မြန်မာ့သယံဇာတမှ ထွက်ရှိသော ငါးရှဥ့်များကို တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေပြီး လက်ရှိတွင် သယံဇာတ အခြေအနေအရ ငါးရှဥ့်မွေးမြူရေး လုပ်ငန်းကို ယခုနှစ်တွင် စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးရှဥ့်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဘသော်က ပြောပြသည်။
လက်ရှိတရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေသည် ငါးရှဥ့်များသည် သဘာဝမှ ဖမ်းဆီးရမိသော ငါးရှဥ့်များဖြစ်ပြီး ငါးရှဥ့်သယံဇာတများ ပြုန်းတီးမသွားအောင်နှင့် နိုင်ငံခြားဝင်ငွေများစွာ ရရှိအောင် ရည်ရွယ်ကာ ငါးရှဥ့်မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။
"ငါးရှဥ့်ဟာ မနှစ်က နိုင်ငံခြားဝင်ငွေ စံချိန်တင် ရရှိခဲ့တယ်။ ဒီနှစ်လည်း မနှစ်ကထက် ပိုရနိုင်တယ်။ လက်ရှိမှာ ငါးရှဥ့်သယံဇာတ အနေအထားအရ ငါးရှဥ့်မွေးမြူရေး လုပ်ငန်းတွေကို စတင်လုပ်ကိုင် နေပါတယ်။ ငါးရှဥ့်ဖမ်းတာက သယံဇာတက အများဆုံး ဖမ်းတာဖြစ်တယ်။ အခုလို မွေးမြူလိုက်တော့ အကောင်အသေးလေးတွေ အလကား မဖြစ်တော့ဘူးပေါ့။ အခုနှစ် မိုးရာသီမှ စလုပ်တာပါ။ အဓိကကတော့ တရုတ်ကို တင်ပို့ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း စားသုံးမှုတွေ ရှိပါတယ်" ဟု မြန်မာနိုင်ငံ ငါးရှဥ့်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဘသော်က ဆက်လက်ပြောကြားသည်။
ငါးရှဥ့်ဟာ မနှစ်က နိုင်ငံခြားဝင်ငွေ စံချိန်တင် ရရှိခဲ့တယ်။ ဒီနှစ်လည်း မနှစ်ကထက် ပိုရနိုင်တယ်။ လက်ရှိမှာ ငါးရှဥ့်သယံဇာတ အနေအထားအရ ငါးရှဥ့်မွေးမြူရေး လုပ်ငန်းတွေကို စတင်လုပ်ကိုင် နေပါတယ်။ ငါးရှဥ့်ဖမ်းတာက သယံဇာတက အများဆုံး ဖမ်းတာဖြစ်တယ်။ အခုလို မွေးမြူလိုက်တော့ အကောင်အသေးလေးတွေ အလကား မဖြစ်တော့ဘူးပေါ့။ အခုနှစ် မိုးရာသီမှ စလုပ်တာပါ။ အဓိကကတော့ တရုတ်ကို တင်ပို့ဖြစ်ပါတယ် . . . . .
ပြီးခဲ့သော ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ငါးရှဥ့်တင်ပို့မှုသည် တန်ချိန်တစ်သောင်း တင်ပို့နိုင်ခဲ့ပြီး နိုင်ငံဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိရန် လျာထားပြီး အမှန်တင်ပို့ပြီး ရရှိငွေမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ နီးပါး ရရှိခဲ့ပြီး စံချိန်တင် ရရှိခဲ့ကြောင်း သိရသည်။
ငါးရှဥ့်တင်ပို့နိုင်မှုသည် ၂၀၁၂ ခုနှစ် အတွင်းတွင် လျာထားချက်ထက် ကျော်လွန်ကာ ပိုမိုတင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ မူဆယ်၊ ချင်းရွှေဟော် စသည့်နယ်စပ်ဂိတ်ပေါက် များကနေ အများဆုံး တင်ပို့ခဲ့ကြောင်း သိရသည်။
By...ကနောင်သား
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...