သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 20, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်စေလိုသော အချက်များ

၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်မှ ၇ ရက်နေ့ အထိ မြန်မာနိုင်ငံမှာ ပထမဆုံး  ပြုလုပ်ခဲ့တဲ့ World Economice of East Asia ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရဲ့ Icon နိုင်ငံသားများ အတွက် လုပ်ချင်တာတွေ လုပ်ပေးနိုင်ဖို့ သမ္မတ ဖြစ်လိုကြောင်းနဲ့ သမ္မတ ဖြစ်ဖို့လည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ဒုတိယ အကြိမ် တရားဝင်ပြောကြား ကြေညာ ခဲ့ပါတယ်။
 

ဒီပြောကြားမှု နှစ်ကြိမ်မှာ သူမရဲ့ ပွင့် လင်းဖြောင့်မတ်တဲ့ စိတ်ဓာတ်နဲ့ စရိုက်ကို ထပ်မံတွေ့ရှိ လိုက်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလကြားဖြတ် ရွေးကောက်ပွဲမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲထက် ပိုမို အရှိန်အဟုန် ပြင်းပြ ကြီးမားတဲ့ ပြည်သူလူထု ထောက်ခံ မှုနဲ့ နောက်တစ်ကြိမ် Land Slide Sweeping အနိုင်ရရှိ ပြီးနောက် ဇွန်လမှာ သူမရဲ့ စစ်အာဏာရှင် ဖိနှိပ်မှုအောက် ၂၂ နှစ်အပြီး ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ကိုသွားရောက် ခဲ့စဉ်ကတည်းက ဒီ Strong and Straight Forward No Cunning Character ကို စတွေ့ခဲ့ရပါတယ်။ နိုင်ငံ ခြားရင်းနှီး မြှုပ်သူတွေ မြန်မာနိုင်ငံရဲ့ အခြေ အနေကို မျက်စိမှိတ် အကောင်းမမြင်ဖို့ သတိပေး စကား ပြောကြား ခဲ့တဲ့ ဒေါ်စုကို သံသယ ဖြစ်မိကြောင်းနဲ့ မယုံကြည်နိုင် ကြောင်း ဝေဖန်ပြစ်တင် ခံခဲ့ရပါတယ်။ ဦးနု ဘာသာပြန်တဲ့ မိတ္တဗလဋီကာ စာအုပ်ကို မြန်မာလို ရေးထားလို့ မဖတ်ဘူးရင် တောင် ဒေးလ်ကာနယ်ဂျီရဲ့မူရင်းစာအုပ် How To Win Friends and Inrluence People ကိုတော့ ဒေါ်စုဖတ်ဖူးဖို့ ကောင်းပါတယ်။ ဒါမှမဟုတ် အဲဒီနည်းတွေ ကျင့်သုံးဖို့ကိုပဲ မသတီလို့လား။ မိတ်ဆွေ တစ်ယောက် ပြောတာကို သတိရ မိပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းရော၊ သမီးဒေါ်အောင်ဆန်းစု ကြည်ရောပါ အစိုးရ ဌာနမှာ အလုပ်ဝင်လုပ် ရင် တစ်ပတ်ခု နစ်ရက်တောင် မခံဘဲ အလုပ် ပြုတ်ဖို့သေချာ သလို ကုန်သည် စီးပွားလုပ် ရင်လည်း အရင်းပါအိတ်စိုက်မွဲပြာကျ သွားမှာ မလွဲဘူးဆိုတဲ့ မှတ်ချက်ပါပဲ။ နား မလည်ဘဲ စိတ်ထဲရှိတဲ့ အတိုင်း ဒဲ့ဒိုးကြီး ပြောတတ်တဲ့ စိတ်ဓာတ်နဲ့ ရိုးသားမှု ကတော့ သားအဖ နှစ်ယောက် အတူတူပဲ။ တစ်ခါ အိန္ဒိယနိုင်ငံ သွားခဲ့တုန်းကလည်း မြန်မာ နိုင်ငံရဲ့ အပြောင်းအလဲဟာ စိတ်ချရတဲ့ အနေအထားမှာ မရှိဘဲ အချိန်မရွေး နောက် ကြောင်းပြန်လှည့် သွားနိုင်ကြောင်း ပြောပြန် ပါပြီ။ အစိုးရနဲ့ ပြေလည်ကာစ အချိန် လွှတ်တော် ထဲမှာလည်း ထိုင်ခုံတောင် မပူ သေးတဲ့ အချိန်မှာ အဲဒီလိုရှင်းရှင်း ဘွင်းဘွင်း ပြောချလိုက်ပုံကတော့ နောင်ရှေ့ဆက်သွား ရမည့် Dirty Political Game မှာ ဘယ် တော့ ခြေထိုး၊တံတောင်နဲ့တွက်၊ နံကြားကို လက်သီးနဲ့ ပုန်းထိုးခံရပြီး လွင့်ထွက်သွား မလဲဆိုတာ စိတ်ပူမိတာ အမှန်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘမျိုး ဘိုးတူ အာဇာနည်သွေးရဲရဲ တောက်နေပေ မယ့်လည်း အဆင့်မြင့် ပညာတတ် လူကြီး လူကောင်းအမူအကျင့်တွေ Graduated Gentleman Behaviour and Mindest Attitude စွဲကပ် နေတာဟာ ဒီနေ့မြန်မာ နိုင်ငံရဲ့နိုင်ငံရေး အနေအထားအရ အန္တရာယ် များလှ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု ရလဒ်ကို ဝေဖန်ခဲ့ပြီး နိုင်ငံရဲ့အောက်ခြေ လူတန်းစား တွေဟာပြောင်းလဲမှု အသီးအပွင့်ကို မခံစား ရကြောင်းပြောခဲ့ တာတွေ့ရတော့ ဒေါ်အောင် ဆန်းစုကြည်ကို မြန်မာနိုင်ငံမှာ သမ္မတ မဖြစ်စေလိုတာ အမှန်ပါပဲ။ ဘာကြောင့် လည်းဆိုတာ တင်ပြဆွေးနွေး ပါမယ်။

အထူးသဖြင့် ရခိုင်အရေးလို မသီတာထွေး ဆိုတဲ့ မိန်းကလေး တစ်ယောက် အဓမ္မကျင့် အသတ်ခံရတဲ့ ကိစ္စက အစပြုဖြစ်ပွားတဲ့ အရေးအခင်းမှာ နိုင်ငံပိုင် အစိုးရမီဒီယာ တွေကနေ မူစလင် ကုလားဆိုတဲ့ အသုံး အနှုန်းကို သိသိသာသာ ထင်ထင်ရှားရှား အထူးပြု ကြေညာ သွားတာ၊ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းကိစ္စမှာ သူမ လာ ရောက်မည့်နေ့အရုဏ်တက်စအချိန်ကိုက် သပိတ်စခန်းကို S.W.A.T Style နဲ့ဖြိုခွင်း လိုက်ပါလျက် စုံစမ်းစစ်ဆေးရေးကော်မရှင် မှာ ဥက္ကဋ္ဌတာဝန်ပေးလိုက်တာ၊ ဆက် လက်ဖြစ်ပေါ်လာတဲ့ မိတ္ထီလာမြို့ အရေး အခင်းကစတဲ့ ကွင်းဆက်အကြမ်းဖက်မှု ဖြစ်ရပ်တွေမှာ Well Trained Merenary Butchers တွေရဲ့ သားရဲတိရစ္ဆာန်လုပ်ရပ် တွေဟာ ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့ ခဲ့ရတဲ့ ၂၀ဝ၃ ခုနှစ် ဒီပဲယင်း Massacre ရဲ့ ထပ်တူလုပ်ရပ်ဖြစ်နေပြီး ဘဝမှာ နှစ်ကြိမ် ကံမကောင်း လုပ်ကြံမှု သေဘေးက မလွတ် နိုင်သူဆိုတာ သတိပေးလိုရင်း သမ္မတဖြစ် မည့် လမ်းဆီလျှောက် လှမ်းမည့် ဒေါ်စု တစ် ယောက် အဲဒီအဆက် မပြတ်ဆောင့်ဝင်လာ မည့် Man Made Conspiracy တွေကို ရင်ဆိုင်ကျော်ဖြတ်ရုံ မဟုတ်ဘဲ၊ ဖယ်ရှား အဆုံးသတ်နိုင်စွမ်း ရှိမှာသာ ငါးမန်းတွေနဲ့ ဆက်ပြီးရေကူး ပါလို့အကြံပြုရင်း သမ္မတ မဖြစ်စေလိုတဲ့ အချက်အလက် အကြောင်း ရင်းတွေကို တင်ပြပါမည်။

ပထမ အချက်ကတော့ ဒေါ်အောင် ဆန်းစုကြည်ဟာ မည်းထူစိတ်ထား မထား နိုင်ခြင်းပါပဲ။ Tick & Darkened Strategy ကို အာရှတရုတ်နွယ်ဖွား စီးပွားရေး လုပ်ငန်းရှင်တွေက စပြီးတီထွင်ကျင့်သုံးခဲ့ ကြပြီး ကတိ၊ ကျင့်ဝတ်၊ စည်းကမ်း၊ တကယ့်အစစ်အမှန် အရည်အချင်းဆိုတဲ့ အခြေခံနီတိကျင့်စဉ်ကို အခြေအနေအရ အေးအေးဆေးဆေးနောက်မတွန့် မျက်နှာ မပျက်ဘဲ ဖောက်ဖျက်ပြီး ကိုယ်ပိုင် ကိုယ် ကျိုးစီးပွားသည်သာ အဓိကဆိုတဲ့စိတ်ဓာတ် နဲ့လုပ်ရပ်ကိုအချိန်တိုင်း ကျင့်သုံးခြင်း နည်း ဗျူဟာဖြစ်ပါတယ်။ Reputation, Dignity, Reliable and honouranble business Ethic စီးပွားရေး သိက္ခာတွေကို အလေးထားတဲ့ အနောက်တိုင်း သားတွေ နောက်ကောက် ကျရတဲ့ ရိုက်ချက်တွေ လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီတို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရှိ လိုက်ပြီးနောက် ကြုံတွေ့ လိုက်ရတဲ့ န.ဝ.တ စစ်အစိုးရရဲ့ လုပ်ရပ်ဟာ အဲဒီမည်းထူ နည်း ဗျူဟာရဲ့ အပြောင်မြောက်ဆုံး အဆင့်ဂုဏ် ထူးတန်း လက်ရည်ပဲ ဖြစ်ပါတယ်။ မျက်နှာ ထူတော့မပူ တော့ဘူး။ မျက်နှာ မည်းနေ တော့ ရှက်သွေး ဖြန်းတာ၊ မျက်နှာပျက် သွားတာ လူမမြင်တော့ ဘူးဆိုတဲ့ နည်း ဗျူဟာကို အခြေခံ ထားတဲ့ သိက္ခာမဲ့ ရှက် ကြောပြတ် ရက်စက်ပြတ်သား ယုတ်ညံ့ ကောက်ကျစ်တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ ကျင့်သုံးတဲ့နည်း ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်မှာ အဲဒီ အရည်အချင်း မရှိ ပါဘူး။

ဒုတိယ အချက်ကတော့ ဒေါ်အောင် ဆန်းစုကြည်ဟာ ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းလိုပဲ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ မျက်နှာနဲ့ အကျိုးကိုသာ ရှေ့တန်းတင် ဦးစားပေး တတ်တဲ့ အားနည်းချက်ဖြစ်ပါ တယ်။ ပညာရှိ မဟော်သဓာ ဖြတ်ထုံးမှာ သားငယ်ကို အလယ်မှာ ထားပြီး ဘီလူးမ နဲ့လူသား မိခင် အပြိုင်ဆွဲရတဲ့ သားငယ်လု ပွဲမှာအစက တည်းက နုတ်ထွက်သွားမည့် သူဖြစ်ပါတယ်။ အဲ့ဒီစိတ်မျိုးဟာ နိုင်ငံရေး နှင့် တိုင်းပြည်အုပ်ချုပ်ရေးမှာ အားနည်း ချက်တစ်ခုဖြစ်ပြီး ပုဂံခေတ်က သထုံပြည် မနူဟာဘုရင်နဲ့ ဖိလစ်ပိုင်နိုင်ငံက Peoples' lady သမ္မတ Mrs Corazen Aquino ရဲ့ စိတ်ဓာတ်မျိုး ဖြစ်ပါတယ်။ တိုင်းသူ ပြည်သား တွေနဲ့ ချစ်ခင်လေးစား သူတွေက ကျေးဇူး တင်ပေးမည့် ဒီနေ့ ခေတ်ကာလ ကိုယ်ကျိုး စီးပွားရှေ့တန်းတင် အာဏာရူး နဲ့ အတ္တ ဘီလူးတွေ အကြိုက်တွေ့ ပွဲတော် တည်စေမည့် ခံယူချက် လုပ်ရပ်မျိုးဖြစ်လို့ တိုင်းပြည်နှင့် မိမိကိုယ်တိုင် အတွက် အန္တရာယ်ကြီး လှပါတယ်။
တတိယ အချက်ကတော့ ဖခင်ဗိုလ် ချုပ်အောင်ဆန်းလိုပဲ မလိမ်တတ်၊ ပညာ တတ်မလှည့် စားတတ်တဲ့ ရိုးသားဖြောင့် မတ်တည်ကြည်မှုဟာ လေးစားဘွယ် ကောင်းပြီး ရဲရင့်ပြတ်သား အားလုံးကို ရင် ဆိုင်ကျော်လွှား နိုင်တဲ့ သံမဏိ စိတ်ဓာတ် ဟာလည်း ကြည်ညို အားထားစရာ ဖြစ်ပေ မယ့် မင်းရာဇာ ပရိယာယ်နဲ့ လိုအပ်ရင် အာဏာစက် ဓားထက်၊ တိုင်းသူပြည်သား အရိုးစုလမ်း ခင်းချနင်းရမည့် စိတ်ဓာတ်မျိုး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံနှင့် မထားနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူအများရဲ့ ချစ်ခင်လေးစား ကျေးဇူးတင် ခြင်းကို ရရှိမှာဖြစ်ပေမယ့် Dirty Political Game မှာ ဘယ်သူ့ကြောင့် ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုဂုဏ်သိက္ခာ ကျ ဆင်း နာမည်ပျက် အရှက်ရပြီး မုန်းတီး ဇာနည်စိုးထွဋ် အထင်လွဲမှုဒေါသတွေ တစ်ပွေ့တစ်ပိုက် ခံယူရရင်း အသူသတ်ရာချောက်ထဲတွန်းချ ခံရမည်ဆိုတာမသိတဲ့ အန္တရာယ်ကို ဖိတ် အချက်များ ခေါ်သလိုဖြစ်နေတာဟာ ကြောက်စရာ ကောင်းလှပါတယ်။

စတုတ္ထအချက်ကတော့ ပြည်သူတွေ ဆင်းရဲနွမ်းပါး ဒုက္ခရောက်ကြပြီး လူသား အခွင့်အရေးနဲ့ ဂုဏ်သိက္ခာဆုံးရှုံးနေတာ ကို လျစ်လျူရှုမနေတတ်တဲ့ ပြည်သူဦးစား ပေးစိတ် ခံယူချက် ကြီးမားတာကြောင့် နိုင်ငံတစ်ခုကို အုပ်ချုပ်ရာမှာ ကိုယ်ကျိုးစီး ပွားအတ္တကိုရှေ့တန်း တင်ကြတဲ့ ပတ်ဝန်း ကျင်နဲ့ သဟဇာတ မဖြစ်ဘဲ ထိရောက်ပြတ် သားတဲ့ ခေါင်း ဆောင်မှု မလုပ်နိုင်စေမည့် အတားအဆီး အဖျက် အနှောင့်အယှက် တွေ နဲ့ အချိန်ကုန်လူပန်းဖြစ်သလို ဖခင်လို ဇာတ်သိမ်းသွားမည့် ကံကြမ္မာမျိုးနဲ့ ကြုံ တွေ့သွားနိုင်ပါတယ်။

နှစ် ၅၀ ကြာ အခြေခိုင်ခဲ့ပြီး အမျိုးသား ယဉ်ကျေးမှု တစ်ခုလိုပင် ဖြစ်နေသည့် အကျင့် ပျက် ကိုယ်ကျိုးရှာ လာဘ်ပေးလာဘ်ယူ ခြစားနေမှုတွေ အစိုးရ ဝန်ကြီးဌာန အားလုံး နီးပါးမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ထိပ်ဆုံးဝန်ကြီး၊ ဗိုလ်ချုပ်လူတန်းစားမှ သည် အောက်ခြေဂိတ်စောင့်လုံခြုံရေးအထိ အမြစ်တွယ်နေသော ထိုအကျင့်ဆိုးကြီးကို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပြီး Clean Goverment , Good Governance ကို အပြောမဟုတ် တကယ်လက် တွေ့ ထိထိရောက်ရောက် ပြတ်ပြတ်သား တွေ့ ထိထိရောက်ရောက်ပြတ်ပြတ်သား သား အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင် လိုက်ရင် ခွေးရူးတွေအလယ်၊ ကျားဘုရင် မတင့်တယ် တကယ် ဖယ်ရှားခံရသူက ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သွားဖို့ရှိ ပါတယ်။ တကယ် အောင်မြင်အောင် မလုပ် ဆောင်နိုင်ခဲ့ရင်လည်း ဝေဖန်ကဲ့ရဲ့ပြစ်တင်မှု တွေ ဆူညံ့လာမည့် အခြေအနေမှာ ဖခင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အဘိုးဗိုလ်မင်း ရောင်ရဲ့ သတ္တိသွေးနှင့်ဇာတိမာန် ဗီဇတွေ လွှမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ သမိုင်းမှာ ပထမဆုံးသော မိမိတာဝန်မကျေပွန်မှုကို တာဝန်ခံယူပြီး နှုတ်ထွက်ပေးသော နိုင်ငံခေါင်းဆောင်ဖြစ် သွားနိုင်ပါသည်။ အဲဒီလိုအခြေအနေမျိုး ရောက်အောင်လည်း ဖန်တီးတွန်းပို့ အကွက်ချ လုပ်ဆောင်မည့် ဝံပုလွေတွေ အကြားမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ် လို ကခုန်သွားနိုင်မလဲ ဆိုတာ ရင်လေးလွန်း လှပါတယ်။

ပဉ္စမအချက် ကတော့ အရေးကြီး ဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတြွကယ်ဝ လွန်းပြီး စစ်ဗျူဟာ မြောက် ပထဝီအနေ အထားမှာ ရှိနေသလို ဆာလောင်မွတ်သိပ် နေသော သန်း ၆၀ သော စားသုံးသူ ဈေးကွက်ကြီး ရှိနေတာ ကြောင့် ကမ္ဘာ့စီးပွားရေး အင်အားကြီး ဖြစ်ပြီး လူဦးရေလည်း အများဆုံးဖြစ်ကြတဲ့ နိုင်ငံ ကြီးနှစ်ခုအကြား တည်ရှိနေကာ မြန်မာ နိုင်ငံကို အပျိုစင်စစ်စစ် လိုရှုမြင်ပြီး အကြမ်း နည်း၊ အပျော့နည်း မျိုးစုံနဲ့ ဗဘကျန စော် ကားသိမ်းပိုက် အချောင်နှိုက်မည့် ရပ်ကွက် နေ အိမ်နီးနားချင်း တွေကလည်း ချောင်း မြောင်းနေကြတဲ့ အနေအထားမှာ ရှိနေပါ တယ်။

ပွင့်ပွင့်လင်းလင်း ပြောနေမြင်နေကြတာက ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမို ကရေစီကို အစဉ်တစ်စိုက် ဘဝနှင့် အသက်ရင်းပြီး မြန်မာပြည်သူ တွေအတွက် ဖော်ဆောင်နေ Western Nation and U.S Favoured Leader ဖြစ်နေတော့ အခွင့်အရေး အမြတ် အစွန်းကြီးမားမှုနှင့် တစ်ဖက်သက် အသာစီးရ ရှိနေမှုကို မစွန့်လွှတ် အလျော့ မခံနိုင်တဲ့ လောဘအတ္တနဲ့ ခြံစည်းရိုးမဲ့ ဂယ်ပေါက်တွေမှ တစ်ဆင့် မီးစတစ်ဖက် ရေမှုတ် တစ်ဖက် ဒုတ်ပြလိုက် မုန့်ကျွေး လိုက်လုပ် လာကြမှာ ဖြစ်တော့ အဲဒီအချိန် မှာ နိုင်ငံ့ခေါင်းဆောင် သမ္မတ ဖြစ်နေပြီ ဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီရန်သူ တွေကို အနားမှာ ထားပြီး ဘယ်လိုအိပ်စက် Sleeping With Enemies ကျင့်ဆောင် သွားမှာလည်းဆို ရင်လေးစရာပါ။ အစ္စရေး နိုင်ငံက ဝန်ကြီးချုပ် မစ္စရီဒါမေယာ၊ အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မစ္စအင်ဒရာဂန္ဒီ၊ ဗြိတိသျှ ဝန်ကြီးချုပ် သံမဏိမယ် မစ္စမာဂရက်သက် ချာတို့တစ်တွေလို Iron Ladies ရဲ့ သတ္တိ ဗျတ္တိစွမ်းရည် စိတ်ဓာတ်နဲ့ မျိုးရိုး ဗီဇသွေး ပေါင်းစပ်ပြီး မားမားမတ်မတ် ခိုင်မာ ပြတ် သားစွာ ရပ်တည်ခန့်ညား စစ်ရေး အင်အား စွမ်းရည်နဲ့ အောင်ပွဲခံ ဩဇာအာဏာ တည် ဆောက်ဖို့ တကယ့် စတ်ပိုင်းဖြတ်ပြီး လုပ် ဆောင်မည်ဆိုရင်တောင် စစ်ရေးခေါင်း ဆောင်မှုဩဇာနှင့် အတွေ့အကြုံကို လေး စား ခန့်ညား နိုင်ပါ့မလား။

ကမ္ဘာကျော် မင်းသားကြီး Harrison Ford ပါဝင်တဲ့ Air Force ဇာတ်ကားမှာ တောင်သမ္မတ ပျောက်ဆုံးနေစဉ် သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ဆက်ခံ တာဝန်ယူထမ်းဆောင် ညွှန်ကြား စီစဉ်နေတဲ့ အမျိုးသမီး ဒုတိယ သမ္မတကို ကာကွယ်ရေး ဝန်ကြီး စစ်ဗိုလ် ချုပ်ကြီးက စစ်ဖြစ်နေတဲ့ အနေအထား ရောက်ပြီဖြစ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ သူ့ကိုလုပ်ပိုင်ခွင့် အာဏာအားလုံး လွှဲပြောင်း ပေးဖို့နဲ့ ယခုအချိန်က စပြီးသူ့ရဲ့ ဩဇာ အာဏာ သာတရားဝင် အတည်ဖြစ်ကြောင်း ချောင်ပိတ်လာပါ တယ်။

နိုင်ငံတော် ရှေ့နေချုပ် Sate Attorney General ကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအချက်အရ ထောက်ခံပါတယ်။ ဒီနေရာမျိုးမှာ ဖော်ပြခဲ့တဲ့ သံမဏိဝန်ကြီး ချုပ် အမျိုးသမီးသုံးဦးဆိုရင် အရေးပေါ် အခြေအနေမှာဘယ်လိုထက်မြက်ပြတ်သား စွာ ဆုံးဖြတ်လုပ်ကိုင်မှာလည်းဆိုတာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချိန်မှာ ပြသရ ပါတော့မယ်။ ပြည်နယ် တောင်းဆို တဲ့အရေးကိစ္စကို အခွင့်ကောင်းယူပြီး မြေခွေး စဉ်းလဲ အာဏာရူးက ၁၉၆၂ ခုနှစ်ကလို အခြေအနေ အရပ်ရပ်ကို ဝင်ရောက်ထိန်း သိမ်းလိုက်ရတာမျိုး၊ ၁၉၈၈ ခုနှစ်ကလို တိုင်းပြည်ချောက်ထဲ ကျဖို့လက်သုံး လုံးအလို အခြေအနေ ရောက်နေတာကြောင့် ကယ် တင်လိုက်ရတဲ့ မိအေးတတိယ အကြိမ်နာ အဖြစ်မျိုးတွေ ထပ်မံကြုံတွေ့ဖြစ်ပေါ်လာ ရင် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုရင် ဆိုင်ရှင်းလင်း လုပ်ဆောင်မှာလဲ မစ္စဂိုဒါမေ ယာနှင့် မစ္စ မာဂရက်သက်ချာ ကတော့ ပါတီတွင်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ အညှာ အတာမဲ့ဖယ်ရှားမှု ကိုခံလိုက်ရပြီး မစ္စ အင် ဒရာဂန္ဒီကတော့ သားဖြစ်သူ ဆန်ဂျေးဂန္ဒီ အထိပါ အသက်ပေး သွားရရှာတဲ့ ကံကြမ္မာ ကြုံသွားရပါတယ်။

 ပြည်သူ့ ခေါင်းဆောင် နိုင်ငံ အာဇာနည်ရဲ့သမီးဒေါ်အောင်ဆန်း စုကြည်ခေါ် ပြည်သူ ချစ်တဲ့ အမေစု သမ္မတ မလုပ်စေလို ပါကြောင်းနှင့် ဥက္ကဋ္ဌကြီး မော်စီ တုန်း၊ မစ္စတာ တိန်ရှောက်ဖိန်နှင့် မစ္စတာ နယ်ဆင်မန်ဒဲလားတို့လို နိုင်ငံ ဥသျှောင် တိုင်းပြည် သင်္ကေတ Peacoca Lady that People Loving ပြည်သူချစ်ခင် လေးစား အားထားရတဲ့ ထာဝရ ရင်ထဲက ခွပ်ဒေါင်း ခေါင်းဆောင် အဖြစ် ရှိစေလို ကြောင်းပါ။
From:venus

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D