သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 20, 2013

"မျိုးစောင့်ဥပဒေသည် လူအခွင့်အရေး အမျိုးသမီးအခွင့်အရေး အပြည့်ပေးထားပါသည် "

ဤမျိုးစောင့်ဥပဒေကိုပြဋ္ဌာန်းနိုင်ဖို့အတွက် ဘုန်းဘုန်းတို့ခိုးကြောင်ခိုးဝှက်နဲ့ လျှို့ဝှက်လုပ်ေ ဆာင်နေခြင်း မဟုတ်ပါ..။ ဒီစာအုပ်ထဲမှာ မျိုးစောင့်ဥပဒေပြဋ္ဌာန်းသင့်တဲ့ အကြောင်းအရာ အားလုံးထည့်သွင်းရေး သားပြထားပါတယ်..။ ဒီစာအုပ်ကိုလည်း မြန်မာပြည်သူအားလုံး ဖတ်ဖြစ်အောင်ဖတ်သင့်တဲ့ စာအုပ် တစ်အုပ်ပါ..။ ဖတ်ပြီးတော့လဲ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့အတွက် လက်မှတ်ထိုးဖြစ်အောင် ထိုးကြပါလို့ တိုက်တွန်းပါရစေ...။



လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရပါသည်ဟု ပြောသူတို့သိစေရန် အနည်းငယ်တင်ပြ လိုက်ပါတယ်...
၁။ အစ္စလာမ်ဘာသာဝင်နှင့် ထိမ်းမြားခြင်း (စာအုပ်-စာမျက်နှာ၄၀) မူဆလင်တစ်ယောက်အနေဖြင့် အစ္စလာမ် ဘာသာကို ယုံကြည်ကိုးကွယ်သည့် (ကီတာဘီ) မဟုတ်သူနှင့် တရားဝင်ထိမ်းမြားခြင်း မပြုနိုင်ပေ ...။ (က)အစ္စလာမ်ဘာသာဥပဒေအရ ဘာသာကွဲနှင့် လုံးဝလက်ထပ်ခွင့်မပြုကြောင်း ၎င်းတို့၏ ဥပဒေပြဋ္ဌာန်း ထားခြင်း။ (ခ) အစ္စလာမ်ဘာသာတွင် ဘာသာကွဲဖြစ်သူသည အစ္စလာမ်ဘာသာ သို့တရား ၀င်းကူးပြောင်း ပြီးသည့်အခါမှသာလက်ထပ်ခွင့် ရရှိခြင်း။

၂။ ဟိန္ဒူဘာသာဝင်နှင့်ထိမ်းမြားလက်ထပ်ခြင်း ဟိန္ဒူဘာသာတွင် (၁)ဗြဟ္မဏ၊(၂) ခတ္တိယ၊(၃) ဝေဿ၊ (၄)သုဒ္ဓ-ဟူ၍ဇာတ်လေးမျိုးရှိရာဟိန္ဒူ ဘာသာဝင်အချင်းချင်းပင်ဇာတ်မတူပါက ထိမ်းမြားခြင်းမပြုရန် စီရင်ထုံးဟောင်းများက ပြဋ္ဌာန်းထားသည်..။

၃။ ခရစ်ယာန်ဘာသာဝင်နှင့် ထိမ်းမြားခြင်း "ခရစ်ယာန်ဘာသာထိမ်းမြားခြင်း ဥပဒေ"ပုဒ်မ ၄ အရ ခရစ်ယာန်နှင့် ခရစ်ယာန်မဟုတ်သူတစ်ဦး ထိမ်းမြားခြင်း ပြုနိုင်သည်။ သို့ရာတွင် ထိမ်းမြားခြင်းကို ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင်လည်းကောင်း၊ထိမ်းမြားခြင်း မှတ်ပုံတင်အရာရှိရှေ့တွင်လည်းကောင်း၊ ထုံးပုံနည်းလမ်းတကျ ထိမ်းမြားမှသာလျှင် တရားဝင်သည် ယင်းကဲ့သို့ ထုံးပုံနည်းလမ်းတကျ ထိမ်းမြားမှု မှအပ အခြားနည်းထိမ်းမြားမှုများ တရားမ၀င်..။ ဖောက်ဖျက်ကျူးလွန်လျှင် (သို့) မလိုက်နာလျှင်   ထောင်ဒဏ် များ ငွေဒဏ်များ အမျိုးမျိုး ချမှတ်ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေး ဆိုသူတွေကို ဘုန်းဘုန်းမေးပါရစေ... ထိုသို့ အခြားဘာသာဝင်တို့ ခုလိုဥပဒေပြဋ္ဌာန်းထာြး ခင်းကို ကမ္ဘာပေါ်မှာဘယ်နိုင်ငံကများ လူ့အခွင့်အရေးနှင့် မညီပါဘူး..။ အမျိုးသမီး အခွင့်အရေး အချိုးဖောက်ခံရပါတယ်လို့ အော်သံကြားဖူးကြပါသလဲ..။ သူတို့လို ဘုန်းဘုန်းတို့က ကိုယ့်အမျိုးဘာသာသာသနာကို ထိန်းသိန်းကူညီ စောင့်ရှောက်ဖို့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ပြင် ဆင်ကာရှိပါသေးတယ်.. လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေးဆိုပြီး ၀ိုင်းအော်လိုက်တာ..။

ဘုန်းဘုန်းကတော့ရှင်းရှင်းပြောမယ်.. ဘယ်သူတွေ ဘာပဲပြောပြောမျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ဖို ဆက်လက် ကြိုးစားသွားမယ်..။ ဒီမျိုးစောင့်ဥပဒေ ဖြစ်ပေါ်ဖို့အတွက်နိုင်ငံတော်သံဃမဟာနာယက အင်းစိန်ရွာမ ဆရာတော်ကြီးတို့ ဥပဒေပညာရှင်တွေကိုဖိတ်ခေါ်ပြီးမှ စီစဉ်ဆောင်ရွက်ခဲ့တာပါ..။ဒီမျိုးစောင့်ဥပဒေကို ရှိသင့်ရှိထိုက် ဖြစ်သင့်ဖြစ်ထိုက်လို့ လူပညာရှိ ရဟန်းပညာရှိတွေ အားလုံးဝိုင်းဝန်းဆောင်ရွက်နေကြ တာပါ..။

ဒီမျိုးစောင့်ဥပဒေကိုသာပြဋ္ဌာန်းနိုင်ခဲ့ပြီ ဆိုရင် ဘာသာပေါင်းစုံ အားလုံးအတူယှဉ်တွဲနေထိုင်ပြီး အခုဖြစ်နေ ကြတဲ့ပြဿနာတွေ အဓိကရုဏ်းတွေ လုံးဝမဖြစ်နိုင်တော့ဘူးလို့ .. ဘုန်းဘုန်းတို့ လုံးဝယုံကြည်ပါတယ်..။

ဦးနရပတိ ဆရာတော် ငြိမ်းချမ်းရေးပရိယတ္တိစာသင်တိုက်20- 6 -2013

မောင်ကာဠု

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D