သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 20, 2013

တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော မျိုးစောင့်ဥပဒေကို ကန့် ကွက်သော ၈၈ နှင့် NLD အမျိုးသမီး တို့ အား သိစေရန်

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးလှုပ်ရှားမှု ကော်မတီ (M.N.M.C) သည် သမိုင်းဝင် အမျိုးသားရေးလှုပ်ရှားမှုဖြစ်သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာ(၁၅) ရက်နေ့ တွင် OIC မြန်မာ့မြေပေါ်တွင် ရုံမစိုက်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်လှုပ်ရှားခဲ့သော
ကော်မတီဖြစ်သည်။ အွန်လိုင်းမှာတင်သာမက မြေပြင်မှာပါ အမျိုးသားရေးကို လှုပ်ရှားဆောင်ရွက်ပြီး အပတ်စဉ် စနေနေ့ တွေ့ ဆုံပွဲလေးများ ဖြစ်မြောက်ရန် ၂-၂-၂၀၁၃တွင် ၀ံသာနုရက္ခိတ စနေလူငယ်များအသင်း(N.P.S.Y.A) ကို ဆရာတော် ရွှေည၀ါ ၏ သြ၀ါဒ ခံယူကာဖွဲ့ စည်းခဲ့ပြီး အပတ်စဉ် စနေနေ့ တွေ့ ဆုံပွဲများဖြစ်မြောက်အောင်  နှင့် ၉၆၉ အမှတ်တံဆိပ်တော်များ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့် ပြန့် ဖြစ်အောင် ဆောင်ရွက်လှုပ်ရှားနေသည့် အမျိုးသားရေး အဖွဲ့ လည်းဖြစ်သည်။
၂။ ထိုသို့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပတ်စဉ်စနေနေ့ တွေ့ ဆုံပွဲများ၊ အမျိုးဘာသာ သာသနာကာကွယ်ဖို့ အမျိုးစောင့် ဥပဒေကို သိက္ခာရ ဆရာတော် ထေရ်ကြီးဝါကြီးများမှ အမျိုးသားရေး အသိစိတ်ဖြင့် စွမ်းဆောင်နေချိန်တွင် ၈၈ နှင့် NLDမှ အမျိုးသမီးများအတွက် အခွင့်အရေး ချိုးဖောက်သည် တင်းကျပ်သည်ဆိုသည်မှာ မည်သည့်အချက်ကိုထောက်၍ ကန့် ကွက်ရပါသနည်း။
၃။ ၈၈ အမျိုးသမီးအဖွဲ့နှင့် NLD အမျိုးသမီးအဖွဲ့များသည် ယခုတလောဖြစ်ေ့နေသာ အရွယ်မရောက်သေးသော မြန်မာအမျိုးသမီးလေးများအပေါ် အကြမ်းဖက် သွေးဆောင်ဖြားယောင်း အဓမ္မလက်ထပ်ခြင်းများ။အောင်ပင်လယ်အမှု။ မြင်းမူအမှု။ ၀က်လက်အမှု များကိုမသိသေး၍လား သိလျှက်နှင့် မသိချင်ယောင်ဆောင် မျက်ကွယ်ပြုလုပ်တာလား။ မသီတာထွေးအမှုကို ရော မေ့သွားပြီလား။
၎။ အမျိုးသားရေး လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်နေချိန်တွင် ဟန့် တားမှု၊ နှောင့်ယှက်မှု၊ လုပ်ငန်းနှောင့်နှေးမှု ကိုဖြစ်စေသော မည်သည့် အဖွဲ့ အစည်း ပါတီကိုမဆို အမျိုးသားရေးစိတ်ဖြင့် ကန့် ကွက်သွားမည်ဖြစ်သည်။
၅။ မြန်မာနိုင်ငံအတွင်းရှိ နာမည်ရ ပါတီ၊ အဖွဲ့ အစည်းများသည် တစ်ခေတ်တစ်ချိန်က နာမည်ကြီးခေါင်းဆောင်များရှိနေခြင်းကြောင့်သာ ပြည်သူများ အားပေးထောက်ခံမှုကို ခံနေရခြင်းဖြစ်ပြီး ထိုခေါင်းဆောင်များ ပျက်သုဉ်းသွားပါက ဆက်လက်ရပ်တည်ရန်ခက်ခဲမည်ဖြစ် သည်။ အမျိုးသားရေးဆိုသည်မှာ ကမ္ဘာမှာ မြန်မာပြည်တည်နေသရွေ့ မြန်မာပြည်သားတိုင်းလုပ်ဆောင်သွားရမည့် ရေရှည်လုပ်ငန်းစဉ် ဖြစ်ပြီး မည်သည့်အကြောင်းကြောင်းကြောင့်မှ ပျောက်ပျက်သွားမည်မဟုတ်ကြောင်း ၈၈ နှင့် NLD အားသိစေအပ်ပါသည်။
၆။ သို့ ဖြစ်ပါ၍ ယခုမန္တလေးမြို့နှင့် နယ်တ၀ိုက်တွင် အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများသည် အမျိုးစောင့်ဥပဒေ အတွက် အင်တိုက်အားတိုက်ကြိုးစားနေချိန်တွင် ယခုကဲ့သို့ ၈၈ နှင့် လက်တစ်ဆုပ်စာ အမျိုးသမီးအချို့ ကန့် ကွက်မှုကို ကျွန်တော်တို့  မန္တလေးမြို့ နှင့် ရန်ကုန်မြို့ မှ သံဃာတော်များနှင့် ဘာသာရေး ပရဟိတ အရေးဆောင်ရွက်နေသော အသင်းများအားမှ ရှုံ့ ချ ကန့်ကွက်လိုက်သည်။
 .
From : ..မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးလှုပ်ရှားမှု ကော်မတီ(ရန်ကုန်)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D