မလေးရောက် မြန်မာများကို ဖုန်းဆက်သွယ်လိုပါက ယခုလကုန်အထိ အခမဲ့ ခေါ်ဆိုခွင့် ပေးမည်ဟု VMG TELECOMS ကုမ္ပဏီမှ သိရသည်။ အခမဲ့ ဖုန်းခေါ်ဆိုခွင့်ကို Y-Talk Calling Center များမှ တစ်ဆင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး မည်သူမဆို မလေးရှားမှ မြန်မာများအား နေ့စဉ် နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။
“အကြောင်း အမျိုးမျိုးကြောင့် မလေးမှာရှိတဲ့ မြန်မာတွေ သူတို့ မိသားစုနဲ့ ဖုန်းပြောဆိုနိုင်ဖို့အတွက် အလှူသဘောမျိုးနဲ့ ကူညီပေးတာပါ။ ဒီအစီအစဉ်က လုပ်ပေးတာ ၃ ရက်လောက်ပဲ ရှိပါသေးတယ်” ဟု VMG TELECOMS မှ မဖြိုးမီမီရှိန်က ပြောသည်။ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည့် နေရာများမှာ ဗဟန်းမြို့နယ် ရေတာရှည်လမ်းသစ်ရှိ Y-Talk Calling Center နှင့် ကျောက်မြောင်း သတိပဌာန်လမ်းရှိ Y-Talk Calling Center တို့ ဖြစ်သည်။ “ဖုန်းခေါ်ဆိုဖို့အတွက် ဆိုင်က ဝန်ထမ်းတွေ ဆောင်ရွက်ပေးမှာပါ။ ဆိုင်တစ်ဆိုင်မှာ ဖုန်း ၁၀ လုံး အခန်း ၁၀ ခန်း ထားပေးထားတယ်။ နှစ်ဆိုင်ပေါင်း အလုံး ၂၀ ရှိပါတယ်။ ကြိုက်သလောက် ဖုန်းပြောနိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ Y-Talk စနစ်တွင် ပုံမှန်ကောက်ခံသည့် နိုင်ငံခြားခေါ်ဆိုခမှာ မလေးရှားနိုင်ငံဆိုလျှင် တစ်မိနစ် ၅၁ ကျပ် ကောက်ခံကြောင်း သိရသည်။ VMG TELECOMS Y-Talk ဖုန်းခေါ်ဆိုသည့် စနစ်ကို မြန်မာ့ ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့ ပူးပေါင်းဝန်ဆောင်မှု ပေးခြင်းဖြစ်ပြီး လက်ရှိတွင် Y-Talk စနစ်ကို ရတနာပုံတယ်လီပို့ ဝက်ဘ်ပို့တယ်နှင့် မိုဘိုင်းဖုန်း၊ ကိုယ်ပိုင် ကွန်ပျူတာများတွင် ငွေဖြည့်ကတ် ဝယ်၍ အသုံးပြုနိုင်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
From:ခေတ်လူငယ်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...