သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 20, 2013

လိင်အသားပေး ဇာတ်ဝင်ခန်းများ ထိန်းချုပ်သင့်ပြီလား

မင်းသားနှင့် မင်းသမီး တို့၏ ပွင့်လင်း လွတ်လပ်သော ချစ်ရည် လူးသည့် ဇာတ်ဝင် ခန်းများကို မြန်မာနိုင်ငံတွင် တစ်နှစ်၊ နှစ်နှစ် အတွင်း ပေါ်ပေါ် ထင်ထင် ကြည့်ရှုကြရ လိမ့်မည်ဟု မည်သူမျှ မျှော်လင့် ထားမည် မဟုတ်ပါ။ မြန်မာ ဇာတ်ကား ဇာတ်ဝင်ခန်း အချို့ကို နိုင်ငံခြား ဇာတ်ကား များကဲ့သို့ အမြင်မသင့် တော်သော ဇာတ်ဝင်ခန်း များအား ကြည့်ရ လိမ့်မည်ဟုလည်း တွေးဆ ထားကြမည်လည်း မဟုတ်ပါ။

မြန်မာ ဒါရိုက်တာ ရိုက်သည့် ဇာတ်ဝင်ခန်း၊ မြန်မာ သရုပ်ဆောင် များ၏ သရုပ်ဆောင် ချက်များ ဟုတ်ပါလေစဟု ရင်သပ်ရှုမော အံ့သြရလောက်သည့် လိင်အသားပေး ဇာတ်ဝင်ခန်းပါ မြန်မာဇာတ်ကား အချို့ ဗီဒီယိုဈေးကွက် အတွင်း ထွက်ပေါ်လာသည်။ မြန်မာ့ယဉ်ကျေးမှု စံနှုန်းနှင့် နှိုင်းယှဉ်ချိန် ထိုးကာ ကြည့်ရှုသူ အများစုက ကန့်ကွက် ကြသည်။ ကြိုဆိုလက်ခံသူ အချို့လည်း ရှိသည်။ အသက် မပြည့်သေးသူ မြန်မာ မင်းသမီး သရုပ်ဆောင် ထားသော ဇာတ်ဝင်ခန်း အချို့ လူပြောများ နေဆဲမှာပင် လင်မယား အတူနေသည့် ဇာတ်ဝင်ခန်းပါ ဇာတ်ကား တစ်ကား ထွက်လာပြန်သည်။ ကြိုဆိုသူ အနည်းစု ရှိသော်လည်း ယင်းဇာတ်ကား ဖန်တီးသူတို့ ပရိသတ်ကို တောင်းပန်ဖြေရှင်း လာရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန၏ ဗီဒီယို ဆင်ဆာဖြေလျှော့ ပေးမှုအပေါ် အနုပညာ ဖန်တီးသူများက မယုံမရဲနှင့် မိမိတို့ဖန်တီးချင်သည့် ဇာတ်လမ်းလေးများ သွေးတိုး စမ်းတင်ပြနေရ ချိန်တွင် လိင်အသားပေးဟု ဆိုသော ဇာတ်ကားများ ထွက်ရှိ လာခြင်းကြောင့် ရရှိထားသည့် လွတ်လပ်ခွင့်ကို အဆုံးရှုံးမခံနိုင်သူတို့ စိုးရိမ်ပူပန်လာကြသည်။ တစ်ချိန်တည်းမှာပင် မြန်မာဗီဒီယိုဆင်ဆာအဖွဲ့ကလည်း ယဉ်ကျေးမှုနှင့် မသင့်လျော်သည့် ပြကွက်များကို ပိုပိုတင်းကျပ်တော့မည်ဟု စကားဦးသန်းလာပြီဖြစ်သည်။

“အဲဒါမှမရရင် ခွေကို ဈေးကွက်ထဲက ပြန်သိမ်းတဲ့အထိ အရေးယူပါမယ်။ အိပ်ရာခန်းတွေကို လိုအပ်လို့ထည့်တာကထည့်ပေါ့။ ဒါပေမယ့် မူဝါဒသတ်မှတ်ထားတာကို ကျော်ပြီးရိုက်ရင် ပထမထောက်ညွှန်မယ်။ မရရင်ဒီအခန်းတွေကို ဖြတ်တောက်ရမယ်”” ဟု မြန်မာဗီဒီယိုဆင်ဆာအဖွဲ့မှ အဖွဲ့ဝင် ဦးခင်မောင်ချင်းက ပြောသည်။ တင်းကျပ်သည့် ဆင်ဆာမူဝါဒဟု မြန်မာအနုပညာရှင်တို့ ပြောဆိုဝေဖန်ခဲ့သော ဆင်ဆာခေတ်သည် လွန်ခဲ့သည့် တစ်နှစ်ခွဲတွင် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ ဆင်ဆာအဆီးအတားမရှိတော့သည့်နောက် “ဘယ်လိုကားတွေ ရိုက်လာကြမှာလဲ”” လို့ ပရိသတ် က မေးခွန်းမထုတ်နိုင်သေးခင်မှာပင် သရဲတစ္ဆေဇာတ်ကားများ တရစပ်ထွက်ရှိလာသည်။

ယင်းနောက် မှာတော့ နောက်ခံအချစ် သီချင်းဖွင့်ပြီး ပန်းခြံထဲတွင် ပြေးလွှားနေသော ချစ်သူစုံတွဲများ၊ ပန်းပွင့်လေးပေါ် လိပ်ပြာနား၍ ၀တ်ရည်သောက်သုံးနေသည့် တင်စားချက်ပြကွက်များ နေရာတွင် မြန်မာမင်းသားနှင့် မင်းသမီးတို့ အကြင်နာပေးခြင်း (နှုတ်ခမ်းချင်း ထိတွေ့နမ်းရှုတ်ခြင်း)၊ လင်မယား ခုတင်ပေါ်က ဇာတ်ဝင်ခန်းအချို့ နေရာယူလာသည်။ လွတ်လပ်ခွင့်ပေးလိုက်ချိန်တွင် ယခင်က မရိုက်ခဲ့ရသော ဆင်းရဲမွဲတေသည့် သရုပ်မှန်စရိုက်၊ မီးပြတ်သည့်အကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက်သည့်အကြောင်း၊ အစိုးရဌာနပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုစသည်တို့ကို အနုပညာဖြင့် ပြောင်မြောက်အောင် ဖော်ထုတ်သည့်ဇာတ်ကားများ ထွက်မလာခဲ့ဘဲ သရဲကားများနှင့် နမ်းရှုတ်သည့် ဇာတ်ကားများထွက်လာခြင်းမှာ ဆင်ဆာလွတ်လပ်ခွင့် တဖွဖွတောင်းသူတို့ပင် မျက်စိလည်ကုန်သည်။

“ကျွန်မ ဆင်ဆာလွတ်လာခွင့်ရတာနဲ့ ကိုမြအေးနဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ၀တ္ထုတွေ ဗီဒီယိုရိုက်တယ်။ အောက်ခြေလူတန်းစား မိသားစုဘ၀တွေကို အရင်က မရိုက်ခဲ့ရသမျှ အတိုးချရိုက်ကူးတယ်။ ဒါကို ပရိသတ်ကလည်း အားပေးကြတာတွေ့ရတယ်။ ပရိသတ်တောင့်တတာက ဇာတ်လမ်းဆန်းသစ်တာလို့ ကျွန်မထင်ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုမြအေးတို့၏ ၀တ္ထုများကို ဗီဒီယိုဇာတ်ကားပြန်လည်ဖန်တီးခဲ့သူ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုသည်။

“အခု မြန်မာကားမှာက နှုတ်ခမ်းချင်းနမ်း လိုက်တာကိုပဲ အနမ်းခံရတဲ့ မင်းသမီးက အသေးစိတ်ပြန်ခံ စားပြနေတယ်။ ဒါကို ကလေးတွေအတု ယူမှားနိုင်တယ်။ လွတ်လပ်ခွင့် ရလာတဲ့ အခါ ရှေ့ဆက် သွားရမှာကို မဟုတ်တမ်း တရားတွေ ရိုက်ပြီး လွတ်လပ်ခွင့်ကို အဆုံးရှုံး ခံကြတော့မှာလား။ ပြောရင်တော့ ခင်ဗျားကြီးက အသက်ကြီးလို့ မရိုက်ရဲ တိုင်းပြောတယ် ဖြစ်မယ်။ ကလေးတွေ အတွက် စဉ်းစားပါ” ဟု ချစ်တင်းနှောခန်းများ မပါပါက အနုပညာ မမြောက်ဆိုသည့် ရှုထောင့်ကို လက်မခံသည့် ဒါရိုက်တာ မောင်တင်ဦးက ဆိုသည်။

တင်းကျပ်သည်ဆိုသော ဆင်ဆာအချက် ၁၀ ချက်မှ လေးချက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် လျှော့ပေါ့လိုက်ပြီးနောက် တင်ပြလာသည့် မြန်မာဇာတ်ကားများကို နိုင်ငံတော်မူဝါဒ၊ ကိုးကွယ်သည့်ဘာသာ၊ ပြည်သူတို့၏ အကျင့်စာရိတ္တ၊ တရားဥပဒေစိုးမိုးမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားယဉ်ကျေးမှုတို့ကို ထိခိုက်ခြင်းရှိ၊ မရှိ ယင်းအချက် ခြောက်ချက်အပေါ်အခြေခံ၍ ဆင်ဆာကြည့်ရှုခဲ့ခြင်းဖြစ်သည်။

 ထိုအချက်ထဲက လွတ်ရင်ပြီးရော မောင်နှင့်နှမ၊ သားနှင့်အမိ အတူကြည့်လို့ မသင့်သည့် မြန်မာဇာတ်ကားများ ထပ်မထွက်လာစေရန်အတွက် ဆင်ဆာပြန်လည်တင်းကျပ်သည့်စနစ်ကိုတော့ ရုပ်ရှင်လောကသားအားလုံးက ခါးခါးသီးသီး ကန့်ကွက်နေကြသည်။ ထို့ပြင် နိုင်ငံတကာ ရုပ်ရှင်ဈေးကွက်များကဲ့သို့ အသက် ၁၈ နှစ် အောက်ကလေးများ မကြည့်ရဆိုသည့် အဆင့်သတ်မှတ်သည့်စနစ် (Rating) မှာလည်း မြန်မာ့လူမှုဝန်းကျင်နှင့် လတ်တလောပြုလုပ်ရန် လုံးဝလွယ်ကူဦးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအပါအ၀င် လောကသားအများစုက ဆိုပြန်သည်။

ထိုသို့ဆိုလျှင် နောက်ထပ်ညစ်ညမ်းပါသည်ဆိုသည့် လင်မယားအတူနေဇာတ်ဝင်ခန်းများ၊ သမီးရည်းစား အကြင်နာပေးသည့် ဇာတ်ဝင်ခန်းများမပါအောင်၊ အနုပညာဖန်တီးသူများကိုလည်း မပွန်းပဲ့အောင် မည်သို့ဖန်တီးကြမည်နည်း။ အဖြေကို ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌရာထူးကို မကြာမီက ရရှိခဲ့သည့် သရုပ်ဆောင်ဒါရိုက်တာ ဦးလူမင်းက ပေးပါသည်။ “မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ နေရာမှာ မြန်မာတွေလည်း ချစ်တတ်တာပါပဲ။ ဒါကြောင့် ချစ်ခန်းကြိုက်ခန်းတွေကို သဘာဝကျပြီး အမြင်မရိုင်းအောင်တော့ ဖန်တီးမယ့်သူတွေက ကြိုးစားပေးသင့်ပါတယ်။ “မျက်လုံးလေးကလယ်ကလယ်” ဇာတ်ကားမှာကတည်းက Rating စနစ်လိုနေပြီလို့ ကျွန်တော်ပြောခဲ့ပေမယ့် လတ်တလောလုပ်ဖို့ လုံးဝအဆင်မပြေပါဘူး” ဟု လူမင်းက ပြောသည်။

အသက် ၁၈ နှစ်အောက် ကလေးများမကြည့်ရဟု တံဆိပ်ကပ်နှိပ်လိုက်ပါက အသက် ၁၈ နှစ်အောက်မပြည့်သေးသည့် ထိုကလေးအများစုကပင် ယင်းဇာတ်ကားများကို ရွေးချယ်ကြည့်ရှုသွားလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ မြို့စွန်နှင့် ကျေးလက်နေလူတန်းစားများ ဖြစ်နေပြီး ၎င်းတို့မှာ အခကြေးငွေယူ၍ ပြသကြသည့် ဗီဒီယိုရုံများ၊ လက်ဖက်ရည်ဆိုင်ကြီးများတွင် ပြသသည့် မြန်မာဇာတ်ကားများ ကို အားထားကြည့်နေကြရသည်။

ဆေးလိပ်၊ အရက်တို့ကိုပင် ကလေးငယ်များကို ဖောဖောသီသီရောင်းနေသည့် မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်များ မကြည့်ရဟု ဇာတ်ကားများသတ်မှတ်လိုက်ပါက အတိအကျလိုက်နာကျင့်သုံးရေး စိစစ်ကြပ်မတ်ရန်မှာ အတော်ပင်မလွယ်ကူသေးသည့် အလုပ်ဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က ဆိုသည်။ “ကျော်ဆွေသေနတ်ပြောင်းပြန်ထမ်းတာတွေ့ပြီး အားကျပြီး ကျွန်တော်လည်း သေနတ်ပြောင်းပြန်ထမ်းလိုက်တာ တပ်ထဲမှာ အဆူအကြိမ်းခံလိုက်ရတာပဲ။

ဒါဘာကိုပြလဲဆိုတော့ ခင်ဗျားတို့မှာ ပရိသတ်အများကြီးရှိတာပဲ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ယမန်နှစ်က လာရောက်ခဲ့သည့် သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ စကားမှာ သမားရိုးကျချစ်ကြိုက်ကွဲညားကို ဆန်းသစ်အောင် လိင်အသားပေးဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးသူတို့ စဉ်းစားသင့်သည့်အချက်ဖြစ်နေသည်။ “မင်္ဂလာဦးညကို ရင်ခုန်အောင် ရိုက်ပြရမယ်ဆိုရင်တော့ အထိတွေ့လေးတွေ၊ အနမ်းလေးတွေပါသင့်တာပေါ့။ ကြည့်တဲ့သူတွေမှာလည်း အကြည်ဓာတ်လေး လိုတယ်လေ။ ခက်တာက လိုတာထက်ပိုပြနေတာပဲ။ စွတ်လုပ်နေရင် ရထားတဲ့ လွတ်လပ်ခွင့်လေး ပြန်ဆုံးရှုံးမှာစိုးတယ်” ဟု ဒါရိုက်တာဝိုင်းက ဆိုသည်။ သို့သော် သူက ဇာတ်ကားများအဆင့် သတ်မှတ်သည့် စနစ်ကို ထောက်ခံသူလည်းဖြစ်သည်။

“ရေရှည်ကို ကြည့်ပါ။ လတ်တလောအဆင်ပြေအောင် အဲဒီအခန်းဖြတ်ဆိုတာ မလုပ်နဲ့တော့။ နိုင်ငံတကာကို သွားမယ်ဆိုရင် Rating က အကောင်းဆုံးပဲ။ စစချင်းခက်မှာပဲ။ ဘယ်အလုပ်မဆို ခက်မှာပဲ” ဟု ၀ိုင်းက ဆိုသည်။ လောကသားအများစုမှ စိုးရိမ်သလို ဆင်ဆာပြန်လည်တင်းကျပ်သည့်စနစ်ကိုတော့ မပြုလုပ်လိုကြောင်း ဆင်ဆာအဖွဲ့ဝင် ဦးခင်မောင်ချင်းက ကတိပြုသော်လည်း မူဝါဒခြောက်ချက်နှင့် ငြိစွန်းလာလျှင်တော့ နောက်နောင်ညှာတာတော့မည်မဟုတ်ဟု ဆိုသည်။

From:7day

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D