သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, June 21, 2013

ခရိုင်အဆင့်ထိ ရဲတွေ စစ်ဆေးခံနေရ

စစ်ကိုင်းတိုင်း ကလေး ခရိုင်နဲ့ တမူး မြို့နယ် အတွင်း မူးယစ် ဆေးဝါးနဲ့ လက်နက် မှောင်ခို ရောင်းဝယ်မှု
တွေမှာ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ ပါဝင် ပတ်သက် နေတယ် ဆိုတဲ့ တိုင်ကြားချက် တွေကြောင့် နေပြည်
တာ် က အထူး ရဲတပ်ဖွဲ့တွေ ဆင်းလာပြီး စုံစမ်း စစ်ဆေး အရေးယူမှုတွေ လုပ်နေ ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ တမူးမြို့တို့က ရဲစခန်း တွေကို နေပြည်တော် ရဲချုပ်ရုံး
က အထူး စေလွှတ်တဲ့ ရဲတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ ရာမှာ မှောင်ခို လုပ်ငန်း တွေမှာ ပါ
ဝင် ပတ်သက်တယ်လို့ သံသယ ရှိတဲ့ ရဲအရာရှိ တွေကို အထူး ခုံရုံးဖွဲ့ စစ်ဆေး နေပါတယ်။

ကလေးမြို့မှာ အထူး စုံစမ်း စစ်ဆေးနေ မှုတွေ၊ အရေးယူတာတွေ ရှိပေမယ့် ဘာတွေ အတွက် ဘယ်လို အရေး ယူတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

တကယ်တော့ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုရောင်းဝယ်မှု ကိစ္စတွေဟာ အခုမှ ဒီဒေသတွင်းမှာ ဖြစ်
တာ မဟုတ် ဘဲ အရင် အချိန် အတန်ကြာ ကတည်းက ဖြစ်နေ ခဲ့တာ ဖြစ်တယ်၊ ဒေသခံတွေ အနေနဲ့ သ
တင်း အစ အန သိရင်တောင် ရဲကို မတိုင်ကြားရဲတဲ့ အခြေ အနေရှိနေ ခဲ့တာ ကြာပြီလို့ အဲဒီ ဒေသခံကပဲ
ပြောပါတယ်။

ကလေး ခရိုင် ရဲတပ်ဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ ရဲမှူးကြီး ဦးသိန်းဝင်း ကတော့ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေကို လိုင်စင်မဲ့ ကားတွေနဲ့ သယ်ယူနေတာ ရှိတယ် ဆိုတဲ့ သတင်းတွေကြောင့် စုံစမ်း အ
ရေးယူနေတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကလေးနဲ့ တမူးပတ်ဝန်းကျင်က ရဲအရာရှိတွေကို စစ်ဆေး အရေးယူမှုတွေ ကို ခုံရုံးဖွဲ့ စစ်ဆေးနေတာ
ဖြစ်ပြီး ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးက ရဲအုပ် တစ်ယောက်၊ ရဲစခန်း နယ်ထိန်း အရာရှိနဲ့ စခန်းမှူး တစ်ယောက်တို့ ပါဝင်တယ်လို့ ဒုတိယ ရဲမှူးကြီး ဦးသိန်းဝင်းက ပြောပါတယ်။

ကလေး ခရိုင်နဲ့ အိန္ဒိယ မြန်မာ နယ်စပ် တမူး မြို့နယ် တွေမှာ မူးယစ် ဆေးဝါးနဲ့ လက်နက် မှောင်ခို ရောင်း
ဝယ် မှုတွေ မကြာ ခဏ ဖမ်းဆီး ရမိခဲ့ရာမှာ ပြည်သူ့ဝန်ထမ်းတခိျု့ ပါဝင် ပတ်သက် ခဲ့တာ ရှိပါတယ်။

အခု နှစ်ဆန်း ဖေဖေါ်ဝါရီလ တုန်းက တမူး မြို့ပေါ်မှာ ရှိတဲ့ တရားရေး ဝန်ထမ်း တစ်ယောက်ရဲ့ အိမ်မှာ
ငွေကျပ် သိန်းပေါင်း သန်းနဲ့ ချီတဲ့ လက်နက်နဲ့ မူးယစ်ဆေး ဝါးတွေ ဖမ်းဆီး ရခဲ့သလို ဒီလဆန်းပိုင်း က
လည်း ကလေး ဇက်ကူးတို့ဆိပ်မှာ မြို့နယ် ရဲမှူးရဲ့ ကားပေါ် ကနေ မူးယစ် ဆေးဝါး တွေနဲ့ တရားမဝင် သစ်တောထွက် ပစ္စည်းတွေ ဖမ်းဆီး ရမိ ခဲ့ပါသေးတယ်။

ဘီဘီစီ (မြန်မာပိုင်း)


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D