သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 22, 2013

ပါကစ္စတန်ရှိ ရှီယာမွတ်ဆလင်များဗလီတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၁၄ ဦးသေဆုံး

Photo: ပါကစ္စတန်ရှိ ရှီယာမွတ်ဆလင်များဗလီတွင် 
အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၁၄ ဦးသေဆုံး
Saturday, June 22, 2013

ပါကစ္စတန်မြောက်ပိုင်းမြို့တော်ပက်ရှဝါတွင် ရှီယာမွတ်ဆလင်များ၏ဗလီတွင် 
အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆု့းလူ ၁၄ ဦး သေဆုံးခဲ့ကြောင်း 
ရဲများနှင့် အရာရှိများက ပြောကြားသည်။

ဗုံးကွဲမှုကြောင့် လူအယောက် ၂၀ ကျော်ဒဏ်ရာရရှိသွားပြီး 
သောကြာနေ့ဗလီတက်ဝတ်ပြုစဉ်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။ 
မည်သည့်အုပ်စုကမျှ ဤအမှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း မပြောကြားသေးပေ။

တောင်ပိုင်းမြို့တော်ကရာချီတွင်လည်း ဒေသဆိုင်ရာလွှတ်တော်အမတ်နှင့် 
သားဖြစ်သူသည်လည်း ဗလီမှ ထွက်လာစဉ် အမည်မသိသည့် 
သေနတ်သမားများပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

သေဆုံးသူ လွှတ်တော်အမတ်သည် ၁၉၄၇ ခုနှစ်အိန္ဒိယမှ ခွဲထွက်ချိန်မှစ၍ 
ပါကစ္စတန်သို့ပြောင်းရွှေ့လာကြသည့် မွတ်ဆလင်များကို ကိုယ် စားပြုသည့် 
ပါတီဝင်တစ်ဦးဖြစ်သည်။

ရဲများအဆိုအရ ပက်ရှဝါတိုက်ခိုက်မှုတွင် လူသုံးဦးပါဝင်ခဲ့ပြီး 
အသေခံဗုံးခွဲသူတစ်ဦးနှင့် ဗလီဝင်းသို့ဝင်ရောက်ရန်ကြိုးပမ်းစဉ် ရဲတစ်ဦးကို
 ပစ်ခတ်ခဲ့သည့် လက်နက်ကိုင်အဖော်နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

မျက်မြင်များက ဗုံးကွဲစဉ် လူ ၂၀၀ခန့် ဗလီထဲတွင်ရှိကြောင်း ပြောကြားကြသည်။

ရဲများက အဖော်နှစ်ဦးသည် အသေခံဗုံးခွဲသူ ဗုံးခွဲပြီးနောက် 
ထွက်ပြေးလွတ်မြောက်သွားကြပြီး ပက်ရှဝါရှိ ချန်ခါနီတဝိုက်တွင် 
လိုက်လံဖမ်းဆီး နေကြောင်း ပြောကြားသည်။
နိုင်ငံတွင်း တီဗီသတင်းတွင်လည်း ဗလီ၏သွေးစွန်းနေသောနံရံများနှင့် 
ကြမ်းပြင်များပါပုံများကို ထုတ်လွှင့်ပြသခဲ့သည်။

ဗုံးဒဏ်ကြောင့် ဖြစ်ပေါ်လာသော နံရံများနှင့် မျက်နှာကြက်ရှိအပေါက်များကို 
ရှင်းလင်းစွာတွေ့မြင်ရသည်။အဝတ်အစားများသွေးရွှဲနစ်နေသည့်ဒဏ်ရာရသူများကို 
ဆေးရုံသို့သယ်နေကြပုံများလည်း မြင်ရသည်။ပါကစ္စတန်ရှီယာလူနည်းစုသည် 
ဆွန်နီစစ်သွေးကြွများပစ်မှတ်ထားတိုက်ခိုက်မှု မကြာခဏခံနေရပြီး ဆွန်နီတို့က 
ရှီအိုက်များသည် ပုံမှန်ယုံကြည်ရာကိုဆန့်ကျင်ယုံကြည်သူများဟု ယူဆကြသည်။

ဗလီများနှင့် စုဝေးရာနေရာများသည် ပက်ရှဝါရှိ ရှီယာလူများစုနေထိုင်ရာ 
ဂတ်ရှန်တွင်ရှိသည့် တိုက်ခိုက်ခံရရာနေရာများဖြစ်ကြသည်။

ပက်ရှဝါသည် အာဖဂန်နယ်စပ်တွင်ရှိ ပြီး အနောက်မြောက်ဘက် 
စစ်သွေးကြွများခြေကုတ်ယူထားသည့် နေရာအနီးတွင် ရှိသည်။စနေနေ့တွင်လည်း 
ကက်တာမြို့တွင်စစ်သွေးကြွတို့၏ တိုက်ခိုက်မှုနှစ်ခုကြောင့် လူ ၂၅ 
ဦးသေဆုံးခဲ့သည်။တိုက်ခိုက်မှုများကို မည်သူပြုလုပ်ကြောင်းမသိသေးသော်လည်း 
ဆွန်နီစစ်သွေးကြွများကို ပြစ်တင်မှုများရှိနေသည်။

မြန်မာ့ခေတ်
ပါကစ္စတန်မြောက်ပိုင်းမြို့တော်ပက်ရှဝါတွင် ရှီယာမွတ်ဆလင်များ၏ဗလီတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆု့းလူ ၁၄ ဦး သေဆုံးခဲ့ကြောင်း ရဲများနှင့် အရာရှိများက ပြောကြားသည်။ဗုံးကွဲမှုကြောင့် လူအယောက် ၂၀ ကျော်ဒဏ်ရာရရှိသွားပြီး သောကြာနေ့ဗလီတက်ဝတ်ပြုစဉ်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
မည်သည့်အုပ်စုကမျှ ဤအမှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း မပြောကြားသေးပေ။

တောင်ပိုင်းမြို့တော်ကရာချီတွင်လည်း ဒေသဆိုင်ရာလွှတ်တော်အမတ်နှင့် သားဖြစ်သူသည်လည်း ဗလီမှ ထွက်လာစဉ် အမည်မသိသည့် သေနတ်သမားများပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

သေဆုံးသူ လွှတ်တော်အမတ်သည် ၁၉၄၇ ခုနှစ်အိန္ဒိယမှ ခွဲထွက်ချိန်မှစ၍ ပါကစ္စတန်သို့ပြောင်းရွှေ့လာကြသည့် မွတ်ဆလင်များကို ကိုယ် စားပြုသည့် ပါတီဝင်တစ်ဦးဖြစ်သည်။

ရဲများအဆိုအရ ပက်ရှဝါတိုက်ခိုက်မှုတွင် လူသုံးဦးပါဝင်ခဲ့ပြီး အသေခံဗုံးခွဲသူတစ်ဦးနှင့် ဗလီဝင်းသို့ဝင်ရောက်ရန်ကြိုးပမ်းစဉ် ရဲတစ်ဦးကို ပစ်ခတ်ခဲ့သည့် လက်နက်ကိုင်အဖော်နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

မျက်မြင်များက ဗုံးကွဲစဉ် လူ ၂၀၀ခန့် ဗလီထဲတွင်ရှိကြောင်း ပြောကြားကြသည်။

ရဲများက အဖော်နှစ်ဦးသည် အသေခံဗုံးခွဲသူ ဗုံးခွဲပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြပြီး ပက်ရှဝါရှိ ချန်ခါနီတဝိုက်တွင် လိုက်လံဖမ်းဆီး နေကြောင်း ပြောကြားသည်။
နိုင်ငံတွင်း တီဗီသတင်းတွင်လည်း ဗလီ၏သွေးစွန်းနေသောနံရံများနှင့် ကြမ်းပြင်များပါပုံများကို ထုတ်လွှင့်ပြသခဲ့သည်။

ဗုံးဒဏ်ကြောင့် ဖြစ်ပေါ်လာသော နံရံများနှင့် မျက်နှာကြက်ရှိအပေါက်များကို ရှင်းလင်းစွာတွေ့မြင်ရသည်။အဝတ်အစားများသွေးရွှဲနစ်နေသည့်ဒဏ်ရာရသူများကို ဆေးရုံသို့သယ်နေကြ
ပုံများလည်း မြင်ရသည်။ပါကစ္စတန်ရှီယာလူနည်းစုသည် ဆွန်နီစစ်သွေးကြွများပစ်မှတ်ထားတိုက်ခိုက်မှု မကြာခဏခံနေရပြီး ဆွန်နီတို့က ရှီအိုက်များသည် ပုံမှန်ယုံကြည်ရာကိုဆန့်ကျင်ယုံကြည်သူများဟု ယူဆကြသည်။

ဗလီများနှင့် စုဝေးရာနေရာများသည် ပက်ရှဝါရှိ ရှီယာလူများစုနေထိုင်ရာ ဂတ်ရှန်တွင်ရှိသည့် တိုက်ခိုက်ခံရရာနေရာများဖြစ်ကြသည်။

ပက်ရှဝါသည် အာဖဂန်နယ်စပ်တွင်ရှိ ပြီး အနောက်မြောက်ဘက် စစ်သွေးကြွများခြေကုတ်ယူထားသည့် နေရာအနီးတွင် ရှိသည်။စနေနေ့တွင်လည်း ကက်တာမြို့တွင်စစ်သွေးကြွတို့၏ တိုက်ခိုက်မှုနှစ်ခုကြောင့် လူ ၂၅ ဦးသေဆုံးခဲ့သည်။တိုက်ခိုက်မှုများကို မည်သူပြုလုပ်ကြောင်းမသိသေးသော်လည်း ဆွန်နီစစ်သွေးကြွများကို ပြစ်တင်မှုများရှိနေသည်။

မြန်မာ့ခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D