သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 20, 2013

ကေတီဗွီဓာတ်ပုံကိစ္စ ဖြေရှင်းတောင်းပန်ခြင်း

သလ္လာဝတီတိုင်းမ်မှ ဟိုနေ့ကတင်ခဲ့သော ကေတီဗွီရှေ့ ရိုက်ပွဲသတင်းနှင့်အတူ တွဲတင်ထားသောပုံသည် မုံရွာမှမဟုတ် ဘဲ ဗီယက်နမ်မှပုံသာ ဖြစ်ပါသည်။ သတင်းသည် ကေတီဗွီသတင်းဖြစ်သောကြောင့် သတင်းဓာတ် ပုံ လိုသဖြင့် Google Image တွင် ကေတီဗွီဟု ရိုက်ထည့်ရှာရာမှတစ်ဆင့် အဆိုပါပုံ ကို  တွေ့ရှိကာ ကောက်ယူသုံးစွဲခဲ့ခြင်းဖြစ်သည်။

ထိုပုံသည် မုံရွာမှပုံဖြစ်ပါသည်ဟူ၍လည်း သတင်းတွင် ဖော်ပြခြင်း မပြုခဲ့ပါ။ မြန်မာပြည်မှမ ဟုတ်သောကြောင့်   မိန်းကလေးများ၏ မျက်နှာများကို ဖုံးအုပ်ခြင်းများ မလုပ်ဘဲ ရှက်ဖွယ်ရာများကိုသာ ဖုံးအုပ် ခဲ့သည်။

သို့သော်လည်း ပေးပို့လာသော ခြိမ်းခြောက်စာများ၊ Comment ပေးသူအချို့၏ တုံ့ပြန်မှုများတွင် မုံရွာမြို့ကို သိက္ခာချသည်ဟုဆိုကာ ရေးသားပြောဆိုခြင်းများ၊ မီဒီယာကျင့်ဝတ်နှင့် မညီဘူးဆိုပြီး ပြောဆိုခြင်းများ၊ ထင်ယောင်ထင်မှားဖြစ်အောင် လိမ်လည်ထားတယ်ဟု စွပ်စွဲခြင်းများကို တွေ့ရသည်။

မုံရွာမြို့အား တရားဥပဒေစိုးမိုးစေလိုခြင်း၊ ပြည်သူများ နိုင်ထက်ပြုကျင့် မတရားခံရခြင်းများမှ ကွယ်ပျောက်စေလိုခြင်း၊ မြို့အား တည်ငြိမ်တိုးတက်စေလိုခြင်း တို့ကြောင့်သာ ဤသလ္လာဝတီတိုင်းမ်စာမျက်နှာကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အများပြည်သူ ကောင်းကျိုးကိုသာ ရှေးရှုသည့် သတင်းများကိုသာ ဖော်ပြသွားမည်ဖြစ်သည်။ သို့သော် လူတစ်စု၏ကိုယ်ကျိုးစီးပွားသည် အများပြည်သူများ ထိခိုက်နစ်နာရမှုများဖြစ်ပေါ်လာပါက၊ အာဏာပိုင်များထဲမှ ရာထူးအာဏာ တလွဲအသုံးချမှုများ ဖြစ်ပေါ်လာပါက၊ ၊ အုပ်ချုပ်ရေးမဏ္ဍိုင် တိမ်းစောင်းနေပါက၊ တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေပါက အထူး(အထူး)လိုအပ်လျှင် ယခုကဲ့သို့ စာနယ်ဇင်းကျင့်ဝတ်ကိုပင်လျှင် ငဲ့ကြည့်မည်မဟုတ်ဘဲ အပြုတ်တိုက်သွားမည်ဖြစ်သည်။

ရောဂါမဖြစ်ခင်က ကြိုတင်ကာကွယ်မှု လုပ်ဖို့လိုပါသည်။

စာဖတ်ပရိတ်သတ်အား အစဉ်ရိုသေလေးစားလျက်
တာဝန်ခံအယ်ဒီတာ
သလ္လာဝတီတိုင်းမ်
From: သလ္လာဝတီတိုင်းမ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D