သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 20, 2013

ကြွက်

ခုတစ်လော တော်တော်လေး စိတ် အနှောင့်အယှက် ဖြစ်ရပါတယ် ။ တကယ်ဆိုသူတို့ ဘယ်က လာတယ် ဆိုတာ (ဟိုဘက်အိမ်ကလာမှန်း) သိပေမယ့် ပြန်နှင်ထုတ်ဖို့ လည်းတော်တော် ခက်တယ် ။ ဆိုတော့ သူတို့ကို လာတုန်းကတော့ တစ်ကောင် နှစ်ကောင်တည်းရယ်။
အလွန်ဆုံးရှိမှ သုံး လေးကောင်ပေါ့။ သိပ်တော့ မဆိုးလောက်ပါဘူး ဆိုပြီးကိုယ်လည်း အကုသိုလ် မဖြစ်ချင်တာနှင့်ပဲ ဒီအတိုင်းထားလိုက်တာ ခုဆို တော်တော်လေး အကောင် အရေအတွက် ပွားများလာလိုက်တာ ကြောက်ခမန်းလိလိ ပါပဲဗျာ။ ဒီ
တော့ ကျွန်တော်လည်း သူတို့လာရာ ဟိုဘက်အိမ်ကို ပြန်ပြောတယ် ခင်ဗျ ။

ဒီမှာ ခင်ဗျားတို့အိမ်က ကြွက်တွေ ကျွန်တော့်အိမ်မှာ အတော် ပေါက်ဖွားနေကြတယ်။ ခင်ဗျားတို့ ပြန်ခေါ်ပေး မလား ၊ ကျွန်တော် ကိုယ်တိုင် ပို့ ပေးရမလား ဆိုတော့ ဟိုဘက်အိမ်ကလည်း သူတို့အိမ်မှာလည်း  ဒီလို အကောင်မျိုးတူတွေ ရှိပေမယ့် ဒါသူတို့အိမ်ကကြွက်တွေမဟုတ်ပါဘူး ဆိုပြီး ဗြောင်ငြင်းတယ် ခင်ဗျ ။ ကျွန်တော်လည်း အတော် ကိုစိတ်ပျက်သွားတယ်။ သူတို့က ပေါက်ဖွားရုံ တင်မက ဟိုဘက်က ထပ်ပြီး ကူးလာ တဲ့ အကောင်တွေကိုပါ အကူအညီပေးပြီး အိမ်မှာ ဒုက္ခပေးတဲ့ အဆင့်ထိ ရောက်လာကြပြီ
လေ ။ စားကောင်းခြင်းလည်း မစားရ။ နေကောင်းခြင်းလည်း မနေရ ။

အိပ်ကောင်းခြင်းလည်း မအိပ်ရ ။ အိမ်က ကလေးတွေ ကိုလည်း လစ် လျှင် လစ်သလို ခြေ ကို ကိုက်၊
လက်ကို ကိုက် လိုက်နှင့် အန္တရာယ်ကလည်း ပြုသေးတယ်။ အဆိုး ဆုံးက ဘုရားစင်အပေါ်အထိ တက်ပြီး သောင်းကျန်းတာတို့ တရား စာအုပ်တွေကို ကိုက်ဖျက်တာ တို့ အထိ အကောင် အရေအတွက် များလာတော့ တော်တော်လေး ၊ဆိုးရွား လာကြတာ တကယ် စိတ်ပျက်စရာကောင်းပါတယ်။

အိမ်မှာလည်း ဟိုနေရာအပေါက် ဒီနေရာ အပြဲ ၊ တော်တော်လေး ကိုယ့် ပတ်ဝန်းကျင်ကို အနှောင့်အယှက်   ဖြစ် လာတော့ ကျွန်တော်လည်း ဒီအကောင်တွေကို ရွံရှာမိသလိုဒေါသလည်း ဖြစ်ရတာပေါ့။ စဉ်းစားကြည့်ပေါ့ဗျာ ၊ ဒီအတိုင်းထား ဖို့ဆိုတာ ကလည်းဒီကောင်တွေရဲ့ ပေါက်ဖွားနှုန်းနှင့် ကူးစက်ရောဂါတွေက ကိုယ့် ကလေးတွေ ကိုလည်းအန္တရာယ် ဖြစ်စေနေတော့ ဒီအကောင်တွေကို မျိုးတုန်း သွားတဲ့ အထိ နှိပ်ကွပ် ချင်မိတာ အမှန်ပဲ ။ ဒါပေမယ့် ဒါကလည်း သတ္တဝါတစ်ခုကို သတ်ဖြတ် အကြမ်းဖက် ရတာဆိုတော့ ကိုယ်လည်း အကုသိုလ် အတုန်းလိုက်အတစ်လိုက် ရနိုင်တာမို့ မဖြစ်ချေပြန်ပါဘူး ။ အကုသိုလ် ရနိုင်တယ်ဆိုပြီး ကိုယ့်အိမ်မှာ ဆက်ထားဖို့ကလည်း မဖြစ်နိုင်။ ဒီတော့ ဒီပြဿနာကို ဖြေရှင်းနိုင် ဖို့ သေချာပြန်စဉ်းစား ချင်ပါတယ် ။

ဆိုတော့ ဒီကောင်တွေ ရောက်လာတယ် ။ ကျွန်တော့် အိမ်က ဆင်းရဲတယ် ဆိုတဲ့အနေအထားမျိုး စားရင်းဝင်ပါတယ် ။ ဒါပေမယ့် ဒီကောင်တွေ အတွက် နေစရာ နေရာရနေတယ် ။ စားစရာ အတွက်ကလည်း ဆီဦးထောပတ် မပေါလှပေမယ့် ဒီ အကောင်တွေအတွက်တော့၊ဖူလုံနေတယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်နေ တယ်။ကောင်းကောင်းမျိုးပွားနေနိုင်တဲ့အပြင် နောက်ထပ် အဆွေအမျိုးတွေကိုတောင် ဒီအိမ်မှာ အနေအစား
ချောင်တယ် ဆိုပြီး လက်ထောက်ချ ၊ ဧည့်ထောက်ခံနေကြ ၊ ကာကွယ်ပေးနေကြ တဲ့သဘောမျိုး ဖြစ်နေ တယ် ။ ဒီအနေ အထားကို ပြောင်းလဲနိုင်အောင် ကျင့်သုံးနိုင်မယ်ဆိုလျှင်ပေါ့ ...။

အကယ်၍သာ သူတို့နေစရာ နေရာအတွက် ကျွန်တော့် အိမ်မှာရှိတဲ့ ချောင်ကြိုချောင်ကြားတွေ သေချာ ရှင်းလင်းနိုင်မယ် ဆိုလျှင် အကယ်၍သာ သူတို့ စားစရာ ဝမ်းရေးအတွက် ကျွန်တော့်အိမ်မှာ စားသောက် ဖွယ်ရာတွေကို လုံခြုံအောင်သိမ်းဆည်းမယ် ။ အမှိုက်သရိုက် စားကြွင်းစားကျန်တွေက အစသေချာ စနစ် တကျ ဂရုတစိုက် သိမ်းဆည်းနိုင်မယ် ဆိုလျှင် အကယ်၍သာ နောက်ထပ်ကြွက်မျိုးနွယ်တွေ မရောက်လာနိုင်အောင် သေသေချာချာအပေါက်တွေကို စိစစ် ပိတ်ဆို့နိုင်မယ် ဆိုလျှင် .... ။

ကျွန်တော် ဥာဏ်မှီသလောက်လေး စဉ်းစားမိတာပါ။အကယ်၍သာ စာဖတ်သူဆိုလျှင်
မည်သို့ ဆောင်ရွက်မည်နည်း ။

မိမိ၏ ပတ်ဝန်းကျင်၌ ကြွက်အန္တရာယ် ကင်းဝေးနိုင်ကြပါစေသောဝ် ။

ဦးယဉ်ကျေး ။ ။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D