ဘာဂရမ်သည် မြို့တော် ကဘူးလ်အနီးတွင် တည်ရှိပြီး အာဖဂန်ရှိ အမေရိကန် စစ်စခန်းများအနက် အကြီးမားဆုံး အခြေစိုက် စခန်းကြီး တစ်ခုလည်းဖြစ်
အာဖဂန်ရှိ ဘာဂရမ်စစ်စခန်း တိုက်ခိုက်ခံရမှု အမေရိကန်စစ်သာများ သေဆုံး
အာဖဂန်ရှိ ဘာဂရမ်စစ်စခန်း တိုက်ခိုက်ခံရမှု အမေရိကန်စစ်သာများ သေဆုံး
အမေရိကန် အစိုးရက အာဖဂန် နစ္စတန်ရှိ တာလီဘန်တို့နှင့် ဆွေးနွေးမှု ပြုလုပ်မည်ဟု ကြေညာပြီး နာရီပိုင်းအတွင်း အာဖဂန်ရှိ အမေရိကန် စစ်သည် (၄)ဦးမှာ ပစ်ခတ်မှုများအတွင်း သေဆုံးသွားကြောင်း သိရှိရသည်။ အမေရိကန် တာဝန်ရှိသူများက ပစ်ခတ်မှုများအတွင်း သွယ်ဝိုက်ထိမှန်မှုကြောင့် အဆိုပါ စစ်သည်များ သေဆုံးခြင်းဟု ပြောကြားထားသည်။ ၎င်းတို့သည် ဘာဂရမ် လေဆိပ်ကို လက်နက်ကိုင် တပ်များ၏ ရမ်းသမ်း ပစ်ခတ်မှုဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဘာဂရမ်သည် မြို့တော် ကဘူးလ်အနီးတွင် တည်ရှိပြီး အာဖဂန်ရှိ အမေရိကန် စစ်စခန်းများအနက် အကြီးမားဆုံး အခြေစိုက် စခန်းကြီး တစ်ခုလည်း ဖြစ်သည်။ အမေရိကန် အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ကြာသပတေးနေ့တွင် ကာတာနိုင်ငံ၌ တာလီဘန် ကိုယ်စားလှယ်များနှင့် တိုက်ရိုက် ဆွေးနွေးရန် စီစဉ်ထားသည်။
bargram
(ဘာဂရမ်စစ်အခြေစိုက်စခန်း)
ယခုတိုက်ခိုက်မှုများ မတိုင်မီက အမေရိကန် သမ္မတ ဘာရတ်အိုဘားမားသည် ဆွေးနွေးပွဲမှာ အာဖဂန်၏ ပေါင်းစည်းရေးတွင် အလွန်အရေးပါလိမ့်မည်ဟု မှတ်ချက်ပြု ပြောဆိုထားသေးသည်။ တာလီဘန်တို့သည် ပထမဆုံး နိုင်ငံရပ်ခြား တရားဝင် ရုံးခန်းတစ်ခုကို ကာတာနိုင်ငံ၊ ဒိုဟာတွင် ဖွင့်လှစ်ခဲ့ပြီး ယင်းနေရာတွင် ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်သည်။ အမေရိကန် အစိုးရက ယခုဆွေးနွေးပွဲ၌ သုံ့ပန်း လဲလှယ်မှုသည် အရေးပါသော ခေါင်းစဉ်တစ်ရပ် ဖြစ်မည်ဟု မှတ်ချက်ပြုထားသော်လည်း အစောပိုင်း အမြင်ဖလှယ်မှုများသည် လုပ်ငန်းစဉ်သဘော ဆန်နေနိုင်ကြောင်း ပြောကြားခဲ့သည်။
အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်းက မိမိ၏ ကိုယ်စားလှယ် အဖွဲ့ကိုလည်း ဒိုဟာသို့ စေလွှတ်ကာ တာလီဘန်တို့နှင့် ဆွေးနွေးစေမည်ဟု ဆိုသည်။ အမေရိကန်နှင့် NATOတပ်ဖွဲ့များ အပါအဝင် နိုင်ငံတကာ တပ်များသည် (၂၀၁၄)တွင် အာဖဂန်မှ အပြီးသတ် ဆုတ်ခွာနိုင်ရန် မျှော်လင့်ထားသည်။
From : ..planet

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...