သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, June 21, 2013

NLD ရုံးခန်းတွင်း မုဒိန်းမှု ကွင်းလုံးကျွတ် လွတ်မြောက်သော်လည်း MRTV-4 မင်းသမီး အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ၄ ကျခံရ

NLD ရုံးခန်းတွင်း မုဒိန်းမှု ကွင်းလုံးကျွတ် လွတ်မြောက်သော်လည်း MRTV-4 မင်းသမီး အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ၄ ကျခံရ ကြောင်း သတင်းရရှိသည်။
6.20.21
6.20.21

အိမ်အကူမလေး သေဆုံးမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခြင်း ခံထားရသည့် သရုပ်ဆောင် မေဇွန်အား ဇွန် ၂၀ ရက်က အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

သရုပ်ဆောင် မေဇွန်အား အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး (၃) မှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၉ နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်သုံးလနှင့် ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၁ လ တို့ကို သီးခြားကျခံစေရန်နှင့် ချုပ်ရက်ကို ထုတ်နုတ်ခံစားစေပြီး အယူခံဝင်ခွင့် ရှိကြောင်း ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက် ညက အိမ်ဖော်မလေးသေဆုံးမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရခဲ့ရပြီး ဇွန် ၂၀ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒဏ်အပေါ် တရားခံ၏ ရှေ့နေဖြစ်သူ ဦးအောင်မြင့်က ''ဒီပြစ်ဒဏ်က ပြင်းထန်တယ်လို့ ထင်မိပါတယ်။ နောက်ပြီး မေဇွန်က ကျောင်းတက်နေဆဲ ကျောင်းသူဖြစ်ပြီး ငယ်ရွယ်တဲ့သူ ဖြစ်တာရယ်၊ အရင်က ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ဖူးတာရယ်ကြောင့် ဒီပြစ်ဒဏ်အပေါ် သက်ညှာပေးဖို့ အယူခံ တက်သွားမှာပါ'' ဟု ဇွန် ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

သေဆုံးခဲ့သည့် မနုနုလွင်သည် နောက်စေ့၊ လက်မောင်း၊ ပခုံးတို့တွင် ဖူးယောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်ဖျံ၊ ညာလက်ကောက်ဝတ်နှင့် ၀ဲပါးစောင်းတွင် သွေးခြည်ဥသည့် ဒဏ်ရာများနှင့်တကွ အရေပြားတွင် အစင်းရာများ တွေ့ရှိခဲ့ကြောင်း၊ သေဆုံးပြီး ရင်ခွဲ စစ်ဆေးချက်အရ သေဆုံးသူသည် ရရှိသည့် ဒဏ်ရာများကြောင့် ကျောက်ကပ်ပျက်စီးပြီး ဇီဝကမ္မ ဖြစ်စဉ်အရ စိတ်ဓာတ်ကျဆင်း၍ သေဆုံးနိုင်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ဆေးစာတွင် ဖော်ပြချက်အရ စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါ တရားသူကြီးက ဆိုသည်။

အခြားအိမ်အကူဖြစ်သည့် မဇင်ဇင်ထိုက်၏ ထွက်ဆိုချက်အရ မေဇွန်သည် အိမ်အကူများအား မကြာခဏ နှိပ်စက်ခဲ့ကြောင်းနှင့် မေဇွန်သည် ကျောင်းကိစ္စ အရေးကြီးသဖြင့် ခရီးထွက်စဉ် သော့မှာ ၎င်းနှင့်အတူ ပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် အခန်းထဲတွင် သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး မေဇွန်နှိပ်စက်သဖြင့် သေဆုံးရခြင်းသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည်ဟု တရားသူကြီးက ပြောကြားခဲ့သည်။

ထို့ပြင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်ဖော်များအား ညှဉ်းပန်းနှိပ်စက်မှုများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်၊ နံရံများဖြင့် ရိုက်ခြင်း၊ ပက်လက် လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းများနှင့် အိမ်ဖော်များ အချင်းချင်း ကြက်မွေးဖြင့် ရိုက်ခိုင်းခြင်းများ ပြုလုပ်လေ့ ရှိသည်ဟု ရဲစစ်ချက်များတွင် ဖော်ပြထားသည်။


 ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရုံးခန်းရှိ ပညာဒါန ကျောင်းတွင် ဇန်နဝါရီ ၃ ရက်နေ့က ၁၅ နှစ်အရွယ် ဒဿမတန်း ကျောင်းသူ တစ်ဦးကို NLD ပညာဒါန ကျောင်း တာဝန်ရှိသူ တစ်ဦးက အဓမ္မပြုကျင့် ခဲ့ကြောင်း မြို့  နယ် ရဲစခန်းသို့ တိုင်ကြားချက်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးသို့ ပေးပို့ခဲ့သော်လည်း ၆ လ အကြာတွင်း ကွင်းလုံးကျွတ် လွတ်မြောက်သွားခဲ့သဖြင့် တရားစီရင်ရေး မဏ္ဍိုင်  အပေါ် မေးခွန်းထုတ်စရာများရှိနေပြီး မုဒိန်းကျင့်ခံရသူ အသက်မပြည့်သေးသည့် ကျောင်းသူထံသို့ NLD ပါတီဝင်များ အကြိမ်ကြိမ်သွားရောက် နားချကာ ငွေအလုံးအရင်းဖြင့် နှုတ်ပိတ်ခဲ့ကြောင်း နီးစပ်သူများက ပြောကြားလျှက်ရှိသည်။

From : ..  eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D