သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, June 21, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့ တွေ့ဆုံ ဆွေးနွေး အချက် (၈)ချက်ပါ သဘော တူညီချက်အား လက်မှတ်ရေးထိုး

ဇွန် ၁၉ ရက်မှ ၂ဝ ရက်အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် လွိုင်ကော်မြို့ ၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်နှင့် အဖွဲ့ ဝင်များ တက်ရောက် ခဲ့ကြသည်။

ယနေ့တွင် အချက်(၈)ချက်ပါ သဘောတူညီချက် တစ်ရပ်အား နှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ သဘော တူညီချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

(က) နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး (Nationwide Ceasefire Accord) ဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် အားလုံး ပါဝင်သည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကြီးသို့ ရောက်ရှိရေး ဆက်လက် ဆောင်ရွက်သွားမည်။

( ခ) တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးမှု များသည် အပြုသဘော ပိုမိုဆောင်၍ တိုးတက်မှုများ ရှိခဲ့ပါသည်။ နောင်အစည်းအဝေးတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆက်လက် ဆွေးနွေးရန် သဘော တူသည်။

( ဂ) ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ (Joint Monitoring Committee)ကို အောက်ပါအတိုင်း ဖွဲ့စည်းရန် သဘောတူသည်-

( ၁) ကယားပြည်နယ် အစိုးရမှ တာဝန် ပေးအပ်သူ ( ၂)ဦး၊ (KNPP) မှ တာဝန် ပေးအပ်သူ(၂)ဦး၊ သမာသမတ် ကျသော ရပ်မိ ရပ်ဖ (၆) ဦး၊ စုစုပေါင်း (၁ဝ)ဦးဖြင့် ဖွဲ့စည်းရန်။

( ၂) လူမှုအခြေပြု အဖွဲ့အစည်း (CSO)များ၊ တစ်သီး ပုဂ္ဂလများ၊ ပြည်တွင်း (NGOs) များနှင့် အတူတကွ လက်တွဲ ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းလမ်းညွှန် (TOR) ကို နှစ်ဖက်မှ တာဝန်ရှိ သူများက ညှိနှိုင်းရေးဆွဲ အတည်ပြုရန်။

( ၃) စောင့်ကြည့် လေ့လာသည့် သတင်းပေးပို့သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တို့ကို နှစ်ဖက်လုံးက ရန်ပြုခြင်း၊ ခြိမ်းခြောက် ခြင်း၊ ဥပဒေမဲ့ အရေးယူ အပြစ်ပေး ခြင်းများ မပြုလုပ်ရန်။

(ဃ) ကယားပြည်နယ် အတွင်း ရွာသစ်စီမံကိန်း အပါအဝင် ထပ်မံ အကောင်အထည်ဖော်မည့် အကြီးစား စီမံကိန်းများ ကို အများ ပြည်သူလူထု၊ လူမှုအသင်း အဖွဲ့များအား လေ့လာ ခွင့်ပြုရန်၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု များသည် ပွင့်လင်း မြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ရှိရမည့်အပြင် ဒေသခံ ပြည်သူလူထု နစ်နာမှု မရှိစေေ အစိုးရ နှင့် တာဝန် ရှိသူတို့မှ အာမခံ ဆောင်ရွက်ပေးရန်။

( င) ကယားပြည်နယ် အတွင်းရှိ (IDP)များ ပြန်လည်နေရာ ချထားမည့် နေရာတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းရေး ကိစ္စကို နှစ်ဖက် အဖွဲ့အစည်းများက ညှိနှိုင်း ဆောင်ရွက်ရန်။

( စ) ပြည်တွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေရသူများ (IDP) ပြန်လည် နေရာချထားရေး အတွက် ရှားတောမြို့နယ် ဒေါတခဲ ဒေသတွင် စံပြစီမံကိန်း ( Technical Team ) နမူနာတစ်ခုကို နှစ်ဖက် အဖွဲ့အစည်းက ညှိနှိုင်းဆောင်ရွက်ရန်။

(ဆ) မူဝါဒ သဘောတူညီချက် များကို အကောင်အထည် ဖော်နိုင်ရန်အတွက် နှစ်ဖက် အဖွဲ့အစည်းမှ အလုပ်အဖွဲ့( Technical Team )များ ဖွဲ့စည်းဆောင်ရွက်ရန်။

( ဇ) ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုရေး လုပ်ငန်းများအတွက် အစိုးရနှင့် (KNPP) ပူးပေါင်း ဆောင်ရွက်ရန်။             

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D