သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, June 18, 2013

အခြေခံပညာ ကျောင်းအချို့ စာသင်ခန်းမလောက်၍ အခက်ကြုံ

Tuesday, 18 June 2013
မန္တလေး တိုင်းဒေသကြီး အတွင်းရှိ အခြေခံပ ညာ ကျောင်းအချို့ တွင်ကျောင်းသား ဦးရေနှင့် စာသင်ဆောင် မမျှတသဖြင့် သင်ကြားရေးပိုင်းတွင် အခက်အခဲ တွေ့လျက် ရှိကြောင်း အဆိုပါ အခြေ ခံပညာ ကျောင်းဆရာ၊ ဆရာမများထံမှ စုံစမ်း သိရှိ ရသည်။

 ပြည်ကြီးတံခွန် မြို့နယ်ရှိ အ.မ.က (၁၆) တွဲဖက် အလယ်တန်းကျောင်းကို လက်ရှိ ၂၀၁၃ -၂၀၁၄ ပညာသင်နှစ်တွင် အ.လ.က (၂၃) အလယ် တန်းကျောင်း အဖြစ်တိုးချဲ့ဖွင့် လှစ်ခဲ့သောကြော င့် ကျောင်းသားဦးရေနှင့် ညီမျှရန် နှစ်ထပ်ကျောင်းဆောင် တည်ဆောက်ရန် လိုအပ်လျက် ရှိကြောင်း အဆိုပါ အလယ်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နုနုရီကပြောကြားသည်။

အဆိုပါ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀၀ ကျော်ရှိပြီး စာသင်ခန်း လုံလောက်မှု မရှိသဖြင့် အခန်းနှစ်ခန်းစာ ပေါင်း၍ တစ်ခန်းတည်းစုပြီး သင်ကြားရကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

“နှစ်စကတည်းက နှစ်ထပ်ကျောင်းဆောင် ဆောက်ပေးမယ်လို့ သိရတယ်။ အဆောက်အအုံနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဘာမှအကြောင်း မကြားသေးဘူး”ဟု ဆရာမဒေါ်နုနုရီက ဆိုသည်။


လက်ရှိ အချိန်တွင် ကျောင်းသားဦးရေ ဝင်ဆံ့မှု မမျှတသဖြင့် စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသားဦးရေ ၁၀၀ ခန့်ရှိပြီး စာသင်ကြားရာတွင် အဆင်မပြေမှု များစွာရှိကြောင်း မန္တလေးမြို့တော်ရှိ ကျောင်းဆရာ တစ်ဦးက ပြောကြားသည်။

“A ခန်းနဲ့ B ခန်း နှစ်ခန်းပေါင်းပြီး သင်ရတယ်။ ဆရာဝင်တဲ့ အပေါက်ကလည်း ကျဉ်းတယ်။ သွားရလာ ရတာတော့ အဆင်မပြေဘူး” ဟု ၎င်းကထပ်မံ ပြောကြားသည်။

စာသင်ဆောင် အရေအတွက် နည်းပါးပြီး ကျောင်းသားဦးရေ များပြားလျက် ရှိသောကြောင့် ပုံမှန်အားဖြင့် တစ်ခန်းလျှင် လူဦးရေ ၇၀ ခန့် ထားရမည့်အစား စာသင်ခန်း မလုံလောက်သည့်အတွက် ကျောင်းသား ဦးရေ ၁၀၀ ခန့် ထားရှိရကြောင်း ကျောင်းအုပ် ဆရာမကြီးက ထပ်မံပြောကြားသည်။

စာသင်ကျောင်းဆောင် အချို့ကို ကျောင်းအကျိုးတော်ဆောင် အဖွဲ့က ယာယီ ကျောင်းဆောင် များ ဆောက်လုပ်ထား၍ သင်ကြားရကြောင်း ယင်းကျောင်းအကျိုးတော်ဆောင် ဦးမြင့်ကျော်က ပြောကြား သည်။

“အဆောက်အအုံ မလုံလောက်တာကို တင်ပြထားတာတော့ ရှိတယ်။ ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားချက် တစ်စုံတစ်ရာ တိုင်းရုံးကို မရောက်လာသေးပါဘူး”ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စာသင်ကျောင်းဆောင် မလောက်သည့်အတွက် နွေရာသီ ပူပြင်းသည့် အချိန်များ၌ သစ်ပင်အရိပ်များတွင် သွားရောက် သင်ကြား ကြကြောင်းကျောင်းဆရာတစ်ဦးက ထပ်မံပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွင်း တန်းခွဲ အဆင့်မြှင့်တင် ပေးခဲ့သည့် အခြေခံပညာ ကျောင်းပေါင်း ၃၀၀ ကျော် ရှိကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D