်စီဖြင့် မေလ ၃၀ ရက်နေ့ ညသန်း ခေါင်ကျော် ၂ နာရီခန့်တွင် အဆိုပါ လူများအား လိုက်လံပို့ဆောင်စဉ် ဖမ်းဆီးခံ ခဲ့ ရခြင်းဖြစ်ကာ ဦးသာထူး ပဲ့ချိတ်မှ လူများအား ဖမ်းမိလိုက်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် တနှစ်ကျော်ခန့်က တကြိမ် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသားများ စီးနင်းလာ သည့် ကားအား ထိုင်းစစ်တပ်မှ ပစ်ခတ်ခဲ့ရာ ၃ ဦး သေဆုံးခဲ့ရပြီး နောက်ပိုင်း၌ မိုးပေါ်သို့ ထောင် ၍ခြောက် လှန့် ပစ်ခတ်မှုများသာ ရှိကြောင်း ရနောင်းဒေသခံများက ပြောသည်။

ယနေ့ဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သက်၍ ကော့သောင်း ရဲသတင်းတပ်ဖွဲ့သို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ တွင် “သတင်း ကိုတော့ ကြားတော့ ကြားတယ်။ အတည်ပြုနိုင်အောင် ကြိုးစား နေတုန်းပဲ” ဟု ပြန် လည်ဖြေကြား ခဲ့သည်။

ထပ်မံ၍ ကော့သောင်း ခရိုင် ရဲတပ်ဖွဲ့ရုံးသို့ ဆက်သွယ်မေးမြန်းရာ၌လည်း ဒု-ရဲအုပ် မျိုးအောင် က ၎င်းသ တင်း အား “မသိရှိရသေးကြောင်း” သာ ပြန်လည် ဖြေကြားခဲ့သည်။

ဖမ်းဆီးခံရသူများသည် လုံဖောကြီး ကျေးရွာမှ ထွက်သွားကြစဉ် ပဲ့ချိတ်လှေ ၃ စီးဖြင့် စုစုပေါင်း ၅၄ ဦး ရှိ သည် ဟု ကိုမင်းမင်း က ပြောဆိုကာ ရနောင်း ဒေသခံ ဖြစ်သည့် ဦးကျော် ကမူ ယင်းအုပ်စုတွင် စုစုပေါင်း ၄၂ ယောက် ဖြစ်ပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့ ပျောက်ဆုံး နေသည်ဟု ကွဲလွဲသည့် အချက် များ လည်း ရှိနေသည်။

Mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D